Saturday, October 5, 2013
နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲမြို့နယ် တွင်
ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက် သည်ဟုဆိုကာ
သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ အပါအဝင်
ဒေသခံ ၁၆ ဦးကို ဖမ်းဆီးထားကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။ သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ အပါအဝင်
ဒေသခံခြောက်ဦးကို အောက် တိုဘာလ ၂ ရက်နေ့ည ၁၀ နာရီကျော်တွင်
ဖမ်းဆီးခဲ့ပြီး မီးရှို့အကြမ်း ဖက်မှုများ ဖြစ်ပွားခဲ့သည့်
သဗြုချိုင်ကျေးရွာမှ ဒေသခံငါးဦးကို အောက်တို ဘာလ ၃ ရက်နေ့တွင်
ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ နောက်ထပ် ဒေသခံ နှစ်ဦး ကို အောက်တိုဘာလ ၃ ရက်နေ့ည
၉ နာရီနှင့် ၁၁ နာရီ ဝန်းကျင်တို့တွင် ဖမ်းဆီးခဲ့ကြောင်း ၎င်းကဆိုသည်။ အကြမ်းဖက်မှုများ အစပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်း ဆန်ခတ်မှုများတွင်
သာသနာအလံ ဖျက်ဆီးသူ ကမန်လူမျိုး ဦးကျော်ဇံလှကို ၂၈ ရက်နေ့တွင်
ဖမ်းဆီးခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပြီးနောက် ယင်းနေ့ ၂၉ ရက်နေ့တွင် ပင်
ပြန်လည် ဖမ်းဆီးထားပြီး ဆဲဆိုမှု၊ သာသနာ အကြည်ညို ပျက်စေမှုဖြင့်
အမှုဖွင့်ထားကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင်
ဦးကျော်ဇံလှ နေအိမ်ကို ခဲနှင့် ပစ်ပေါက်မှုဖြင့် မြို့ခံနှစ်ဦးကိုပါ
ဖမ်းဆီးထားသဖြင့် ဖမ်းဆီးခံရသူ ၁၆ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း
သံတွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။ သံတွဲမြို့နယ် RNDP
ဥက္ကဋ္ဌ အပါအဝင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ
ငါးဦး ရှိကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ဖမ်းဆီးသူ
၁၃ ဦးအထိ ရှိခဲ့ကြောင်း၊ ဖမ်းဆီးခံရ သည့် အကြောင်းအရင်းကို သေသေချာချာ
မသိရသေးကြောင်း သံတွဲမြို့ခံ ဦးမြင့်မိုးက ပြောကြားသည်။
သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌနှင့် အတူဖမ်းဆီးခံရသူ ခြောက်ဦးကို ဦးကျော်ဇံလှက
တရားလိုအဖြစ် ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း
တရားရုံး အချက်အလက်များကို ကိုးကားကာ ဦးမြင့်မိုးက ပြောဆိုသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းနေပြီဟု ယုံကြည်၍ ရခိုင်ပြည်နယ်၏ ပြန်လည်
ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လေ့လာရန်၊ ပြည်ထောင်စု
အစိုးရအနေနှင့် ကူညီသင့်သည်များကို အကူအညီပေးရန် လာရောက်သည့် ခရီးစဉ်တွင်
သာမန် အငြင်းပွားမှုတစ်ခုမှ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကြောင်း၊ ၎င်း၏ (သမ္မတ)
ခရီးစဉ်ကို အချိန်ကိုက် လုပ်ဆောင်ခြင်းဟု သံသယ ဖြစ်စရာ ရှိကြောင်း
သမ္မတဦးသိန်းစိန်က သံတွဲမြို့ရှိ ရခိုင်၊ ကမန် တိုင်းရင်းသား
မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ရရှိထားသည့်
အထောက်အထားများအရ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် သံတွဲ မြို့နယ်ရှိ
ကျေးရွာများကို ပြင်ပကျေးရွာသားများ လာရောက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း
သမ္မတက ဆိုသည်။ သံတွဲမြို့နယ် ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့်
ဆူပူ အကြမ်းဖက်မှုများတွင် သံတွဲဒေသခံအချို့က ဦးဆောင် လှုံ့ဆော်ခဲ့ပြီး
ယင်းဒေသရှိ ငါးဖမ်းလုပ်ငန်းများတွင် ပျံကျလုပ်ကိုင်နေသည့် ရေလုပ်သား
အများစု ပါဝင်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
ထုတ်ပြန် ပြောကြားသည်။ အကြမ်းဖက်မှုများတွင် ကျပန်း ရေလုပ်သားများ
ပါဝင်သည်ဟု အစိုးရက ပြောဆိုနေသော်လည်း အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍
ဖမ်းဆီးသူများတွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် လူမှုရေး လုပ်ငန်းလုပ်ကိုင်သူများသာပါဝင်နေသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊
အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ
ဖမ်းဆီးခံရသူများသည် အကြမ်းဖက်မှုများ ဖြစ်ပွားနေစဉ် ၎င်းတို့ နေအိမ်များတွင်သာ
ရှိနေခဲ့ကြောင်း ဦးမြင့်မိုးက ဆိုသည်။ ဦးကျော်ဇံလှ နေအိမ်ကို
မီးရှို့မှုဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ
အပါအဝင် ဒေသခံများသည် လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်သူများဖြစ်၍
ပဋိပက္ခတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်မှာ မဖြစ်နိုင်ကြောင်း၊
ဖမ်းဆီးရသည့် အကြောင်းအရင်းများကို သေချာလေ့လာပြီး တရားဥပဒေအရ
ရင်ဆိုင်သွားမည် ဖြစ်ကြောင်း RNDP ပါတီ၏ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက
ဆိုသည်။
သုံးဘီးဆိုင်ကယ်တွင် တပ်ဆင်ထားသည့် သာသနာ့အလံကို
စက်တင်ဘာလ ၂၈ ရက်နေ့က ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်
ဦးကျော်ဇံလှက ဖျက်ဆီးသည်ဟုဆိုကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု
ဖြစ်ပွားခဲ့ပြီး ဦးကျော်ဇံလှကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊
ဖမ်းဆီးခဲ့ပြီးနောက် စက်တင်ဘာလ ၂၉ ရက်နေ့က ဦးကျော်ဇံလှကို အာမခံဖြင့်
ပြန်လွှတ်လိုက်သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ မီးရှို့၊ အကြမ်းဖက်မှုများ
ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ဆူပူ အကြမ်းဖက်မှုများကြောင့် လူငါးဦး
သေဆုံးပြီး နှစ်ဦးပျောက် ဆုံးနေကာ လေးဦး ဒဏ်ရာရခဲ့ကြောင်း၊
ယင်းအကြမ်းဖက်မှု ဖြစ်စဉ်တွင် နေ အိမ် ၁၀၀ ကျော်၊ ဘာသာရေး အဆောက်အအုံ
နှစ်လုံး၊ လူပေါင်းငါးရာနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment