Friday, October 04, 2013

ယခုဘဏ္ဍာ နှစ် ခြောက်လ အတွင်း လေဆိပ် ၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရမိမှု ကျပ်သိန်း ၂၂၁၈၂ ဒသမ ၄ သိန်းဖိုး ခန့်အထိရှိ

Friday, October 4, 2013
၂၀၁၃- ၂၀၁၄ ယခုဘဏ္ဍာနှစ် ခြောက် လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ တရား မဝင်ကုန်ပစ္စည်းဖမ်းဆီးရမိမှု စုစု ပေါင်းတန်ဖိုးကျပ်သိန်း ၂၂၁၈၂ ဒသမ ၄သိန်းဖိုးခန့် ဖမ်းဆီးရမိ ခဲ့ ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သတင်းရရှိသည်။
ယင်းဖမ်းဆီးရမိမှုများမှာ ဧပြီ ၁ရက်မှ စက်တင်ဘာ ၃၀ ရက်အထိဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၊ ရေဆိပ် များမှ တရားမဝင်ကုန် သွယ်မှု ကြောင့် အမှုတွဲ ၁၆၈ မှု တန်ဖိုး ငွေကျပ်သိန်း ၈၇၅၃ ဒသမ ရ သိန်းခန့်နှင့် နယ်စပ်ဝင်ပေါက် များမှ တရားမဝင်ကုန်သွယ်မှု ကြောင့် အမှုတွဲ ၂၁၆ မှုတန်ဖိုး ငွေကျပ်သိန်း ၁၃၄၂၈ ဒသမ ရ သိန်းခန့်ဖမ်းဆီးရမိခဲ့ကြောင်းအကောက်ခွန်ဦးစီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။ ယင်းက''ယခုဘဏ္ဍာနှစ် ခြောက်လအတွင်းမှာ ရေဆိပ်၊ လေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်တွေ က တရားမဝင်တင်သွင်းလာတဲ့ ကုန်ပစ္စည်းကျပ်သိန်း ၂၀၀၀၀ ကျော်ဖိုးလောက် ဖမ်းဆီးနိုင်ခဲ့ တယ်။ ဖမ်းဆီးရမိမှုတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ တရားမဝင် တင်သွင်းလာတဲ့ ကျောက်စိမ်း တုံးတွေကို မန္တလေး-မူဆယ်လမ်း စစ်ဆေးရေးစခန်းတွေမှာပဲ အ များဆုံးဖမ်းမိတယ်။ ရန်ကုန် လေဆိပ်နဲ့ရေဆိပ်ကတော့ လိုင် စင်ခွင့်ပြုချက်မရှိဘဲ တင်သွင်းလာတဲ့ဆေးဝါး၊ အစားအသောက်ပစ္စည်းတွေနဲ့ကွန်ပျူတာ၊ မိုဘိုင်း ဖုန်းဆက် စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတာများတယ်''ဟု ပြောသည်။အဆိုပါ တရားမဝင်ကုန် သွယ်မှုကြောင့် စုစုပေါင်း အမှုတွဲ ၃၈၄ မှုအားအကောက်ခွန်ဥပဒေ များအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ အ တွင်း က မူးယစ်ဆေးဝါးများ ထည့်ထားသည့် အထုပ် ၂၆ ထုပ် ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော် နှင့် ကျောက်စိမ်းတုံး ဖမ်းဆီးရမိသည့် စုစုပေါင်းအမှုရှစ်မှုမှ ကျပ် သိန်းပေါင်း ၄၀၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ လက်ရှိတွင် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများမှ တစ်ဆင့် တရားမ ဝင်ကုန်ပစ္စည်းတင်သွင်းမှုများပပျောက်စေရန်အတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုေ က်ာမတီနှင့် အကောက်ခွန်ဦးစီးဌာန တို့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment

My Blog List