Wednesday, October 02, 2013

သူရိယပညာရေးဖောင်းဒေးရှင်းပထမအကြိမ်ကွန်ပြူတာအခမဲ့သင်တန်းဖွင့်

Wednesday, October 2, 2013
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပုညရှင် တောရအပြည်ပြည်ဆိုင်ရာ ၀ိပသနာရိပ်သာ ဘုန်းတော်ကြီးကျောင်း သြ၀ါဒစရိယဆရာတော် ဒေါက်တာ အရှင်ကစ္စာယန ဦးဆောင်သော သူရိယပညာရေး ဖောင်းဒေးရှင်းမှ ပထမအကြိမ် ကွန်ပြူတာအခမဲ့သင်တန်း အခမ်းအနားကို သင်တန်းသား(၁၂၈)ယောက်ဖြင့် အောက်တို ဘာလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ပုညရှင်တောရ အပြည်ပြည်ဆိုင်ရာ ၀ိပသနာရိပ်သာ ဘုန်းတော်ကြီးကျောင်း သြ၀ါဒ စရိယဆရာတော်ဒေါက်တာအရှင်ကစ္စာယနက“ဆယ်တန်းအောင်ပြီးသားဘွဲ့ရပြီးသားလူငယ်တွေကို ဘော လုံးလောင်းကစားပွဲ၊လက်ဘက်ရည် ဆိုင်တွေမှာ အချိန်ကုန်မခံစေဘဲအခမဲ့ကွန်ပြူတာသင်တန်းမှာ အကျိုး ရှိရှိ အသုံးချစေလိုတယ်။ လူငယ်တွေရဲ့ အားနည်းတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ပေးတဲ့အနေနဲ့ ဒီသင်တန်း ကို ဖွင့်ပေးခဲ့တာပါ။ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား လူငယ်တွေ လမ်းဘေး မရောက်စေလိုသဖြင့် ပညာမီအလင်းရောင် ပေးတဲ့သဘောပါ။ ITခေတ်ဖြစ်သည်နှင့်အညီ မိုးညှင်းလူငယ်များအား လုံး ခေတ်နဲ့ ရင်ဘောင် တန်းနိုင်အောင် ခေတ်နောက်မှာ မကျန်ရစ်ကြစေအောင် ရည်ရွယ်ပါတယ်။ သင်တန်းက အခြေခံသာသင်ပေးပြီး အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နိုင်ဖို့ ကွန်ပြူတာ ပညာကို အခမဲ့ဖြန့်ဝေတာပါ”ဟု မိန့်ကြားခဲ့သည်။
မြို့မိမြိုဖနာယက ဦးဇော်ဝင်းက ပြောကြားရာတွင် မိုးညှင်း၌ မည်သည့် နေရာတွင် မရှိခဲ့ဘူးသေးသော သင်တန်းဖြစ်၍ ဆရာတော်၏ မွန်မြတ်လှသည့် စေတနာနှင့် ရည်ရွယ်ချက်သည် နိုင်ငံအတွက် အကျိုး ရှိမည်ဟု ယုံကြည်ပါကြောင်း၊ယနေ့လူငယ်၊နောင်ဝယ်လူကြီးဖြစ်သောကြောင့်နောင် အနာဂါတ် ကောင်းစား ရန် အတွက် လိုအပ်သည်များကို ၀ိုင်းဝန်းကူညီ အကြံပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
သူရိယပညာရေးဖောင်းဒေးရှင်းကို မေလ ၇ရက်နေ့တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အသက်(၃၀)ေ အာက် လူငယ်များသာ ပါဝင်ခွင့်ရပြီး အခမဲ့ပညာသင်ကျောင်း ဖြစ်မြောက်ရန်လည်း ရည်ရွယ်ခဲ့သည်ဟု သူရိယ ပညာရေး ဖောင်းဒေးရှင်း ဥက္ကဋ္ဌ ကိုဇင်မင်းထက်က ပြောခဲ့သည်။
ယင်းသင်တန်းကို တက်ရောက်သူများသည် သင်ကြားလိုစိတ်ရှိရမည်ဖြစ်ပြီး သင်တန်းကိုခွင့်မဲ့(၃)ရက် ပျက် ပါက သင်တန်းမှထုတ်ပယ်မည်ဖြစ်ကြောင်း၊ သင်ကြားသင်တန်းကာလမှာ ၁လခွဲဖြစ်ပြီး သင်တန်းသား (၁၂၈)ယောက်အား တစ်နေ့(၆)ချိန်ခွဲ၍ သင်ကြားမည်ဖြစ်ကြောင်းအပါအဝင် သင်တန်းစည်းကမ်းများကို သင်တန်းမှူး ရှိန်းထက်နိုင်ကပြောခဲ့သည်။
၎င်းပထမအကြိမ် သင်တန်းတွင် အောင်မြင်ခဲ့သော သင်တန်းသား(၃)ဦးကို ရွေးချယ် ၍မဖွံ့ဖြိုးသေးေ သာ ကျေးရွာများကို သွားရောက်သင်ကြား ဒါနပြုမည်ဖြစ်ကြောင်းလည်း ဆက်လက် သိရသည်။
Photo: သူရိယပညာရေးဖောင်းဒေးရှင်းပထမအကြိမ်ကွန်ပြူတာအခမဲ့သင်တန်းဖွင့်  Wednesday, October 2, 2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပုညရှင် တောရအပြည်ပြည်ဆိုင်ရာ ၀ိပသနာရိပ်သာ ဘုန်းတော်ကြီးကျောင်း သြ၀ါဒစရိယဆရာတော် ဒေါက်တာ အရှင်ကစ္စာယန ဦးဆောင်သော သူရိယပညာရေး ဖောင်းဒေးရှင်းမှ ပထမအကြိမ် ကွန်ပြူတာအခမဲ့သင်တန်း အခမ်းအနားကို သင်တန်းသား(၁၂၈)ယောက်ဖြင့် အောက်တိုဘာလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ပုညရှင်တောရ အပြည်ပြည်ဆိုင်ရာ ၀ိပသနာရိပ်သာ ဘုန်းတော်ကြီးကျောင်း သြ၀ါဒစရိယ ဆရာတော်ဒေါက်တာအရှင်ကစ္စာယနက “ဆယ်တန်းအောင်ပြီးသား ဘွဲ့ရပြီးသားလူငယ်တွေကို ဘောလုံးလောင်း ကစားပွဲ၊လက်ဘက်ရည် ဆိုင်တွေမှာ အချိန်ကုန် မခံစေဘဲ အခမဲ့ ကွန်ပြူတာ သင်တန်းမှာ အကျိုးရှိရှိ အသုံးချစေလိုတယ်။ လူငယ်တွေရဲ့ အားနည်းတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ပေးတဲ့အနေနဲ့ ဒီသင်တန်းကို ဖွင့်ပေးခဲ့တာပါ။ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား လူငယ်တွေ လမ်းဘေး မရောက်စေလိုသဖြင့် ပညာမီအလင်းရောင် ပေးတဲ့သဘောပါ။ ITခေတ်ဖြစ်သည်နှင့်အညီ မိုးညှင်းလူငယ်များအားလုံး ခေတ်နဲ့ရင်ဘောင် တန်းနိုင်အောင် ခေတ်နောက်မှာ မကျန်ရစ်ကြစေအောင် ရည်ရွယ်ပါတယ်။ သင်တန်းက အခြေခံသာ သင်ပေးပြီး အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ဖို့ ကွန်ပြူတာ ပညာကို အခမဲ့ဖြန့်ဝေတာပါ”ဟု မိန့်ကြားခဲ့သည်။

မြို့မိမြိုဖနာယက ဦးဇော်ဝင်းက ပြောကြားရာတွင် မိုးညှင်း၌ မည်သည့် နေရာတွင် မရှိခဲ့ဘူးသေးသော သင်တန်းဖြစ်၍ ဆရာတော်၏ မွန်မြတ်လှသည့် စေတနာနှင့် ရည်ရွယ်ချက်သည် နိုင်ငံအတွက် အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဖြစ်သောကြောင့် နောင်အနာဂါတ် ကောင်းစားရန်အတွက် လိုအပ်သည်များကို ၀ိုင်းဝန်းကူညီ အကြံပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

သူရိယပညာရေးဖောင်းဒေးရှင်းကို မေလ ၇ရက်နေ့တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အသက်(၃၀)အောက် လူငယ်များသာ ပါဝင်ခွင့်ရပြီး အခမဲ့ပညာသင်ကျောင်း ဖြစ်မြောက်ရန်လည်း ရည်ရွယ်ခဲ့သည်
ဟုသူရိယ ပညာရေး ဖောင်းဒေးရှင်း ဥက္ကဋ္ဌ ကိုဇင်မင်းထက်က ပြောခဲ့သည်။

ယင်းသင်တန်းကို တက်ရောက်သူများသည် သင်ကြားလိုစိတ်ရှိရမည်ဖြစ်ပြီး သင်တန်းကိုခွင့်မဲ့(၃)ရက် ပျက်ပါက သင်တန်းမှ ထုတ်ပယ်မည်ဖြစ်ကြောင်း၊ သင်ကြားသင်တန်းကာလမှာ ၁လခွဲဖြစ်ပြီး သင်တန်းသား(၁၂၈)ယောက်အား တစ်နေ့(၆)ချိန်ခွဲ၍ သင်ကြားမည်ဖြစ်ကြောင်းအပါအဝင် သင်တန်းစည်းကမ်းများကို သင်တန်းမှူး ရှိန်းထက်နိုင်ကပြောခဲ့သည်။

၎င်းပထမအကြိမ် သင်တန်းတွင် အောင်မြင်ခဲ့သော သင်တန်းသား(၃)ဦးကို ရွေးချယ် ၍မဖွံ့ဖြိုးသေးသော ကျေးရွာများကို သွားရောက်သင်ကြား ဒါနပြုမည်ဖြစ်ကြောင်းလည်း ဆက်လက် သိရသည်။

သီဟအောင်(ကချင်)
မြန်မာ့ခေတ်
သီဟအောင်(ကချင်)
မြန်မာ့ခေတ်

No comments:

Post a Comment

My Blog List