Saturday, October 05, 2013

ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များအတွက် လိုအပ်သည့် နည်းပညာ အကူအညီပေးရန် ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ သန်းကျော် အသုံးပြုမည်

Saturday, October 5, 2013
မြန်မာနိုင်ငံရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့ အတွက်မှ သင်ရိုးညွှန်းတမ်း အပါအ၀င် လိုအပ်သည့် နည်းပညာ အကူအညီများပေးရန် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ သန်းကျော် အသုံးပြုမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ဥက္ကဌဖြစ်သူ Dr. Akihiko TANAKA က ပြောကြားသည်။
ယင်းကဲ့သို့ ပူးပေါင်းကူညီရန် အတွက် JICA မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရှိ သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများမှ အောက်တိုဘာ ၄ ရက်က ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့တွင် လက်ရှိတက်ရောက်နေသည့် နည်းပညာ ကျောင်းသားများ၊ ဘွဲ့လွန်၊ ဒေါက်တာဘွဲ့ တက်ရောက်နေသည့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်၍ နည်းပညာပူးပေါင်း ဆောင်ရွက်ခြင်း၊ နည်းပညာ ကျောင်းသားများ အတွက် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာများ တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဂျပန်နိုင်ငံရှိ တက္ကသိုလ် ခုနစ်ခုနှင့်လည်း နည်းပညာ အဆင့်မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံ တက္ကသိုလ်များရှိ ဆရာ၊ ဆရာမများမှ လာရောက် သင်ကြားခြင်း၊ ပြည်တွင်းမှ ဆရာဆရာမများကို ယင်းတက္ကသိုလ်များတွင် မွမ်းမံသင်တန်းအဖြစ် ဆက်လက် သင်ကြားခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ JICA မှ ဥက္ကဋ္ဌက ''အနာဂတ်မှာ အရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေ မွေးထုတ်ပေးနိုင်ပြီး နိုင်ငံအတွက် လူသား အရင်းအမြစ်ကောင်းတွေ ဖြစ်လာဖို့ ကူညီပေးသွားမှာပါ။ ဒီနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားတွေက အသိပညာနဲ့ အရည်အသွေးပိုင်းမှာ လိုအပ်နေပါသေးတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေး အခန်းကဏ္ဍ အတွက်လည်း ကူညီဖို့ အစီအစဉ်တွေ ရှိပါတယ်'' ဟု ပြောကြားသည်။ အဆိုပါ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရာတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ၂၀၁၈ ခုနှစ်ထိ ငါးနှစ် သတ်မှတ်ထားပြီး Civil, Ele-ctronic, Mechatronics, Mechanical,Elec-trical, Information Technology အင်ဂျင်နီယာ ပညာရပ်တို့ အဓိက ပါဝင်ကြောင်း သိရသည်။
Photo: ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များအတွက် လိုအပ်သည့် နည်းပညာ အကူအညီပေးရန် ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ သန်းကျော် အသုံးပြုမည်
Saturday, October 5, 2013

မြန်မာနိုင်ငံရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့ အတွက်မှ သင်ရိုးညွှန်းတမ်း အပါအ၀င် လိုအပ်သည့် နည်းပညာ အကူအညီများပေးရန် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ သန်းကျော် အသုံးပြုမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ဥက္ကဌဖြစ်သူ Dr. Akihiko TANAKA က ပြောကြားသည်။

ယင်းကဲ့သို့ ပူးပေါင်းကူညီရန် အတွက် JICA မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရှိ သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများမှ အောက်တိုဘာ ၄ ရက်က ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့တွင် လက်ရှိတက်ရောက်နေသည့် နည်းပညာ ကျောင်းသားများ၊ ဘွဲ့လွန်၊ ဒေါက်တာဘွဲ့ တက်ရောက်နေသည့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်၍ နည်းပညာပူးပေါင်း ဆောင်ရွက်ခြင်း၊ နည်းပညာ ကျောင်းသားများ အတွက် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာများ တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဂျပန်နိုင်ငံရှိ တက္ကသိုလ် ခုနစ်ခုနှင့်လည်း နည်းပညာ အဆင့်မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံ တက္ကသိုလ်များရှိ ဆရာ၊ ဆရာမများမှ လာရောက် သင်ကြားခြင်း၊ ပြည်တွင်းမှ ဆရာဆရာမများကို ယင်းတက္ကသိုလ်များတွင် မွမ်းမံသင်တန်းအဖြစ် ဆက်လက် သင်ကြားခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ JICA မှ ဥက္ကဋ္ဌက ''အနာဂတ်မှာ အရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေ မွေးထုတ်ပေးနိုင်ပြီး နိုင်ငံအတွက် လူသား အရင်းအမြစ်ကောင်းတွေ ဖြစ်လာဖို့ ကူညီပေးသွားမှာပါ။ ဒီနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားတွေက အသိပညာနဲ့ အရည်အသွေးပိုင်းမှာ လိုအပ်နေပါသေးတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေး အခန်းကဏ္ဍ အတွက်လည်း ကူညီဖို့ အစီအစဉ်တွေ ရှိပါတယ်'' ဟု ပြောကြားသည်။

အဆိုပါ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရာတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ၂၀၁၈ ခုနှစ်ထိ ငါးနှစ် သတ်မှတ်ထားပြီး Civil, Ele-ctronic, Mechatronics, Mechanical,Elec-trical, Information Technology အင်ဂျင်နီယာ ပညာရပ်တို့ အဓိက ပါဝင်ကြောင်း သိရသည်။

(ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များအတွက် အကူအညီပေးရန် နားလည်မှု စာချွန်လွှာ ရေးထိုးပွဲအား တွေ့ရစဉ်)

Eleven Media Group
(ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များအတွက် အကူအညီပေးရန် နားလည်မှု စာချွန်လွှာ ရေးထိုးပွဲအား တွေ့ရစဉ်)


Eleven Media Group

No comments:

Post a Comment

My Blog List