Wednesday, October 02, 2013

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ Panasonic ဘတ္ထရီဂိုထောင် မှာ လူသုံးဦးအသတ်ခံခဲ့ရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ Panasonic ဘတ္ထရီဂိုထောင် မှာ မနေည(၁.၁၀.၂၀၁၃)က လူသုံးဦးအသတ်ခံခဲ့ရတဲ့အမှုဖြစ်ပွားခဲ့တယ်လို့ အမှတ်(၁၁)ရဲစခန်းကနေ သိရပါတယ်။
"အခုရောက်လာတဲ့အလောင်းတွေကအသတ်ခံရတဲ့လက္ခဏာရှိတယ်"လို့မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီး ၊ ရဲမှုခင်းဌာနမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတစ်ဦး သေဆုံးနေ တာကို ယနေ့မနက် (၆)နာရီ က သက်ဆိုင်ရာရဲစခန်းကို ကုမ္ပဏီတာဝန်ရှိသူက အကြောင်းကြားခဲ့ တာဖြစ် ပြီး ကနဦးစစ်ဆေးချက်တွေအရ ဦးခေါင်းကို အုတ်ခဲနဲ့ရိုက်နှက်လက္ခဏာတွေတွေ့ရှိရတယ်လို့ အဲ့သည် အမှုကို စစ်ဆေးနေတဲ့ အမှုစစ်ရဲအရာရှိက ပြောပါတယ်။ အမှုကို တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေ ဆက်လက်စုံ စမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ ယခုလို လူသုံးဦးသေဆုံးတဲ့ အောက်တိုဘာလ ၁ ရက်နေ့ ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။
The Modern News Journal

No comments:

Post a Comment

My Blog List