Wednesday, October 02, 2013

ဖြစ်ရပ်မှန်လေယာဉ်ပြန်ပေးဆွဲဇာတ်ကားအတွက် ရွေးချယ်ထားသည့် သရုပ်ဆောင်များ သင်တန်းကြေးကျပ်နှစ်သိန်းဖြင့် သုံးလကြာ သင်တန်းပို့ချမည်ဖြစ်သည်

Wednesday, October 2, 2013
ဖြစ်ရပ်မှန်လေယာဉ်ပြန်ပေးဆွဲသည့် ရုပ်ရှင်ဇာတ်ကားအတွက် ရွေးချယ်ခြင်းခံရသည့် သရုပ်ဆောင်များ ကိုယခုအခါတွင် သင်တန်းပေးလျက်ရှိကြောင်း ယင်းရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ အဏ်ထော်ဏီကဆိုသည်။ ယင်းရွေးချယ်မှုကို စက်တင်ဘာလအတွင်း အပြီးသတ်လုပ်ဆောင် ခဲ့ပြီး လျှောက် ထားသူများထဲက အယောက် ၃၀ ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဒါရိုက်တာအဏ်ထော် ဏီရိုက်ကူးမည့် လေယာဉ်ပြန်ပေးဆွဲရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကြမည့် သရုပ်ဆောင် အယောက်၃၀ကို ယခုအခါတွင် ရွေးချယ်ပြီးစီးပြီးဖြစ်သောကြောင့် သရုပ်ဆောင် သင်တန်းများကို ပို့ချလျက်ရှိသည်။ ယင်းရွေးချယ်ထားသူများကို သြဂုတ်လမှစတင်ပြီး သင်တန်းများ ပို့ချသင် ကြားပေး လျက်ရှိရာနိုဝင်ဘာ ၁၇ ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ကန်တော့ပွဲပေးမည်ဖြစ်သည်။
ဇာတ်ကားနာမည်ကို “ရောင်နီဦး၏အလင်းရောင်နှင့်အတူ” "World first Hidack in Myanmar" လို့ ပေးထားတယ်။ ဒီဖြစ်ရပ်မှန်ဇာတ်ကားကို နိုဝင်ဘာ ၁၇ ရက်မှာ ကန်တော့ပွဲပေးမယ်။ ပြီးတာနဲ့ စပြီး ရိုက် တော့မှာပါ။ ဒီဇာတ်ကားကို နိုင်ငံတကာအဆင့်အတန်းမီအောင် ရိုက်ကူးမှာပါ။ ကင်မရာကအစ သုံး မယ့် လူတွေကအစ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ လုပ်သွားမှာပါ။ မြန်မာဇာတ်ကား တစ်ကားဟာ နိုင်ငံ တကာဈေးကွက် မှာဝင်ရောက်နိုင်ဖို့ကို ရည်ရွယ်ပါတယ်”ဟု ဒါရိုက်တာအဏ်ထော်ဏီက ဆိုသည်။
အဆိုပါဇာတ်ကားအတွက် ရွေးချယ်ခြင်းခံထားရသူ မော်စီတုံး(မော်လမြိုင်)က “ကျွန်တော်တို့သင်နေ တာတစ်လခွဲ ရှိနေပါပြီ။ ၀င်ရောက်ယှဉ်ပြိုင်တဲ့လူ အယောက် ၁၀၀ ကျော်တယ်လို့ပြောတယ်။ အဲဒီထဲ ကမှကျွန်တော်တို့ အယောက် ၃၀ ရွေးချယ်ခဲ့တာပါ။ ဒီဇာတ်ကားရဲ့ character နဲ့ လိုက်မယ့် သူတွေ ကို ပြန်ပြီးရွေးချယ်ခဲ့တာပါ။ အခု သင်တန်းတွေ တက်နေရပါပြီ။ ဒီသင်တန်းမှာ ထူးချွန်သူတွေကို ဇာတ်ကားရဲ့ character အရ နေရာရသွားကြမှာပါ။ ဒါက ကျွန်တော့်အတွက် ပထမဆုံးပါ။ ဆရာပြော တာက ဒီ ဇာတ်ကားက နိုင်ငံတကာကို ဖြန့်မယ်ဆိုတာကြောင့် တစ်နေရာပါဝင်ဖို့ပါ။ ဒီသင်တန်းကို အခုလာ သင် နေတာက ဆရာဦးထွန်းအောင်ဇော်၊ အန်တီဆွေဇင်ထိုက်၊ ဦးထူးသာ၊ ဆရာဖြိုးကျော်ဆန်းတို့ ပါဝင် သင်ပေးနေပါတယ်။ အခုသင်တန်းမှာ အင်္ဂလိပ်စကားပြောလည်း ထည့်သွင်းသင်ပေးနေပါတယ်။ ဆရာ က ပြောပါတယ်၊ ကိုယ်တော်ရင်တော့ ကောင်းတဲ့နေရာကို ရမှာပါတဲ့။ အခုဆိုရင် ခန္ဓာကိုယ်အလှအတွက် body ကစားတယ်။ စာချုပ်,ချုပ်ဆိုမှုမရှိပါဘူး”ဟု ဆိုသည်။
ယင်းဇာတ်ကားအတွက် အမျိုးသမီး ခြောက်ဦး၊ အမျိုးသား ၂၄ ဦး အား ရွေးချယ်ထားပြီး ယခုအခါရိုက် ကူး မည့် ဇာတ်ကား၏ ဇာတ်ဝင်ခန်းများအတွက် ဒါရိုက်တာအပါအ၀င်အခြားသော ၀ါရင့်သရုပ်ဆောင်များကပါ ပို့ချလျက် ရှိသည့်အပြင် အင်္ဂလိပ်စကားပြောသင်တန်းကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိပြီး တစ်ဦးလျှင် ကျပ်နှစ်သိန်း ဖြင့် သုံးလကြာပို့ချမည်ဖြစ်သည်။
၎င်းလေယာဉ်ပြန်ပေးဆွဲမှုမှာ ၂၀၁၄ ခုနှစ် ဇွန် ၂၅ရက်တွင် နှစ်(၆၀)ပြည့်ပြီဖြစ်ပြီး ယင်းနေ့အ မီ ပြည်တွင်းနှင့်ပြည်ပနိုင်ငံများတွင် ပြသမည်ဖြစ်သည်။ ရန်ကုန်မှာ စစ်တွေမြို့သို့သွားသည့် လေယာဉ်ပေါ် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ဦးစောကျော်အေးနှင့် အငြိမ်းစားပါမောက္ခကြီး ဦးသန်းဆွေတို့ပြောပြသည့်အကြောင်းအရာများကိုဖြည့်စွက်ပြီးအကယ်ဒမီစိုးကျော်ဆန်းကဇာတ်ညွှန်းရေးဖွဲ့ မည်ဖြစ် ပြီးဒါရိုက်တာအဏ်ထော်ဏီက ရိုက်ကူးမည်ဖြစ်သည်။ အဆိုပါလေယာဉ်ပြန်ပေးဆွဲသည့်ဖြစ်စဉ်မှာ ၁၉၅၄ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ထိုစဉ်က ရန်ကုန်မှ စစ်တွေမြို့သို့ ထွက်ခွာ သည့် မြန်မာ့လေကြောင်းပိုင်လေယာဉ်အား KNU အဖွဲ့မှ ၎င်းတို့၏ လက်နက်ကြီးများကို သယ်ယူရန် အတွက်ပြန်ပေးဆွဲရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းဇာတ်ကားရိုက်ကူးရာတွင် အသုံးပြုသွားမည့် စက်ပစ္စည်းများ၊ နည်းပညာများ၊ ကင်မရာများကို Post Mandalay Co., Ltd. ၏ ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံရှိ Gear head ကုမ္ပဏီနှင့် ချိတ်ဆက်ကာ ရိုက်ကူး မည်ဖြစ်သည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List