Saturday, October 05, 2013

အော်ရီဒူးနှင့် ရှယ်ရီဘလဲ အမျိုးသမီးများကို မိုဘိုင်းလ် လက်လီ ကိုယ်စားလှယ်အဖြစ် လေ့ကျင့်မည်

Saturday, October 5, 2013
ကာတာ ဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူး (Ooredoo) နှင့် ရှယ်ရီဘလဲ (Cherie Blair) အမျိုးသမီး ဖောင်ဒေးရှင်းတို့သည် မြန်မာနိုင်ငံရှိ အမျိုးသမီးရေးရာ အဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၁၆ ခုနှစ်တွင် မြန် မာအမျိုးသမီး သုံးသောင်းကို အော်ရီဒူး မိုဘိုင်းလ် လက်လီအရောင်း ကိုယ်စားလှယ်များအဖြစ် လေ့ကျင့် သင်ကြားမည် ဖြစ်ကြောင်း အော်ရီဒူးထံမှ သိရသည်။
“အမျိုးသမီး အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေကို မွေးထုတ်ပေးဖို့ ကြိုးစားမှာပါ” ဟု အော်ရီဒူး နာယက H.E. Sheikh Abdullah Bin Mohammed Bin Saud Al Thani က ပြောကြားသည်။ မြန်မာအမျိုးသမီးများထဲမှ စီးပွားရေး စွမ်းဆောင်ရှင်များ ပေါ်ပေါက် လာရေးအတွက် ကူညီဆောင်ရွက်ပေးရန် အော်ရီဒူးနှင့် ရှယ်ရီဘလဲ အမျိုးသမီး ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကလင်တန် ကမ္ဘာ့ အကူအညီပေးရေး CGI (Clinton Global Initiative) အဖွဲ့ကြီး၏ အစည်းအဝေးတွင် ကြေညာခဲ့သည်။
အော်ရီဒူးနှင့် ရှယ်ရီဘလဲတို့သည် အင်ဒိုနီးရှားနိုင်ငံတွင်လည်း ယခုကဲ့သို့ ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ခဲ့ပြီး ယင်းအတွေ့အကြုံများကို အခြေခံ၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်မည် ဖြစ်ကြောင်းံ H.E. Sheikh Abdullah Bin Mohammed Bin Saud Al Thani က ဆိုသည်။
“အမျိုးသမီးတွေအနေနဲ့ မိသားစုအတွက် ပုံမှန် အားထားလောက်စရာ ဝင်ငွေ ရရှိနေတာဟာ အင်မတန် အကျိုးအမြတ် ရှိပါတယ်။ သူတို့ မိသားစုတွေတင်မကပဲ သူတို့ဝန်းကျင်က လူမှု အဖွဲ့အစည်းတွေကို ပါ အောင်အောင်မြင်မြင် အကျိုးပြုမှာပါ” ဟု ရှယ်ရီဘလဲ အမျိုးသမီး ဖောင်ဒေးရှင်း တည်ထောင်သူ ရှယ်ရီဘလဲက ပြောဆိုသည်။
ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော အော်ရီဒူးသည် လာမည့် ဆယ်နှစ်အတွင်း မြန်မာနိုင်ငံတွင် လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများအတွင် အမေရိကန် ဒေါ်လာ သန်းခြောက်ဆယ် အသုံးပြုမည်ဟု ကြေညာထားပြီး မကြာသေးခင် က နိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သော ရေဘေးသင့် ဒေသများကို လည်း နှစ်ကြိမ် ထောက်ပံ့ကူညီခဲ့သည်။
The Voice Weekly

No comments:

Post a Comment

My Blog List