Saturday, October 05, 2013

အမျိုးသမီးများဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) စီမံချက်ကို ဧရိယာ ၁၂ ခု၊ မဟာဗျူဟာ လေးရပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်

Saturday, October 5, 2013
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)မိတ်ဆက် ရှင်းလင်းခြင်းဖွင့်ပွဲ အခမ်းအနားအား အောက်တိုဘာလ ၃ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ''မြန်မာနိုင်ငံဟာအမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။

အဲဒီသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံများရဲ့ တာဝန်တစ်ရပ် အနေဖြင့် လည်းကောင်း၊ အာဆီယံ အမျိုးသ မီးနှင့် ကလေးသူငယ်များအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်အာဆီယံ အမျိုးသမီးရေးရာ ကော်မတီရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံဟာ အမျိုးသား၊ အမျိုး သမီး တန်းတူညီမျှ ဖြစ်ရေးနှင့် အမျိုးသမီး အခွင့်ရေး ကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနဟာ UNCEDAW၊ ACWC နှင့် ACW တို့နှင့် သက်ဆိုင်တဲ့ လုပ်ငန်းတွေကို တာဝန်ယူ ဆောင်ရွက်နေ တာ ဖြစ်ပါ တယ်'' ဟု ပြောကြားခဲ့သည်။
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း ၂၀၁၃-၂၀၂၂ စီမံချက် ရေး ဆွဲပြဋ္ဌာန်းထားသော အကောင်အထည်ဖော် ဆောင်ရွက်မည့် ဧရိယာ ၁၂ ခုနှင့် မဟာဗျူဟာ လေးရပ်တို့မှာ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများအတွက် ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် အရေးပေါ် အခြေအနေ၊ အမျိုးသမီးများနှင့် စီးပွားရေး၊ အမျိုးသမီးများနှင့် ဆုံးဖြတ်ချက်ချမှတ်မှု၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ယန္တရား၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးများနှင့် လူထု ဆက်သွယ်ရေး၊ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်နှင့် အမျိုးသမီးငယ်ရွယ်များ ဆိုသည့် အချက် များဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ဆက်လက်ပြောကြားရာတွင် ''ဒီမဟာဗျူဟာ စီမံကိန်းကို ရေးဆွဲ အကောင်အထည် ဖော်နိုင်ခြင်းဟာ နိုင်ငံတော် အတွက်သာမက မြန်မာအမျိုးသမီးထု တစ်ရပ်လုံးအတွက်ပါ အထူးအကျိုးရှိတဲ့ ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ရေးဆွဲပြဋ္ဌာန်း ထားတဲ့အတွက် CEDAW စာချုပ်ရဲ့ အဓိကမူဝါဒ သုံးရပ်ဖြစ်တဲ့ တန်းတူညီမျှမှုရှိခြင်း၊ ခွဲခြားဆက်ဆံမှု မရှိခြင်းနှင့် နိုင်ငံတော်၏ တိကျသော တာဝန်ဝတ္တရားနှင့် ပေကျင်းကြေငြာ စာတမ်းက ချမှတ်ထားတဲ့ ဧရိယာ ၁၂ ရပ်တို့ကို အလေးထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်'' ဟု ပြောကြားခဲ့သည်။
Eleven Media Group

No comments:

Post a Comment

My Blog List