Monday, September 30, 2013

အတည်ပြုလိုက်တဲ့ စည်ပင်ဥပဒေမူကြမ်းမှာ ငွေ နှင့် ထောင်ဒဏ်တိုးမြှင့်လိုက်သည်

Monday, September 30, 2013
စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်၏ပထမအကြိမ်၊ ဆဋ္ဌမပုံမှန် အစည်းဝေး၏ ၈ရက် မြောက်နေ့တွင်ရန်ကုန်တိုင်းဒေသ ကြီး၏ စည်ပင်သာယာရေးဥပဒေ ကြမ်းကို အတည်ပြုခဲ့သည်။ယင်းဥပဒေကြမ်းတွင်စည်ပင်သာယာဥပဒေချိုးဖောက်မှုများအတွက် ငွေဒဏ်ကိုဆယ်ဆ တိုး ခြင်းနှင့် ထောင်ဒဏ်မြှင့်တင်ခြင်း တို့ပါဝင်ကြောင်း သိရသည်။
ထောင်ဒဏ်နှင့် ငွေဒဏ်တိုး မြှင့်ထားရခြင်းမှာဥပဒေချိုးဖောက် သူများကြောင့်ဖြစ်ကြောင်းရန်ကုန် မြို့တော် ၀န် ဦးလှမြင့်က ပြော သည်။ရန်ကုန်မြို့တော်အတွင်းတွင် ဥပဒေချိုးဖောက်သူ များမှာ နေ့စဉ် နှင့်အမျှ ရှိနေသော်လည်းစည်ပင်ရဲများအနေဖြင့်ဥပဒေချိုးဖောက်သူများကို နိုင်နိုင်နင်းနင်းမရှိသေး ကြောင်း ပြည်သူ များက သုံးသပ် သည်။ ယခင်ရှိခဲ့သောစည်ပင်ဥပဒေ မှာ ၁၉၄၈ ခုနှစ်ကဥပဒေဖြစ်ပြီး၊ အချို့မှာ ခေတ်နှင့်လျော်ညီမှု မရှိ တော့ကြောင်း၊ မြို့တော်စည်ပင် ရေးအတွက် စည်ပင်ဥပဒေသည် အရေးကြီးကြောင်း၊ ဥပဒေသမား တစ်ဦးက ပြောသည်။
““လိုင်းကားပေါင်းစုံ ဥဒဟို ပြေးနေတဲ့လမ်းမကြီးပေါ်မှာလမ်း အလယ်ရဲ့ထက်ဝက်နီးပါး ခင်း ကျင်းထားတယ်။ ခုံတွေပါ အကျ ခင်းထားကြသေးတယ်။ လမ်း လျှောက်စရာ လမ်းကမရှိ၊ လိုင်း ကားတွေက လွတ်အောင်ရှောင် မောင်းနေကြရတယ်။ ဒါတွေဟာ စည်းကမ်းမဲ့လွန်းတယ်။ ဒီကြားထဲ သားစိမ်းငါးစိမ်းတွေကို အကျလှီး ချွတ်နေကြတယ်။စည်ပင်အနေနဲ့ မြင်သင့်တယ်လို့ မြင်တယ်”” ဟု ဆိပ်ကမ်းသာလမ်း၊ အထက်လမ်း နေသူတစ်ဦးက ဝေဖန်ပြောကြား သည်။

The Hot News Weekly.

No comments:

Post a Comment

My Blog List