Friday, October 04, 2013

ဗိုလ်ချုပ်ပုံများကို ဂုဏ်သိက္ခာမဲ့စေသည့် လုပ်ရပ်များတွင် အသုံးပြုလျှင် ထောင်ဒဏ်တစ်နှစ် ကျခံရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြု

Friday, October 4, 2013
အ မျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ပုံကို ဂုဏ်သိက္ခာမဲ့သည့် လုပ်ရပ်များတွင် အသုံး ပြုလျှင် ထောင်ဒဏ်၊ ငွေဒဏ် များချမှတ်နိုင်သည့် ပုဒ်မအား ၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်း အမှတ်များ (ဆင်ယင်ပြ သမှု ကန့် သတ်ရေး)အက်ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းတွင် ပြည် သူ့လွှတ်တော် ဥပဒေကြမ်းကော် မတီက အစားထိုးပြင်ဆင်ချက်အ တည်ပြုလိုက်ကြောင်းသိရသည်။
ထိုသို့ အစားထိုးပြင်ဆင် ချက်အား အတည်ပြု လိုက်သည့် ပုဒ်မသည် မူလဥပဒေဖြစ်သည့် ပြစ်ဒဏ်ကျခံခြင်းအခန်း၏ ပုဒ်မ- ၇ ၏ ပုဒ်မခွဲငယ်(ကက)နှင့် (ခခ) တို့ကိုပယ်ဖျက်ခဲ့ပြီး ပုဒ်မခွဲ(ကက) တွင် 'တရားဝင်အသင်းများမှတစ် ပါး အခြား သူများ ဆိုလျှင် ထောင် ဒဏ်တစ်နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် ၅၀၀၀၀ ထက်မပိုစေရ၊ ထို့ အပြင် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရမည်' ဟုလည်းကောင်း၊ ပုဒ်မခွဲငယ် (ခခ)တွင် 'တရားဝင်အသင်း အ ဖွဲ့ဖြစ်လျှင် ဒဏ်ငွေ ကျပ် တစ်သိန်းထက်မပိုစေရ'ဟုလည်းကောင်း ထောင်ဒဏ် ပါဝင်ခြင်းမရှိဘဲ ဥပ ဒေကြမ်းကော်မတီမှ အစားထိုး ပြင်ဆင်လိုက်ကြောင်းသိရသည်။

ထိုသို့ အစားထိုးပြင်ဆင် မှုနှင့် ဥပဒေပြင်ဆင်ချက်များကို အောက်တိုဘာ ၂ ရက်က ဥပဒေ ကြမ်းကော်မတီ၏ ပြင်ဆင်ဖြည့် စွက်ချက်များအတိုင်း ပြည်သူ့ လွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေးတွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ်ဦးဝင်းမြင့်က ''ဆန္ဒပြ တဲ့နေရာတွေမှာ ဗိုလ်ချုပ်ပုံကိုင် ပြီး ဆန္ဒပြတာမျိုးဟာ ဂုဏ်သိက္ခာ မဲ့တဲ့ လုပ်ရပ်လို့ဆိုရင် အစောက ပြောခဲ့သလိုပဲ ပုဒ်မခွဲငယ်(ကက) နဲ့(ခခ)တို့ကို အရေးယူလို့ရတယ်။ ဒီပြင်ဆင် ချက်တွေ က အခုမှ ပြည်သူ့ လွှတ်တော်က အတည် ပြုလိုက်တာဖြစ်တယ်။ အမျိုး သားလွှတ်တော်နဲ့ ပြည်ထောင် စုလွှတ်တော်မှာ အတည်ပြုဖို့ လိုတယ်''ဟုပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ဦးသိန်းညွန့်က ''အမျိုး သားခေါင်းဆောင်ရဲ့ ပုံတွေကို ကိုယ်အာဏာရရေးအတွက် လယ် ကွင်းထဲမှာ စာခြောက်ရုပ်လို ချိတ် ဆွဲထားတာမျိုးကိုတော့ ကျွန် တော်တို့ အမျိုးသားခေါင်းဆောင် ကြီးကို လေးစား တဲ့အတွက် လက် မခံပါဘူး''ဟု ပြောသည်။ ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြ သမှုကန့်သတ်ရေး)အက်ဥပဒေ အား ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးတင်မောင်ဦးက လွှတ် တော်သို့ တင်သွင်း ခဲ့ပြီး ပြည်သူ့ လွှတ်တော်ဥပဒေကြမ်း ကော်မ တီက ပြန်လည်စိစစ်အစီရင်ခံ မှုများအတိုင်း အတည်ပြုလိုက် ခြင်းဖြစ်သည်။ အဆိုပါဥပဒေကြမ်းပြင် ဆင်မှုတွင် မူလဥပဒေကြမ်းအား ပြင်ဆင်ချက်တင်ပြသည့် ပြည် သူ့လွှတ်တော် ကိုယ်စား လှယ် ဦးတင်မောင်ဦး၏ ပြင်ဆင်ချက် အချက်လေးချက်အား ပယ်ဖျက် ခဲ့ပြီး ဥပဒေကြမ်းကော်မတီ၏ပြင်ဆင်ချက်များအတိုင်း ပြည် သူ့လွှတ်တော်က အတည်ပြု လိုက်သည်။
Yangon Media Group

No comments:

Post a Comment

My Blog List