Tuesday, October 1, 2013
သက်တမ်း ၂၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည်အလုပ်တာဝန်များ မကျေပွန်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
စက်တင်ဘာလ ၂၇ ရက်နေ့ကကျင်း ပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) ပါတီ ငွေရတု သဘင်အခမ်း အနားတွင် ပြောကြား သည်။ “ကျွန်မတို့ရဲ့
တာဝန်တွေ ကျေပွန်ပြီလားဆိုတော့ အမှန်တော့ မကျေပွန်သေးပါဘူး” ဟု ၎င်းကဆို သည်။
လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးဘဲ ဒီမိုကရေစီ
စံနှုန်းများ အနည်းငယ် တိုးတက် လာသည့်အခြေအနေရှိသော်လည်းပြည်သူတို့၏လူနေမှုဘဝများမှာတိုးတက်ခြင်းမရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
NLD ပါတီသည် လာမည့် ရွေးကောက်ပွဲအတွက် စဉ်းစားသည့် ပါတီမျိုး
မဖြစ်စေချင်သော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရချင်သည်ဟု ၎င်းကဆိုသည်။ NLD ပါတီ
နာယ ကဖြစ်သူ ဦးတင်ဦးကမူ “NLD ပါတီဟာ အရင်ရွေးကောက်ပွဲ တုန်းကလို
မဲအများကြီးရဖို့ မလွယ်တော့ဘူး” ဟု The Voice နှင့် သီးသန့်တွေ့ဆုံစဉ်
ပြောကြားသည်။
YoYarLay
No comments:
Post a Comment