Wednesday, October 02, 2013

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

Wednesday, October 2, 2013
Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အမှုဖြစ်ပွားပုံမှာ ယနေ့မနက် ၆နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ အကွက်(တ-၇)၊ ၆၉လမ်း-နှင်းဆီလမ်းထောင့်၊ အမှတ်(ဏ/၁၆)၊ရှိ Panasonec Co.,Ltd မန္တလေးရုံးခွဲ(ရုံးခန်းနှင့်ဂိုထောင် တွဲ လျှက်)သို့ သက်ပိုင်စိုး ၂၇နှစ်(ဘ)ဦးစိုးတင့်၊ အရောင်းဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန် လာရောက်ခဲ့ သည်။ ရောက်ရှိချိန်တွင် ခြံဝန်းတံခါးမကြီးပွင့်နေသည်ကို တွေ့ရပြီး ခြံဝန်းအတွင်း လူသုံးဦးလဲကျနေသည် ကို တွေ့ရှိသဖြင့် ဒါရိုက်တာ ဦးလှဖုန်းကျော်သို့အကြောင်း ကြားခဲ့သည်။
လဲကျနေသူသုံးဦးမှာ ဦးဟန်သောင်း(၇၀)နှစ်၊ PSS ကုမ္မဏီလုံခြုံရေးဝန်ထမ်း၊ (ဘ)ဦးသာဒွန်း၊ ထန်းတ ပင် ဈေးချိုရပ်ကွက်၊ အမရပူရမြို့၊ ဦးတင်လှိုင်(၅၄)နှစ် PSS ကုမ္မဏီလုံခြုံရေးဝန်ထမ်း၊ (ဘ)ဦးစု၊ သင်ပန်းကုန်း ဈေးချိုရပ်ကွက်၊ အမရပူရမြို့နှင့် ဒေါ်ကြည်ဟန်(စိစစ်ဆဲ) တို့ဖြစ်သည်ဟု သိရသည်။ ၄င်းသုံးဦးမှာမျက်နှာနှင့်ဦးခေါင်းတို့တွင်ထုရိုက်ထားသည့်ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲမှတ်တမ်းများအရသိရသည်။
အဆိုပါသတင်းမှာ ကနဦးသတင်းသာဖြစ်ပြီး အသေးစိပ်အချက်လက်များ မသိရသေးကြောင်း အမှုအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
`လူသေအလောင်းတွေပဲတွေ့တယ်။ ပစ္စည်ပျောက်တာတော့ မတွေ့ရသေးဘူး။ ဘာကြောင့်လုပ်တယ် ဆို တာဆက်လက်စုံးစမ်းဖော်ထုတ်သွားမှာပါ´ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ ၄င်းဖြစ်စဉ်နှင့်ပတ် သတ်ပြီးအမှတ်(၁၁)ရဲစခန်းတွင်(ပ)၄၉၈/၂၀၁၃၊ပုဒ်မ(၃၀၂)အရအမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်း များတွင် ဖော်ပြထားသည်
ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List