Wednesday, October 02, 2013

ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဒေးဗစ်ဆေးလ်ဗားနှင့် အဂွီရိုတို့ ကြံ့ခိုင်မှု အပြည့်ဖြင့် ပါဝင်နိုင်ရန် ပယ်လီဂရီနီ မျှော်လင့်

Wednesday, October 2, 2013
မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်၌ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားနှင့် တိုက်စစ်မှူး အဂွီရိုတို့ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပါဝင်နိုင်ရန် မျှော်လင့်နေကြောင်းသိရသည်။
မန်စီးတီးအသင်း၏ အဓိကကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားသည် ပြီးခဲ့သည့် သြဂုတ်လက တည်းက ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေခဲ့ရခြင်းဖြစ်ပြီး အသင်း၏ ပွဲစဉ်များကို လွဲချော်နေခဲ့သည်။ ဟူးလ်စီးတီးအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဆေးလ်ဗားမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး စပိန်အသင်းအတွက် ကစားပေးခဲ့ရာတွင်လည်း ထပ်မံဒဏ်ရာရရှိခဲ့ခြင်းကြောင့် တစ်လခန့် အနားယူနေခဲ့ရခြင်း ဖြစ်သည်။
ဒဏ်ရာအခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီးနောက် မန်ချက်စတာဒါဘီ ပွဲစဉ်တွင် ပါဝင်နိုင်မည် ဟု မျှော်မှန်းထားခဲ့သော်လည်း မပါဝင်နိုင်ခဲ့ဘဲ ဘိုင်ယန်နှင့်ပွဲစဉ်တွင်မှ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း အသင်းဆေးအဖွဲ့က အတည်ပြုခဲ့သည်။ ထို့အပြင် ပယ်လီဂရီနီက ပြီးခဲ့သည့် ဗီလာအသင်းအား ရှုံးနိမ့်ခဲ့ သည့်ပွဲစဉ်တွင် မပါဝင်နိုင်ခဲ့သော တိုက်စစ်မှူးအဂွီရိုမှာလည်း ဘိုင်ယန်ကို အိမ်ကွင်း၌ ရင်ဆိုင်ရမည့် ပွဲစဉ်တွင် ပြန်လည် ပါဝင်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဆက်လက်၍ ပယ်လီဂရီနီက ဘိုင်ယန်အသင်းနည်းပြ ဂွါဒီယိုလာမှာ အလွန်တော်သော နည်းပြတစ်ဦးဖြစ် ပြီး ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရရှိရန်မှာ မိမိတို့အနေဖြင့် စိတ်ဓာတ်ကောင်းကောင်းဖြင့် ယှဉ်ပြိုင်ရန် လိုအပ်ကြောင်း ယူအီးအက်ဖ်အေ၀က်ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List