Thursday, October 03, 2013

Unbroken ရုပ်ရှင်ကို သြစတြေးလျမှာ သွားရိုက်မယ့် ဂျိုလီ


Thursday, October 03, 2013

 ဟောလီးဝုဒ် A စာရင်းဝင် မင်းသမီး အိန်ဂျလီနာဂျိုလီသည် ”Unbroken” ရုပ်ရှင် ဇာတ်ကားအား သြ စေ တြးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် နယူးဆောက်သ် ဝေးပြည်နယ် ရှိ ကျေးလက်ဒေသ များ၌ ရိုက်ကူး သွားမ ည်ြ ဖစ်ကြောင်း အောက်တိုဘာ ၁ ရက်က ပြောကြားခဲ့သည်။

ဂျိုလီသည် ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ၂ဝ၁၁ ခုနှစ်က ရိုက်ကူးသည့်   ‘Land of Blood and Honey’ ရုပ် ရှင် ဇာတ်ကားသည် ချီးကျူး ထောပနာ ပြုခံရပြီးနောက် ၄င်းရုပ်ရှင်အား ဒုတိယမြောက် ရိုက်ကူး မည် ဖြစ်သည်။ ဂျိုလီသည် သားသမီးများနှင့် အတူ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ် အတွင်းက ဆစ် ဒနီမြို့ ရှိ ရိုက်ကူးရေးပြု လုပ် မည့်နေရာ များသို့ သွားရောက် ကြည့်ရှုခဲ့သည်။
Universal ရုပ်ရှင် ထုတ်လုပ်ရေးသည် တိုင်းပြည်၏ စီးပွားရေးလောက တွင် ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံ သွားမည်ဖြစ်ပြီး ရိုက်ကူးရေး အဖွဲ့တစ် ခု တည်း အတွက်ပင် အလုပ်အကိုင် နေရာပေါင်း သုံးရာ ဖန်တီးပေး သွားမည်ဖြစ်ပြီး အခြား စရိတ်များ အတွက်လည်း အကုန်ကျ ခံသွားမည် ဖြစ်ကြောင်း နယူးဆောက် သ်ဝေးပြည်နယ် ဒုတိယ ဝန်ကြီးချုပ် အန်ဒရူး စတုန်နာက ပြောကြားသည်။
Unbroken  ရုပ်ရှင် ဇာတ်ကားသည် စာရေးဆရာ လော်ရာဟီလန်း ဘရန်း၏ ရောင်းအား အကောင်းဆုံး စာအုပ်အား အခြေခံ ထားခြင်းဖြစ်ကာ အမြိုင့်သား များ၏ အံ့သြ ဖွယ် ဘဝဇာတ်ကြောင်းနှင့် စစ်အတွင်း သူရဲကောင်း လူးဝစ်ဇမ်ပါရီနီ၏ အကြောင်းကို ရေးသား ထားခြင်း ဖြစ်သည်။
လူးဝစ်သည် လေယာဉ် ပျက်ကျ ပြီးနောက် အခြား အဖွဲ့ဝင်နှစ်ဦးနှင့် အတူ ဖောင်စီးကာ ရက်ပေါင်း ၄၇ ရက် ကြာမျောနေခဲ့ပြီး ဂျပန် ရေတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး စစ်သုံ့ပန်း များထားရာ စခန်းသို့ ပို့ဆောင် ခံခဲ့ရသည်။
၎င်းစာအုပ်သည် ၁၄၆ ပတ် ဆက်တိုက် နံပါတ်တစ် နေရာကို ရရှိခဲ့ပြီး ၁၉၄၂ ခုနှစ် နောက်ပိုင်း (သဘာဝ ဇာတ်ကြောင်းနဲ့ ပတ်သက်၍ ရေးသား ထားသော စာအုပ်များ ၌) ရောင်းအား အကောင်းဆုံး ဖြစ်သည်။
‘Unbroken’ ရုပ်ရှင် ဇာတ်ကား ထဲ၌ လူးဝစ်ဇမ် ပါရီနီ အဖြစ် ဂျက်အို ကော်နယ်လ်က သရုပ်ဆော င်မည် ဖြစ်ပြီး ဂါးရက်ဟတ်ဒ်လန်း၊ ပင်ဝစ်ထရော့ခ် စသည့် သရုပ်ဆောင် များပါဝင်မည် ဖြစ်သည်။

 

 

No comments:

Post a Comment

My Blog List