Tuesday, October 01, 2013

မြန်မာယူ-၂၃ဘောလုံးအသင်းအတွက် ကိုရီးယားနည်းပြနှစ်ဦး ထပ်မံဖြည့်တင်းရန်စီစဉ်

Tuesday, October 1, 2013
မြန်မာ ယူ-၂၃အသင်း အောင်မြင်မှုရနိုင် ရေးအတွက် ကိုရီးယားလူမျိုးနည်း ပြများကို ထပ်မံဖြည့်တင်း ရန်စီစဉ် နေကြောင်း သိရသည်။မြန်မာယူ-၂၃အသင်းအ တွက် လိုအပ်နေသော နည်းပြများ ဖြည့်တင်းပေး ရန် နည်းပြချုပ်ပတ် ဆောင်ဟွာက မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်နှင့် ဆီးဂိမ်းအောင် နိုင်ရေးကော်မတီ ထံသို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဂိုးနည်းပြနှင့် ကာယကုသမှုပြုလုပ်မည့် နည်းပြနှစ်ဦး အား ထပ်မံခေါ်ယူ သွား မည်ဖြစ် ကြောင်းသိရသည်။ဆီးဂိမ်းအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးကျော်က ''ကျွန်တော် တို့ကိုပတ်ဆောင်ဟွာက နည်းပြနှစ်ဦးထပ်ခန့်ပေးဖို့တောင်းဆိုလာပါတယ်။ ဒီနေရာတွေက တစ်ကယ် လိုအပ်တဲ့နေရာ တွေဖြစ်တာကြောင့် ခေါ်ယူဖို့သ ဘောတူခဲ့ပါတယ်။ ပြိုင်ပွဲကာလ မှာ ကစားသမားတွေက နားရက် သိပ်မရဘဲ ပွဲဆက်တွေကစားရမှာ ဖြစ်လို့ ကြံ့ခိုင်မှုကို ပြန်လည်ဖြည့် တင်းနိုင်ဖို့ ကိုယ်ကာယ ကုသမယ့် နည်းပြတစ်ဦးလိုပါတယ်။

ကစား သမားတွေရဲ့အစားအသောက် ပုံစံကိုတော့ ပြောင်းလဲစရာမလို ပါဘူး။ လက်ရှိအချိန်မှာလဲ ဘောလုံး အဖွဲ့ချုပ်ရဲ့ပံ့ပိုးမှုကလဲ အကောင်း ဆုံးပုံစံမှာရှိနေတယ်။ ဦးဇော်ဇော် ကလဲ ဘောလုံးအဖွဲ့ချုပ်မှာ တစ် ကယ်လိုအပ်နေတဲ့ ဥက္ကဋ္ဌတစ်ဦး ပါ။ အရင်ကအတိုင်းသာဆိုရင် မြန်မာအသင်းဟာ အခုအချိန်ဆို ရင် လာအိုအသင်းကိုတောင်နိုင် မှာမဟုတ်တော့ပါ ဘူး။ ကိုရီးယား နည်းပြတွေကိုတော့ လာမယ့် ၁ရ ရက်မှာလုပ်မယ့် လေ့ကျင့်ရေးအ စီအစဉ်ရောက်တော့မှ တွေ့ဆုံ ဆွေးနွေးသွားမှာပါ''ဟုပြောသည်။
Yangon Media Group

No comments:

Post a Comment

My Blog List