Thursday, October 03, 2013
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိနေသည့် ပဋိပက္ခများနှင့် ဆက်စပ်ကာ သံတွဲမြို့နယ်၏ ရခိုင်တိုင်းရင်း သားတိုးတက်ရေးပါတီ RNDP ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်ပုအပါအဝင် အခြားသူ ငါးဦးကို သံတွဲခရိုင် ရဲတပ်ဖွဲ့ မှ ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်ဟု RNDP ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးလှစောက ပြောသည်။
ပဋိပက္ခများသည် သွေးထိုးလှုံ့ဆော်ခြင်းကြောင့်ဖြစ်ရသည်ဟု သံတွဲခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဦးကျော်တင့် က ဆိုလိုက်ပြီး တောရောမြို့ပါ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ဆိုသည်။
“ဒီကိစ္စက ဘေးက သွေးထိုးမှုတွေ အများကြီးပါတယ်၊ ဖြစ်တဲ့ရွာတွေက လူတွေက ဘာမှ သိတဲ့သူတွေ မ ဟုတ်ဘူး။ လှုံ့ဆော်မှုတွေကြောင့်ဖြစ်ရတာ အဲဒါကြောင့်စစ်ဆေးသင့်တဲ့ သူတွေကို ခေါ်ယူစစ်ဆေးေ နပါတ ယ်၊ ဘယ်နှစ်ယောက်လဲ ဘယ်သူတွေလဲဆိုတာတော့ ပြောလို့မရပါဘူး ”ဟု ပြောသည်။
စက်တင်ဘာ ၂၈ ရက်မှစတင်ခဲ့သည့် သံတွဲခရိုင် ပဋိပက္ခအတွင်း အိမ်ခြေပေါင်း ၁၀၀ ကျော် မီးလောင် ပျ က်စီးခဲ့ပြီးဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment