Thursday, October 3, 2013
လာမည့် ၂၀၁၄ ခုနှစ်မှစ၍ Free Permit ဖြင့် ကားအသစ်များကိုတင်သွင်းမည်ဆိုပါက ဘယ်မောင်း ကားများကိုသာခွင့်ပြုတော့မည်ဖြစ်သည်ဟုကုန်းလမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။
လာမည့် ၂၀၁၄ ခုနှစ်မှစ၍ Free Permit ဖြင့် ကားအသစ်များကိုတင်သွင်းမည်ဆိုပါက ဘယ်မောင်း ကားများကိုသာခွင့်ပြုတော့မည်ဖြစ်သည်ဟုကုန်းလမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။
လက်ရှိတွင် Brand New Show Room များ အနေဖြင့် ကားများတင်သွင်းရောင်းချရာတွင် ဘယ်မောင်း၊ ညာမောင်းခွဲခြားမှုမရှိဘဲ Free Permit ဖြင့် တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကားတင်သွင်းခွင့်နှင့် ပတ်သက်၍အချိန်တိုင်း ပြောင်းလဲနေမှုများထက် ပြည်သူများအဆင်ပြေစေမည့်ဥပဒေများချမှတ်ကာပုံသေ ဆောင် ရွက်သင့်သည်ဟု ကားဈေးကွက်ကျွမ်းကျင်သူတချို့ကသုံးသပ် ပြောကြား သည်။ လာမည့် နှစ်တွင် CIF တန်ဖိုး များ ၊
မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ မူဝါဒများ ၊ ကားအမျိုးအစား မော်ဒယ်လ်
သတ်မှတ်ချက် များကို အောက်တိုဘာလတွင် စတင်ရေးဆွဲသွားမည် ဖြစ်ကြောင်း
ကုန်းလမ်းပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန မှ သိရှိရသည်။
မြ၀တီ
မြ၀တီ
No comments:
Post a Comment