Wednesday, October 02, 2013

ပလတ်စတစ် iPhone ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်တွင် ဖုန်းကိုယ်ထည်ထုတ်လုပ်မှုက မှန်းထားသည်ထက် ၄၂ ဒေါ်လာသက်သာနေ

Apple ကုမ္ပဏီမှ မကြာသေးမီအချိန်က ထုတ်လုပ်ဖြန့်ချိခဲ့သည့် iPhone 5S နှင့် iPhone 5C တို့ကို ထုတ်လုပ်သည့်ကုန်ကျစရိတ်ခြားနားမှုမှာ ယခင်ကထင်မှတ်ထားသည်ထက် ပိုမိုသက်သာနေသည် ဟူ သော သတင်းတစ်ရပ် ပေါ်ထွက်လာခဲ့သည်။UBS မှ Apple ၏ iPhone အသစ်များအား အသေးစိတ်လေ့လာခဲ့ရာတွင် 16 GB ရှိ iPhone 5S အတွက် လိုအပ်သော ပစ္စည်းများမှာ ကန်ဒေါ်လာ ၂၁၃ ကုန်ကျပြီး 5C အတွက် ၁၅၆ ဒေါ်လာသာကုန်ကျသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ပစ္စည်းများအတွက် ကုန်ကျစရိတ်တွင် ၅၇ ဒေါ်လာကွာခြားသည်။ ထိုပမာဏတွင် ပလတ်စတစ်ဖုန်း 5C အတွက် ကိုယ်ထည်မှာ ကန်ဒေါ်လာ ၄၂ ဒေါ်လာခြားနားသည်ဟု UBS မှ တွေ့ရှိခဲ့ရသည်။ iPhone 5S အား အလူမီနီယံဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ထုတ်လုပ်မှုစရိတ်သက်သာစေသော အခြားအချက်များမှာ လက်ဗွေဖတ်စနစ်အသုံးပြုခြင်းနှင့် အခြားအစိတ်အပိုင်းများဖြစ်သော sensor များ၊ memory နှင့် processor တို့တွင်ဖြစ်သည်။ လက်ဗွေဖတ်စနစ်တွင် ကန်ဒေါ်လာ ခုနစ်ဒေါ်လာသက်သာပြီး အခြားအစိတ်အပိုင်းများအတွက် ကန်ဒေါ်လာ ရှစ်ဒေါ် လာကွာခြားသည်။ HIS မှာလည်း UBS ကဲ့သို့သော အလားတူ ဆောင်ရွက်မှုမျိုးအား လွန်ခဲ့သော သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည်။ iPhone များကိုတစ်စစီဖြုတ်ကာတွက်ချက်ကြည့်ရာ တွင် 16GB 5S အတွက် ကန်ဒေါ် လာ ၁၉၁ ဒေါ်လာကုန်ကျပြီး ပလတ်စတစ်ဖုန်း 5C အတွက် ကန်ဒေါ်လာ ၁၇၃ ဒေါ် လာ သက်သာသည်။ ဖုန်းနှစ်လုံးထုတ်လုပ်ရေးအတွက် စုစုပေါင်းကုန်ကျ စရိတ်ခြားနားချက်မှာ ကန်ဒေါ်လာ ၂၆ ဒေါ်လာဖြစ်သည်ဟု HIS က ဖော်ပြခဲ့သည်။
သို့သော် UBS နှင့် HIS တို့မှ အခြားသော အစိတ်အပိုင်းများအတွက် ကုန်ကျစရိတ်အပေါ်တွင် ကွဲပြားခြား နားမှု မရှိပေ။ HIS မှ စုစုပေါင်း ကုန်ကျစရိတ်ခြားနားချက်မှာ ၄၁ ဒေါ်လာဟု ဆိုထားပြီး UBS မှာ ၄၂ ဒေါ် လာဟုဆိုထားသည်။ ထို့အတူ UBS နှင့် HIS တို့ အနေဖြင့် လက်ဗွေဖတ်စနစ်အတွက်ကုန်ကျစရိတ်ခြား နားမှု ခုနစ်ဒေါ်လာဖြစ်ပြီး A7 processor နှင့် A6 processor တို့အတွက် ခြားနားချက်မှာလည်း ခုနစ် ဒေါ်လာဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်မှုစရိတ်ခြားနားခြင်းအပြင် သယ်ယူပို့ဆောင်ရေးစရိတ်များအား ပေါင်းစပ်ကာ အသားတင်အမြတ် ရရှိမှုကိုလည်း UBS မှ တွက်ချက် ထားသည်။ UBS အဆိုအရ 5C အတွက် အသားတင်အမြတ်မှာ ၄၈ ရာခိုင်နှုန်းနှင့် ၅၅ ရာခိုင်နှုန်း အကြားတွင်ရှိပြီး 5S အတွက် အသားတင်အ မြတ်မှာ ၄၅ ရာခိုင်နှုန်းနှင့် ၅၅ ရာခိုင်နှုန်းအကြားတွင်ရှိသည်။
Apple အနေဖြင့် ယခုကဲ့သို့ထွက်ရှိနေသော သတင်းများအပေါ် တစ်စုံတစ်ရာမှတ် ချက်ပေးထားခြင်း မရှိသေးပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List