Tuesday, October 1, 2013
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကိစ္စကို မြန်မာ နိုင်ငံသမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၁ရက် ဒီကနေ့မှာ စစ်တွေမြို့ကို ရောက်ရှိမယ်လို့လည်း သိရပါ တယ်။ စစ်တွေမြို့မှာ တစ်ညအိပ်ပြီးမှ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေကို သွားရောက်လေ့လာမယ် လို့ သိရပါတယ်။ သမ္မတအနေနဲ့ ရခိုင်ပြည်နယ်ကို လည်ပတ်မယ်ဆိုတာ ဟုတ်မှန်ကြောင်း ဒါပေမယ့် ဘာကြောင့် လာသလဲဆိုတာမသိရပေမယ့် ရခိုင်ပြည်နယ်မှာ ရခိုင်ပဋိပက္ခကိစ္စနဲ့ ရွှေသဘာဝကိစ္စက လွဲပြီး တခြားကိစ္စမရှိနိုင်တဲ့အကြောင်း သမ္မတလာရောက်မှာဖြစ်တဲ့အတွက် စစ်တွေမြို့မှာရှိတဲ့ ရခိုင်ဒုက္ခသည်ေ တွနေထိုင်ရာ ဆတ်ရိုးကျမြို့သစ်ရပ်ကွက်က လမ်းတွေကို ပြုပြင်နေကြတယ်လို့ ရခိုင်ပြည်နယ်အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အပေါ် ဒေသခံတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကလည်း စိတ်ဝင်စားနေကြတယ်လို့လည်း သိရပါတယ်။ရခိုင်ပြည်နယ်၊သံတွဲမြို့မှာ စက်တင်ဘာ ၂၉ နေ့ညနေပိုင်းက ဗုဒ္ဓဘာသာနဲ့မွတ်စလင်တွေအကြားပြဿနာဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ အမျိုးဘာသာသနာ စောင့်ေ ရှာက်ရေးအသင်းရဲ့ ဗုဒ္ဓဘာသာ အလံကို သုံးဘီးဆိုင်ကယ်တစ်စီးမှာ ချိတ်ထားတာကို အစ္စလမ်ဘာသာဝင် အချို့က ဖျက်စီးခဲ့တာကြောင့် ဒေသခံတို့က မကျေမနပ်ဖြစ်ပြီး သံတွဲရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တယ်လို့ သိရပါတယ်။ သံတွဲမြို့ရဲတပ်ဖွဲ့က ကျူးလွန်သူတွေကို စွဲချက်တင်ပြီး အာမခံနဲ့ပြန် လွှတ်ပေးခဲ့တာကို မကျေနပ်တဲ့အတွက် ဘုန်းတော်ကြီးတွေအပါအဝင် ဗုဒ္ဓဘာသာဝင်တွေက စခန်းမှူးနဲ့ ဆွေးနွေးခဲ့ပြီး အဆင် မပြေတဲ့အတွက် အစ္စလာမ်ဘာသာဝင်တချို့ရဲ့ နေအိမ်ကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာတွေ၊ အိမ်တစ်အိမ်ကို မီးတင်ရှို့ခဲ့တာတွေအပြင် အာရ်ဗစ်ဘာသာ စာသင်ကျောင်းတစ်ခုကိုလည်း ခဲနဲ့ ပေါက်ခဲ့တယ်လို့ ဆိုပါ တယ်။ မျက်နှာဖုံးတွေ တပ်ဆင်ပြီး မီးတုတ်တွေ ကိုင်ဆောင်ထားတဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က လူစုမခွဲနိုင် တာကြောင့်မီးခိုးဗုံး(၁)လုံးနဲ့ရာဘာကျဉ်အတောင့်(၂၀)အသုံးပြုပြီးလူစုခွဲခဲ့ရသလို ခုအခါမှာ လုံခြုံရေး အင်အား ဖြည့်တင်းထားတယ်လို့လည်း မြစ်မခ သတင်းအရ သိရပါတယ်။
ABC Radio Australia

No comments:
Post a Comment