Thursday, October 3, 2013
ကုဒ်နံပါတ် 75710 အမည်နဲ့ ကမ္ဘာ့အကြီးဆုံးထရပ်ကားကို ဥရောပဘီလာရုဇ်နိုင်ငံအခြေဆိုက် Belaz ကုမ္မဏီ က ထုတ်ဖောက်ပြသလိုက်ပြီ ဖြစ် ပါတယ်။
ကုဒ်နံပါတ် 75710 အမည်နဲ့ ကမ္ဘာ့အကြီးဆုံးထရပ်ကားကို ဥရောပဘီလာရုဇ်နိုင်ငံအခြေဆိုက် Belaz ကုမ္မဏီ က ထုတ်ဖောက်ပြသလိုက်ပြီ ဖြစ် ပါတယ်။
ပုံမှာ မြင်တွေ့နေရတဲ့ကားပါပဲ။ ၁၆ လုံး ပစ်စတင်ပူးဆလင်ဒါ အင်ဂျင် ၂ စုံတပ်ဆင်ထားပြီး တာဘိုချာဂျာ လည်း ၂ စုံပါရှိ ပါတယ်။
အင်ဂျင်တစ်လုံးစီက ထုတ်ပေးနိုင်တဲ့ မြင်းကောင်ရေအားကတော့ ၂၃၀၀ ကိုယ် စီ
ဖြစ်ပြီး စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်စွမ်းက ၄၆၀၀ hp
ရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Electromechanical Transmission စနစ်
အသုံးပြုထားပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုလည်း ပါဝင် အုံး မှာပါ။
ထရပ်ကားရဲ့  သယ်ယူနိုင်တဲ့ တန်ချိန်ပေါင်းကတော့ Payload - ၄၉၆ တန်
ဖြစ်ပါတယ်။
ဒါကြေင့်မို့ ကမ္ဘာ့ပထမဆုံး ၄၉၆ တန် တင်ဆောင်နိုင်သော
ကားအဖြစ်လည်း စံချိန်တင်ပါတယ်။ အရွယ် အစား ထုထည်အရကော၊ သယ်ဆောင်နိုင်တဲ့
အလေးချိန်အရကော အကြီးဆုံး ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၄၀ အထိပဲ
အမြန်ဆုံးသွားနိုင်ပါတယ်။ သတ္တုတွင်းတွေမှာ အသုံးပြုနိုင်ရန်အတွက်ပါ။ Belaz
ဆိုတာ ယင်းကဲ့ သို့ အရွယ်ကြီး ထရပ်ကား၊ သတ္တုတွင်းကားများကို ထတ်လုပ်နေတဲ့
ကုမ္မဏီ ဖြစ်ပါတယ်။ ကုဒ်နံပါတ် 75710 လို့ အမည် ပေးထားတဲ့ယင်းကားကိုလည်း
ဂင်းနစ်စံချိန်တင်နိုင်ရန် အတွက်ပါ ရည်ရွယ်၍ ထုတ်လုပ်ဖန်တီး ခဲ့ခြင်း
ဖြစ်ကြောင်း သိရပါတယ်။ကားဗီဒီယို ကြည့်ရှုရန် -
http://youtu.be/FYkzkzHDWp0
Aung Kham (ColayAutomobile)
No comments:
Post a Comment