Friday, October 04, 2013

အငှားကား ယာဉ်မောင်းအား ချွန်ထက် ပစ္စည်းဖြင့် ထောက်ကာ ငွေလု ထွက်ပြေး သူလေးဦးအား ညတွင်း ဖမ်းဆီးခဲ့

Friday, October 4, 2013
ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် တွင် ယမန်နေ့ နံနက် ၁ နာရီခွဲခန့် တွင် တက္ကစီ ယာဉ်မောင်းထံမှ ကားငှားစီးသူ လူလေးဦးက ချွန်ထက်သည့် ပစ္စည်းဖြင့် ထောက်ကာ ငွေလု ထွက်ပြေးခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁ နာရီခွဲချိန် ခန့်တွင် ဦးအောင်ဇော်ဦး (၄၅) နှစ် အငှားယာဉ်မောင်း ( တောင်ဥက္ကလာ မြို့နယ် နေသူ ) သည် ၄င်းပိုင် AA- 3787 တိုယိုတာ အဝါရောင် အငှားယာဉ်အား မောင်းနှင်လာစဉ် သင်္ဃန်းကျွန်း မြို့နယ် ၊ ဘီအိုစီ မှတ်တိုင် အနီးအရောက် လူငယ်လေးဦးမှ ကားအားတား၍ ဗဟန်းမြို့နယ် ၊ ဖိုးစိန်လမ်း သို့ ငွေနှစ်ထောင် ကျပ်ဖြင့် ငှားရမ်း သဖြင့် လိုက်လံ ပို့ဆောင် ပေးခဲ့ရာ ဖိုးစိန်လမ်း သို့ရောက်ရှိစဉ် နတ်မောက် လမ်းသွယ် (၁)သို့ လိုက်ပို့ရန် ပြော ဆို သောကြောင့် ဆက်လက် ပို့ပေး ခဲ့ပြီးနောက် နတ်မောက်လမ်းသွယ် (၁)သို့ ရောက်ရှိခဲ့ရာ ကားအား ရပ် ခိုင်းပြီး ကားနောက်ခန်း တွင် ထိုင်နေသော လူငယ်သုံးဦး အနက်တစ်ဦး မှ ယာဉ်မောင်း ဦးအောင်ဇော်ဦး ၏ ပါးစပ်အားလက်ဖြင့် ပိတ်၍ တစ်ဦးမှ ချွန်ထက်သော အရာဖြင့် လည်ပင်း ထောက်ကာ ကျန်တစ်ဦးမှ လက်သီးဖြင့် ထိုးပြီး '' မအော်နဲ့ အော်ရင် သတ်ပစ်မယ် '' ဟု ပြောဆို၍ ကားအား မီးပိတ် စက်ရပ် ခိုင်းပြီး ရှေ့ခန်းတွင် ထိုင်နေသူမှ ဦးအောင်ဇော်ဦး ၏ အင်္ကျီအိတ်ကပ် အတွင်းမှ ငွေနှစ်သောင်း အား ယူဆောင်၍ ကားပေါ်မှ ဆင်းပြေး သွားခဲ့ ကြကြောင်း သိရသည်။ အဆိုပါ တရားခံ များအား ဗဟန်းမြို့မ ရဲစခန်းမှ အမြန်ဆုံး ဖမ်းဆီး ရမိရေး အတွက် ပိတ်ဆို့ ရှာဖွေမှု များ ဆောင်ရွက်ခဲ့ရာ နံနက် ၃ နာရီ ၅၅ မိနစ်တွင် ၄င်းအမှုမှ တရားခံ မင်းသက်ငြိမ်း (၁၈)နှစ်၊ ကွမ်းယာရောင်း ( အောင်မေတ္တာ (၇)လမ်း ၊ ဒဂုံမြောက် မြို့နယ် ) ၊ မိုးထက်ဟိန်း (၁၇)နှစ် ( အမှတ်၂၈ (၆)လွှာ(ဝဲ) ၊ ၁၅၆ လမ်း ၊ တာမွေကြီး (က+ဂ) ရပ်ကွက် ၊ တာမွေ မြို့နယ်) ၊ ဟိန်းထက်အောင် (၁၆)နှစ် ( အမှတ်(၂၆) မြေညီ ၁၅၆ လမ်း ၊ တာမွေကြီး(က+ဂ) ရပ်ကွက် ၊ တာမွေမြို့နယ်) နေသူနှင့် ကျော်ရဲအောင် (၂ဝ)နှစ် ၊ ကျပန်း ( တကြီးပိုင်း ၊ ရွှေလောင်းမြို့ ၊ ဝါးခယ်မ မြို့နယ် ) နေသူတို့ အား ဗဟန်းမြို့နယ် ကန်တော်ကြီး ပတ်လမ်းနှင့် ဖိုးစိန်လမ်း ထောင့် ၌ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။
Pyi Chit Thar

No comments:

Post a Comment

My Blog List