Saturday, October 5, 2013
အောက်တိုဘာလ ၃ ရက်နေ့က တရားဝင်ကြေညာချက်အရ အမေရိကန်နိုင်ငံရဲ့  အစိုးရ
လုပ်ငန်းများကို ယာယီ ရပ်နား ထားပါတယ်။ ယင်းရပ်နားမှုဟာ အမေရိကန်နိုင်ငံရဲ့ 
စီးပွားရေးကိုသာမက အမေရိကန်နဲ့ ဆက်စပ် လုပ်ကိုင်နေတဲ့ အခြားနိုင်ငံများကို ထိခိုက်နစ်နာစေကြောင်း သိရပါတယ်။
အကြောင်းအရင်းက ဒီလိုပါ။ သမ္မတအိုဘားမား နဲ့ ဒီမိုကရက်တစ်ပါတီ တို့က ပြည်သူ
ကျန်းမာရေး စောင့်ရှောက်မှု ( Healthcare) ဥပဒေ သစ်တစ်ခုကို
အဆိုတင်သွင်းပြီး ဘတ်ဂျက် တောင်းယူမှုအပေါ် ကွန်ဂရက် က ပြန်လည်
ပယ်ချခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ရီပတ်ဘလင်ဂန် ပါတီက ငြင်းဆန်နေတဲ့
ကိစ္စ တစ်ခု ဖြစ်ပြီး အစိုးရရဲ့  လုပ်ငန်းအားလုံးကို ယာယီ ရပ်နား
သွားစေပါတယ်။ အင်္ဂလိပ်လို Government Shutdown လို့ခေါ်ပြီး မဖြစ် မနေ
လည်ပတ်ဖို့ လိုအပ်တဲ့ အစိုး လုပ်ငန်းက လွဲလို့ ကျန်တာအားလံးကို ယာယီ
ရပ်နားထားလိုက် ပါတယ်။
ဒီအတွက် ကွန်ဂရက်မှာ အကြိတ်အနယ်
ဆွေးနွေးလျက် ရှိဆဲပါပဲ။ အာရှကို အလည်သွားမယ့် ခရီးစဉ်ကိုပါ အိုဘားမား
ဖြတ်သိမ်းခဲ့ပြီး ဥရောပ နိုင်ငံများ နဲ့ ဆက်စပ်ညှိနှိုင်းဖို့လိုအပ်တဲ့
စီးပွားရေး၊ နိုင်ငံရေး ကိစ္စ ရပ်များကိုလည်း ရပ်နားထားခြင်း ဖြစ်ပါတယ်။
ယင်းကဲ့သို့ ရပ်နား ထားမှုဟာ ၁၇ နှစ် အတွင်း ပြန်ကြုံလာရတဲ့ ကိစ္စ ဖြစ်ပြီး
ရက်ကြာလေလေ တိုင်းပြည်အတွက် အဘက်ဘက်ထိခိုက်လေ ဖြစ်ပါတယ်။
အမေရိကန်မှာ အစိုးရကို မှီခိုပြီး လုပ်ကိုင်နေရတဲ့ စီးပွားရေး
လုပ်ငန်းပေါင်း များစွာ ရှိပါတယ်။ Government Shutdown ကြောင့်
ယင်းလုပ်ငန်း လည်ပတ်မှုကိုပါ နှောင့်နှေးသွားစေပြီး အချိန်ပိုကြာလာရင်
ပိုဆိုးမယ့် အနေအထားမှာ ရှိပါတယ်။ ဒီအတွက် ကွန်ဂရက်မှာ အိုဘားမားနဲ့ အခြား
ပါတီဝင် အထက်လွတ်တော် အမတ် များနဲ့ ညှိနှိုင်းတိုင်ပင် ဆွေးနွေး ဆဲ
ရှိကြောင်း သိရပါတယ်။
Ref: Xinhua
Aung Kham ( ရိုးရာလေး )
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment