Wednesday, October 02, 2013

အဆင့်မြင့်နည်းပညာတက္ကသိုလ်နှစ်ခုတွင် ပညာရေး အဆင့်မြှင့်တင်မှု စီမံကိန်းအတွက် JICA က ကန်ဒေါ်လာ ၁၃ သန်းကျော် ထောက်ပံ့

Wednesday, October 2, 2013
ရန်ကုန်နှင့် မန္တလေးရှိ အဆင့်မြင့်နည်းပညာတက္ကသိုလ်နှစ်ခုတွင် အင်ဂျင်နီယာဘာသာရပ်များ အဆင့်မြှင့်တင်မှု စီမံကိန်း ဆောင်ရွက်နိုင်ရန် အတွက် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ဂျပန် ယန်း ၁ ဒသမ ၃၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ သန်းဝန်းကျင်) ခန့် ထောက်ပံ့သွား မည်ဟု JICA မြန်မာရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါပညာရေးအဆင့်မြှင့်တင်မှုစီမံကိန်းမှာ ၂၀၁၃ အောက်တိုဘာ ၅ ရက်မှ ၂၀၁၈ အောက်တိုဘာ ၅ ရက်အထိ ငါးနှစ်စီမံကိန်းဖြစ်ပြီး ရန်ကုန် အဆင့်မြင့်နည်းပညာတက္ကသိုလ်နှင့် မန္တလေးအဆင့်မြင့်နည်းပညာ တက္ကသိုလ်နှစ်ခုကို အဓိကထားထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ယင်းသို့ထောက်ပံ့ပေးခြင်းနှင့်ပတ်သက်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဒေါက်တာစိုင်းကျော်နိုင်က “ဒီပညာရေးမြှင့်တင်မှု
ဆောင်ရွက်ချက်စီမံကိန်းအတွက် အောက်တိုဘာ ၄ ရက်မှာ JICA နဲ့ သိပ္ပံနှင့် နည်းပညာဝန် ကြီးဌာန သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုး သွားဖို့ရှိတယ်”ဟု အောက် တိုဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။ ယင်းစီမံကိန်းတွင် အခြေခံအဆောက်အအုံနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးတွင် လိုအပ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးစီမံချက်များ၊ လက်တွေ့ အသုံးချနိုင်သည့်ဘာသာရပ်သင်ကြားမှုများ၊ ကျောင်းသားနှင့် ပညာရေး ၀န်ထမ်းများ၏ သုတေသနပြုလုပ်မှုစွမ်းရည် မြှင့်တင်ရန် စသည့် စီမံချက်များ ပါဝင်သည်။ယင်း အပြင် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများကိုလည်း ကူညီထောက်ပံ့ပေးသည့် အစီအစဉ်များပါဝင် သည်။ သက်ဆိုင်ရာ အဓိက ဘာသာရပ်များဖြစ်သော Civil၊ Mechanical Power(MP)၊ Electrical Power(EP)၊ Eletronic Engineering (EC)၊ Mechatronic (MC) နှင့် ICTစသည့်ဘာသာရပ်များတွင် သင်ရိုးများကို သုတေသနပြုလုပ်ကာ အဆင့်မြှင့်တင်သွား မည်ဟုလည်း JICA မှ သိရသည်။
ယင်းအပြင် အဆိုပါနည်းပညာတက်္ကသိုလ် နှစ်ခုသို့ ဂျပန်နိုင်ငံရှိ Kyoto University၊ Chiba University၊ Niigata University၊ Kanazawa University၊ Okayama University၊ Nagasaki University၊ Kumamoto University စသည့် တက္ကသိုလ်ခုနစ်ခုမှ ကူညီထောက်ပံ့မှုများပေးခဲ့သည့်အပြင် ယင်း တက္ကသိုလ်များမှ ပါမောက္ခဆရာများက လည်း သင်ကြားရာတွင် လာရောက် သင်ကြားပို့ချမှုများ ပြုလုပ်နိုင်ရန် စီစဉ်ထားသည်ဟုလည်း JICA မှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ကျောင်းသားများကို ဂျပန်နိုင်ငံသို့ PHD ပညာရေး ထပ်မံတက်ရောက်နိုင်မည့် အစီအစဉ် များနှင့် Sandwidh PHD ဟုခေါ်သော မြန်မာနိုင်ငံတွင် နှစ်နှစ်၊ ဂျပန်တွင် နှစ်နှစ်တက်ရောက်နိုင် ရန်အတွက်လည်း စီစဉ်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံတက္ကသိုလ်များတွင် Ph.D လေးနှစ် တက်ရောက် သင်ကြားနိုင်မည့် ပညာရေး စီမံချက်များလည်း ပါဝင်သည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List