Saturday, October 05, 2013

အမေရိကန် အခြေစိုက် Ford ကားကုမ္ပဏီ၏ အရောင်းပြခန်း ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

Saturday, October 5, 2013
အမေရိကန် အခြေစိုက် Ford ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို အောက်တိုဘာ ၄ ရက်တွင် အမှတ်-၃၊၁၂ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ် တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း Capital Automotive Ltd မှ သိရသည်။ ယခုဖွင့်လှစ်သော Ford ကုမ္ပဏီ၏ S3 စင်တာသည် Ford ကုမ္ပဏီထုတ် ကားသစ်များကို ရောင်းချပေးမည့်အပြင် ရောင်းချထားသော ကားများကိုလည်း ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်သည်။
Photo: အမေရိကန် အခြေစိုက် Ford ကားကုမ္ပဏီ၏ အရောင်းပြခန်း ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်
Saturday, October 5, 2013

အမေရိကန် အခြေစိုက် Ford ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို အောက်တိုဘာ ၄ ရက်တွင် အမှတ်-၃၊၁၂ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း Capital Automotive Ltd မှ သိရသည်။

ယခုဖွင့်လှစ်သော Ford ကုမ္ပဏီ၏ S3 စင်တာသည် Ford ကုမ္ပဏီထုတ် ကားသစ်များကို ရောင်းချပေးမည့်အပြင် ရောင်းချထားသော ကားများကိုလည်း ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်သည်။

''RMA Group နှင့် Capital Automotive တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှာရှိတဲ့ Customer များကို ကမ္ဘာ့အဆင့် Ford မော်တော်ကားများနှင့် မိတ်ဆက်ပေးရုံ သာမကဘဲ ပြိုင်ဘက်ကင်းတဲ့ ပိုင်ဆိုင်မှု အတွေ့အကြုံကို ပေးအပ်နိုင်မှာ ဖြစ်တဲ့အတွက် အလွန်ပဲ စိတ်လှုပ်ရှား မိပါတယ်'' ဟု Ford Motor Company, Asia Pacific Emerging Market Group ၏ Regional Manager David Westerman က ပြောကြားသည်။

ဝန်ဆောင်မှုနှင့် ပတ်သက်၍ ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများကို အောင်လက်မှတ် ရရှိထားသည့် ကျွမ်းကျင်ပညာရှင်များနှင့် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး မြန်မာစက်ပြင်ဆရာများ၊ အရောင်းဝန်ထမ်းများနှင့် ၀န်ဆောင်မှုပေးသည့် ၀န်ထမ်းများကိုလည်း လေ့ကျင့်ပျိုးထောင် ပေးမည်ဟု Ford ကုမ္ပဏီက ကတိပြုထားသည်။

Ford ကားကုမ္ပဏီ မြန်မာနိုင်ငံသို့ တရားဝင် စတင်ရောက်ရှိလာသည့် အမေရိကန် အခြေစိုက် မော်တော်ယာဉ် ကုမ္ပဏီဖြစ် ပြီး ပထမဆုံး အလုံးစုံ ၀န်ဆောင်မှုပေးသည့် ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယခုဖွင့်လှစ်ထားသော Ford မော်တော်ယာဉ် စင်တာတွင် ဆီဒင်ကားများ၊ ထရပ်ကားများ၊ SUV များကို ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

Ford ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင် အရောင်းကိုယ်စားလှယ် အဖြစ် လုပ်ကိုင်ခွင့် ရထားသော Capital Automotive Ltd သည် Capital Development အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒိုင်းမွန်းစတား ကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီ တစ်ခုဖြစ်သည်။ ဒိုင်းမွန်းစတား ကုမ္ပဏီသည် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး Capital အုပ်စုသည် မြို့ပြဖွံ့ဖြိုး ရေး၊ ဈေးဝယ်စင်တာများနှင့် မော်တော်ယာဉ် တင်သွင်းရောင်းချခြင်း လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက် ရှိသည့်အပြင် ၂၀၁၂ ခုနှစ်တွင် Capital Diamond Star အုပ်စုအဖြစ် ဖွဲ့စည်းထားသည်။

(Ford ကားကုမ္ပဏီ အရောင်းပြခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြင့်ကို))
Eleven Media Group
''RMA Group နှင့် Capital Automotive တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှာရှိတဲ့ Customer များကို ကမ္ဘာ့ အဆင့် Ford မော်တော်ကားများနှင့် မိတ်ဆက်ပေးရုံ သာမကဘဲ ပြိုင်ဘက်ကင်းတဲ့ ပိုင်ဆိုင်မှု အတွေ့ အကြုံကို ပေးအပ်နိုင်မှာ ဖြစ်တဲ့အတွက် အလွန်ပဲ စိတ်လှုပ်ရှား မိပါတယ်'' ဟု Ford Motor Company, Asia Pacific Emerging Market Group ၏ Regional Manager David Westerman က ပြောကြား သည်။ဝန်ဆောင်မှုနှင့် ပတ်သက်၍ ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများကို အောင်လက်မှတ် ရရှိထားသည့် ကျွမ်းကျင်ပညာရှင်များနှင့် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး မြန်မာစက်ပြင်ဆရာများ၊ အရောင်းဝန်ထမ်း များနှင့် ၀န်ဆောင်မှုပေးသည့် ၀န်ထမ်းများကိုလည်း လေ့ကျင့်ပျိုးထောင် ပေးမည်ဟု Ford ကုမ္ပဏီက ကတိပြုထားသည်။Ford ကားကုမ္ပဏီ မြန်မာနိုင်ငံသို့ တရားဝင် စတင်ရောက်ရှိလာသည့် အမေရိကန် အခြေစိုက် မော်တော်ယာဉ် ကုမ္ပဏီဖြစ် ပြီး ပထမဆုံး အလုံးစုံ ၀န်ဆောင်မှုပေးသည့် ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယခုဖွင့်လှစ်ထားသော Ford မော်တော်ယာဉ် စင်တာတွင် ဆီဒင်ကားများ၊ ထရပ်ကားများ၊ SUV များကို ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
Ford ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ်လုပ်ကိုင်ခွင့် ရထားသော Capital Automotive Ltd သည် Capital Development အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒိုင်းမွန်းစတား ကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီ တစ်ခုဖြစ်သည်။ ဒိုင်းမွန်းစတား ကုမ္ပဏီသည် ကုန်ထုတ်လုပ် မှုနှင့် ကုန်သွယ်မှု လုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပြီး Capitalအုပ်စုသည် မြို့ပြဖွံ့ဖြိုးရေး၊ ဈေးဝယ် စင်တာ များနှင့် မော်တော် ယာဉ် တင်သွင်းရောင်းချခြင်း လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက် ရှိသည့်အပြင် ၂၀၁၂ ခုနှစ်တွင် Capital Diamond Star အုပ်စုအဖြစ် ဖွဲ့စည်းထားသည်။
Eleven Media Group

No comments:

Post a Comment

My Blog List