Friday, October 04, 2013

ပြည်တွင်းအခွန်မှသက်တမ်းလွန် မော်တော်ယာဉ်များအတွက် ကာလတန်ဖိုးသတ်မှတ်ချက်ထုတ်ပြန်

Friday, October 4, 2013 
ပြည်တွင်းအခွန်ဦးစီးဌာနမှအရည်ကျိုအပ်နှံရန်ဖျက်သိမ်းမည့်သက်တမ်းလွန် မော်တော်ယာဉ်များအတွက် ကာလတန်ဖိုးသတ်မှတ်ချက်ကို အောက်တိုဘာ၁ရက်ကထုတ်ပြန်ခဲ့ကြောင်းသိရသည်။ သက်တမ်းလွန် ယာဉ်များအတွက်အခွန်သတ်မှတ်ရာ၌ ‘စ’ အက္ခရာမှ နောက်ဆုံးအက္ခရာအထိ လေလံယာဉ်များနှင့် အငှားယာဉ်များအပါအ၀င်ဆလွန်း၊ ပစ်ကပ်၊ ၀က်ဂန်၊ ထရပ်၊ ဘတ်စ်၊ ဂျစ်စသည့် ယာဉ်အမျိုးအစားများကို သတ်မှတ်တန်ဖိုးအပြည့်ဖြင့် ကျပ်သိန်းလေးဆယ်သတ်မှတ်ပြီး CNG ယာဉ်များကို ကျပ်သိန်းငါးဆယ် သတ် မှတ်ခဲ့သည်။ ထိုသတ်မှတ်တန်ဖိုးအပြည့်အပေါ်တွင် ၁၅ရာခိုင်နှုန်းဖြင့် အခွန်ကျသင့်မည်မဟုတ်ဘဲ သတ် မှတ်တန်ဖိုးအပြည့်၏ ၅၀ရာခိုင်နှုန်းအ ပေါ်၁၅ရာခိုင်နှုန်းဖြင့် အခွန်ကျသင့်မည် ဖြစ်ကြောင်းသိရသည်။ သို့ဖြစ်၍ CNG မဟုတ်သောယာဉ်များအတွက် သတ်မှတ်တန်ဖိုး၏ ထက်ဝက်တန်ဖိုး ကျပ်သိန်းနှစ်ဆယ် ကို၁၅ရာခိုင်နှုန်းဖြင့် တွက်ချက်ပြီး ကျသင့်ငွေအခွန် ကျပ်သုံးသိန်းသတ်မှတ်ခဲ့သည်။ CNG ယာဉ်များအတွက် တန်ဖိုးအပြည့်၏ ထက်ဝက်တန်ဖိုးကျပ်၂၅သိန်းကို ၁၅ရာခိုင်နှုန်းဖြင့်တွက်ချက်ပြီး ကျသင့်အခွန်ကျပ် ၃၇၅,၀၀၀ သတ်မှတ်ခဲ့ကြောင်းသိရသည်။ ထိုသို့သက်တမ်းလွန် မော်တော်ယာဉ်များအတွက် ကာလတန်ဖိုးသတ်မှတ်ခဲ့ခြင်းအပေါ် ယာဉ်အို၊ ယာဉ်ဟောင်းဝယ်/ရောင်းတစ်ဦးက “အရည်ကျိုအပ်နှံမယ့်ကားတွေကို ပြည်တွင်းအခွန်ဦးစီးဌာနက ကာလ တန်ဖိုးသတ်မှတ်ချက်တွေ တရားဝင်ထုတ်ပြန်ခဲ့တဲ့အတွက် ပေးဆောင်ရမယ့်အခွန်တွေကို တွက်ချက်ရ တာလွယ်ကူသွားပါတယ်၊ အရင်ကအခွန်ရုံးတစ်ရုံးနဲ့ တစ်ရုံးအခွန်သတ်မှတ်မှုကွာခြားခဲ့ပေမဲ့ အခုလိုအ များပြည်သူသိရှိအောင်နှုန်း ထားတွေတရားဝင်ထုတ်ပြန်ပြီးသတ်မှတ်ခဲ့တဲ့အတွက်ထင်သာ မြင်သာရှိလာ တယ်လို့ဆိုရမှာပါ” ဟု ပြောခဲ့သည်။
Automobile Journal

No comments:

Post a Comment

My Blog List