Saturday, October 05, 2013

ကျောင်းသုံးဖတ်စာအုပ်ဈေးများ လာမည့် စာသင်နှစ်တွင် ဈေးနှုန်းမြင့်မည်

Saturday, October 5, 2013=
ရန်ကုန် ၊ အောက်တိုဘာ ၄။ ။ ကျောင်းသုံးစာအုပ် ပုံနှိပ်ထုတ်ဝေ ခွင့်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေး လိုက်ပြီဖြစ်သည့်အတွက် လာမည့် စာသင်နှစ်မှစတင်ကာ ကျောင်း သုံးဖတ်စာအုပ်များ ပိုမိုအရည် အသွေးကောင်းမွန်မည်ဖြစ်ပြီး ဈေးနှုန်း ယခုထက်မြင့်လာ မည် ဖြစ်ကြောင်းသိရသည်။
လက်ရှိ ကျောင်းသုံးစာအုပ် များ၏ အရည်အသွေးနိမ့်ကျနေ ခြင်း၊ ဖတ်စာအုပ်အတွက် ရိုက်နှိပ် သည့် ဘတ်ဂျက်ငွေနည်းပါးခြင်း၊ လက်ရှိပုံနှိပ်နေသည့်စက်များ နှစ် ကာလရှည်ကြာပြီး ဟောင်းနွမ်းမှု ကြောင့် ပုံနှိပ်အရည်အသွေးကျ ဆင်းလာခြင်းတို့ကြောင့် ပုဂ္ဂလိက သို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း ပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များအသိုင်းအဝိုင်းမှ သိရသည်။ ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်း ရှင်များအသင်းမှ အထွေထွေအ တွင်းရေးမှူး ဒေါက်တာစိန်ဝင်းက ''အပြင်မှာ ကျောင်းသုံးဖတ်စာ ပုဂ္ဂလိကပေးလို့ ဈေးတက် မယ်ပြော နေကြတယ်။ ဒီလိုဆိုရင် ဘာတွေ ပိုကောင်းလာနိုင်မလဲဆိုတဲ့အ ပိုင်းကလဲရှိပါတယ်။ ဖတ်စာအုပ် အရည်အသွေးပိုင်းပိုကောင်းလာ နိုင်တယ်။ အရင်က ဖတ်စာအုပ်အ ရည်အသွေးက ကျောင်းသားတွေ ကိုင်ရင် သုံးလေးလနဲ့ စုတ်ပြဲတာ တွေများတယ်။ ဈေးတက်တာကို မကြည့်ဘဲ အရည်အသွေးပိုင်းနဲ့ ကြာရှည်ခံမှုကိုလဲ သုံးသပ်စေချင် ပါတယ်''ဟု ရန်ကုန်တိုင်းမ်သ တင်းစာသို့ ပြောသည်။

လက်ရှိအချိန်တွင် ပြင်ပ၌ ကျောင်းသုံးစာအုပ်များ ဈေးနှစ် ဆခန့်တက်မည်ဟူသော သတင်း များ ပျံ့နှံ့နေခြင်းအပေါ် ပြည်သူ များကလည်း စိတ်ဝင်စားမှုများ ရှိနေကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်၍ ဒုတိ ယတန်းကျောင်းသားမိခင် မနွယ် နီမိုးက ''နှစ်တန်းဖတ်စာအုပ်က တစ်စုံကို ကျပ် ၉၅ဝနဲ့ဝယ်ရတယ်။ ကလေးတွေဆိုတာက သေချာ ကိုင်တတ်တာ မဟုတ်တော့ အဖုံး ချုပ်ပေးတာတောင် စာရွက်သား ညံ့တော့ နှစ်လလောက်ပဲခံတယ်။ ထပ်ဝယ်ပေးရတာ နှစ်ခါရှိနေပြီ။ ဒီတော့ ကောင်းအောင်သာလုပ် မယ်ဆိုရင် ဈေးကြီးပေမယ့် ကျေ နပ်ကြမှာပါ။ အရည်အသွေးမထူး ဘဲနဲ့ ဈေးတက်ရင်တော့ ဘယ် သူမှ ကြည်ဖြူမှာမဟုတ်ဘူး''ဟု ဆိုသည်။
ယခင် ဆယ်စုနှစ်များစွာ က ထုတ်ဝေခဲ့သော ဖတ်စာအုပ် များနှင့် ယခုနှစ်ပိုင်းများတွင်ထုတ် ဝေခဲ့သော ဖတ်စာအုပ်များ အ ရည်အသွေးမှာ အလွန်ကွာခြား ကြောင်း အငြိမ်းစားကျောင်းဆရာ တစ်ဦးက ပြောသည်။
''အရင်တုန်းက ကျွန်တော် တို့ကလေးတွေက အစ်ကိုတွေ၊ အစ်မတွေရဲ့စာအုပ်ကို လက်ဆင့် ကမ်းခဲ့တာ။ အခုကတော့ တစ် နှစ်တောင် ဘယ်လိုမှ သုံးမရတဲ့ အခြေအနေ။ အဝေးသင်ပြဋ္ဌာန်း စာအုပ်ဆို ပိုဆိုးသေးတယ်။ ဒီလို ဆိုတော့ ပြင်ဆင်မှုပိုင်းတွေတော့ တော်တော် လိုနေပါပြီ''ဟုပြော သည်။

ကျောင်းသုံးစာအုပ် ပုံနှိပ် ထုတ်ဝေခွင့်ကို စက်တင်ဘာလ လယ်လောက်တွင် ပုဂ္ဂလိကသို့လွှဲ ပြောင်းရန် တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဖတ်စာအုပ်ဈေးနှုန်း များမှာ မူလတန်းအတွက် ကျပ် ၁ဝဝဝမှ ၂၀၀၀ ဝန်းကျင်၊ အလယ် တန်းနှင့် အထက်တန်းအတွက် ကျပ် ၂၀၀၀ မှ ၃၀၀၀ ဝန်းကျင်ရှိ ကြောင်း သိရသည်။

ရဲလင်းထက်
ွှ့The Yangon Times

No comments:

Post a Comment

My Blog List