Monday, September 30, 2013
မီတာထိန်းသိမ်းခနှင့် မီတာ တပ်ဆင်ခများလျှော့ချပေးလိုက် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သတင်းရရှိသည်။ယင်းသို့လျှော့ချရာတွင် မီတာတပ်ဆင်ရာ၌ ကုန်ကျမည့် သတ်မှတ်နှုန်းများကို ကျပ် နှစ်သောင်းကျော်လျှော့ချပေးသည့်
အပြင်၊ မီတာထိန်းသိမ်းစောင့် ရှောက်ခကိုလည်း ကျပ် ၅၀၀
လျှော့ချလိုက်ကြောင်းနှင့်အောက် တိုဘာလ(၁)ရက်နေ့ကစပြီး ပြင်
ဆင်သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မီတာသစ်တပ်ဆင်ခ
များကိုလည်း ယခင်ကရိုးရိုး မီတာ တပ်ဆင်ရာတွင်ကျသင့် ငွေ ၈၅၅၀၀ ကျပ်ကို ကျပ်
၆၅၀၀၀ သို့လည်းကောင်း၊ ဒီဂျစ်တယ်မီတာများအတွက် တပ်ဆင်ခကို ကျပ် ၁၀၀၀၀၀ မှ
ကျပ် ၉၀၀၀၀ သို့ လည်းကောင်း လျှော့ချသွားမည်ဟု အဆိုပါ ဌာနရှိ တာဝန်ရှိသူ
တစ်ဦးကပြော သည်။ ““မီတာထိန်းသိမ်းခကိုလျှော့ ပေးသင့်တာ ကြာပါပြီ၊
တချို့အိမ် ဆိုရင် မီးထွန်းချိန်မပြောပ လောက်ဘူး၊ ဆင်ဖိုးထက်ချွန်းဖိုး
ကကြီးနေသလိုဖြစ်နေတယ်၊ ခုလို အောက်ခြေလူတန်းစားဘ၀ကို
စာနာပြီးလျှော့ချပေးတာကောင်း ပါတယ်””ဟုလှိုင်သာယာ မြို့နယ်
နေသူတစ်ဦးမှပြောသည်။
ရိုးရိုးနှင့်ဒစ်ဂျစ်တယ်မီတာ
ဈေးနှုန်းကွာခြားရခြင်းမှာတည် ဆောက်မှုပိုင်း၌ကုန်ကျစရိတ်ကွာ
ခြားရခြင်းကြောင့်ဖြစ်ကြောင်း၊ ရိုးရိုးမီတာတည်ဆောက်မှု ကုန်ကျစရိတ်မှာ ကျပ်
၂၂၀၀၀ ဖြစ်သော်လည်း ဒီဂျစ်တယ် မီတာ ကုန်ကျစရိတ် မှာ ကျပ် ၅၂၀၀၀ ဖြစ်သဖြင့်
တပ်ဆင်ခ မှာ ကျပ် ၂၅၀၀၀ နီးပါးကွာဟရခြင်းဖြစ်သည်ဟုသိရသည်။
The Hot News Weekly.
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago
No comments:
Post a Comment