Wednesday, October 02, 2013

ပြည်သူလူထုက လေးစားကြည်ညိုသည့် တပ်မတော်ဖြစ်ရန် နိုင်ငံရေးထဲ ဝင်မပါစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Wednesday, October 2, 2013
ပြည်သူလူထုကလေးစားကြည်ညိုချစ်ခင်သည့် တပ်မတော်ဖြစ်စေချင်သည့်အတွက် နိုင်ငံရေးထဲ ဝင်မပါစေ ချင် ကြောင်း ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌေ ဒ်ါအောင်ဆန်းစုကြည် က ပြောသည်။”အန်တီ ရှင်းရှင်းပြောပြီး ပြီလေ။ တပ်မတော်ရဲ့ အခန်း ကဏ္ဍဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ ပြည်သူကိုကာကွယ်ဖို့။အန်တီဘယ်တုန်းကမှနိုင်ငံရေးထဲကိုဝင်ပါတဲ့ တပ်မ တော် ကို အားမပေးခဲ့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောတာ။ ဒါဟာ တပ်မတော်ကို မချစ်လို့ မဟုတ်ဘူး။ ချစ်လို့တန်ဖိုး ထားလို့။ဒါမလုပ်စေချင်တာ။မလုပ်သင့်တဲ့ကိစ္စမို့လို့မလုပ်စေချင်တာ။ အန်တီတို့ တပ်မ တော်ကိုတကယ့်ကို အရည်အချင်း ပြည့်ဝပြီးတော့ကမ္ဘာ့စံချိန်မီပြီးတော့ ပြည်သူလူထုက ထောက်ခံကြည်ညိုပြီးတော့ ကိုယ့်နေ ရာမှာကိုယ် နေတတ် တဲ့ တပ်မတော်မျိုးပဲဖြစ်စေချင် တယ်”ဟု ၄င်းကပြောသည်။
လက်ရှိ တပ်မတော်ကို နိုင်ငံတကာအဆင့်မီရန် စွမ်းရည် မြှင့်တင်ရေးအတွက် ရွှေပြည်သာ မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး ၏ လွှတ်ေ တ်ာတွင်း မေးမြန်း ဆွေးနွေးမှုနှင့် ပတ် သက်ပြီး ယနေ့နေပြည်တော်တွင်ကျင်းပ သော ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးသည့်အချိန် တွင် သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်ကို မေးမြန်း ရာ ¤င်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။
”ပြည်သူလူထုကနေ ရွေး ချယ်ထားတဲ့ အရပ်သား အစိုး ရက တပ်မတော်ကို အားလုံး တာဝန်ယူရမယ်။ တပ်မတော်ဆိုတာပိုက်ဆံရှာနေစရာလုပ်ရမယ့်ဟာမဟုတ်ဘူး။ ဒီအရပ်သားအစိုးရကပြည့်ပြည့်စုံစုံပေးထား ရမယ်။ အဲဒါမှလည်း တပ်မတော်က အဆင့်မြင့်မြင့် နဲ့ ဣနြေ္ဒရရနေနိုင်မှာပေါ့”ဟု၎င်းက ပြောသည်။
လက်ရှိမြန်မာနိုင်ငံ တပ် မတော်အနေဖြင့် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် စီးပွားရှာနေရသည့် အခြေအနေကို ရောက်နေကြောင်း၊ ပြည်သူလူထုကရွေးကောက်တင် မြှောက်ထားသော အရပ်သား အစိုးရအနေဖြင့်လုံလောက်စွာ ပံ့ပိုးပေးရန် လိုအပ်ကြောင်း၊ သို့မှသာ တပ်မတော်မှလည်း မိမိတို့၏ အဓိက တာဝန်ဖြစ်သည့်တိုင်းပြည်နှင့်ပြည်သူများကိုကာကွယ်ပေးနိုင်သည့် နိုင်ငံတကာမှ လေးစားသည့်တပ်မတော် အဖြစ်ရပ်တည် နေနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
”အန်တီတို့က တစ်နိုင်ငံလုံးမှာ ရှိ တဲ့ တပ်မတော် တစ်ခုတည်းဖြစ်ဖို့ဆိုပြီး ဒီလို မတွေးရဘူး။ တကယ် ကိုညီညွတ် တဲ့ဒီမိုကရေစီပြည်ထောင်စုကြီးဖြစ်ဖို့ ဆိုပြီးတော့ တွေးရမယ်။ အဲဒီဟာမှာ မှအဲဒီအောက်မှာမှ တခြားဟာတွေကလာမှာ။အရေးကြီးတာကတကယ်ကိုစစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတိုင်းရင်းသားများ လက်ခံနိုင်တဲ့ဟာနဲ့ ထူထောင်နိုင်မှ တခြားဟာတွေက အဲဒီက ဆင်းသက်လာမှာ။ အဲဒါကို အရေးကြီး တာက တကယ့်ကို စစ်မှန်တဲ့ဒီမိုကရေ စီပြည်ထောင်စုတိုင်းရင်းသားများ လက် ခံနိုင်တဲ့ ပုံစံနဲ့ထူထောင်နိုင် မှ တခြား ဟာတွေက အဲဒီက ဆင်းသက်လာမယ်။ အဲဒါကို အလေးထားရမယ်”ဟု ဒေါ် အောင်ဆန်း စုကြည်ကပြောသည်။
ဒီမိုကရေစီနိုင်ငံ တည်ဆောက် နိုင်ပါက မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်မတော်တစ်ခုတည်းဖြစ်ရေးမှာ အလိုလို ပြေလည်သွားမည်ဖြစ်ပြီး တိုင်းရင်းသားများလက်ခံနိုင်သည့် အနေအထားဖြစ်ပါ က ပြဿနာ များပြေလည်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တိုက်ရိုက်သက်ဆိုင်နေကြောင်း ၄င်းက ပြောကြား ခဲ့သည်။
စိုင်းနောင်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List