Thursday, October 03, 2013

မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန် လည်ဖွဲ့စည်းဖွယ်ရှိ

Thursday, October 3, 2013
ယခုရာသီအသင်းကိုစတင်တာဝန်ယူသည့်မိုယက်စ်၏သမီးတစ်ဦးက အမျိုးသမီးဘောလုံးသမားများဖြစ်နြေ ခင်းနှင့်အတူ ယူနိုက်တက်က အမျိုးသမီးအသင်းကို တစ်ကျော့ပြန် တည်ထောင်ပေးရန် စဉ်းစားနေခြင်းဟု ဆိုသည်။ မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန်လည် ဖွဲ့စည်းဖွယ်ရှိမန်ချက်စတာ ယူနိုက်တက်အနေဖြင့် မန်နေဂျာဒေးဗစ်မိုယက်စ်ကြောင့်အမျိုးသမီးဘောလုံးအသင်းကိုပြန်လည် ဖွဲ့စည်းဖြစ် ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
 Photo: မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန် လည်ဖွဲ့စည်းဖွယ်ရှိ
Thursday, October 3, 2013

ယခုရာသီ အသင်းကို စတင်တာဝန်ယူသည့် မိုယက်စ်၏ သမီးတစ်ဦးက အမျိုးသမီး ဘောလုံးသမားများ ဖြစ်နေခြင်းနှင့်အတူ ယူနိုက်တက်က အမျိုးသမီး အသင်းကို တစ်ကျော့ပြန် တည်ထောင်ပေးရန် စဉ်းစားနေခြင်းဟု ဆိုသည်။

မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန်လည် ဖွဲ့စည်းဖွယ်ရှိမန်ချက်စတာ ယူနိုက်တက် အနေဖြင့် မန်နေဂျာ ဒေး ဗစ်မို ယက်စ်ကြောင့် အမျိုးသမီး ဘောလုံးအသင်းကို ပြန်လည် ဖွဲ့စည်းဖြစ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အင်္ဂလန် ချန်ပီယံ အသင်းအနေဖြင့် (၂၀၀၅)ခုနှစ် ကတည်းက အမျိုးသမီး အသင်းကို ဖျက်သိမ်းထားပြီး ဖြစ်သည်။ သို့သော်လည်း ယခုရာသီ အသင်းကို စတင်တာဝန်ယူသည့် မိုယက်စ်၏ သမီးတစ်ဦးက အမျိုးသမီး ဘောလုံး သမားများ ဖြစ်နေခြင်းနှင့်အတူ ယူနိုက်တက်က အမျိုးသမီး အသင်းကို တစ်ကျော့ပြန် တည်ထောင်ပေးရန် စဉ်းစားနေခြင်းဟု ဆိုသည်။ အင်္ဂလန် ဘောလုံးလောက၏ ဟဲဗီးဝိတ် အသင်းများဖြစ်သည့် မန်ချက်စတာစီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့တွင် အမျိုးသမီး အသင်းများ ရှိသလို မိုယက်စ်ကိုင်တွယ်ခဲ့သည့် အသင်းဟောင်း အဲဗာတန်ကလည်း အလားတူ ဖွဲ့စည်းပေးထားသည်။

ယူနိုက်တက်သည် ယခင်က အမျိုးသမီး အသင်းကို ဖွဲ့စည်းဖူးသော်လည်း (၂၀၀၅)ခုနှစ်တွင် အသင်းတာဝန်ရှိသူများက ယင်းကုန်ကျစရိတ်ကို အသင်း၏ လူငယ်ပျိုးထောင်မှု ကဏ္ဍတွင် အဓိက အသုံးပြုရန် ဆုံးဖြတ်ကာ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ယူနိုက်တက်သည် မိန်းကလေးများအတွက် ဘောလုံးနည်းစနစ် သင်ကြားပို့ချပေးသော်လည်း အသက်(၁၈)နှစ်ထိသာ လက်ခံပေးထားသည်။ မိုယက်စ်၏ (၁၉)နှစ်အရွယ် သမီးဖြစ်သူ လော်ရန်မိုယက်စ်သည် လတ်တလောတွင် ပရက်စ်တန် နော့သ်အန်း အမျိုးသမီး အသင်းအတွက် ကစားပေးလျှက် ရှိသည်။

မိုယက်စ်သည် မေလက ကင်းဘရစ်ဂ်ျ ယူနီယံသို့ သွားရောက် လည်ပတ်စဉ်က အမျိုးသမီး အသင်းများကို အားပေးကူညီသင့်ကြောင်း အလေးအနက် ပြောဆိုဖူးသည်။ ၎င်းက "အမျိုးသမီး ဘောလုံးပွဲတွေဟာ အချိန်နဲ့အမျှ ပိုအဆင့်မြင့်လာ၊ ပိုအားကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကျွန်တော့်သမီးဟာ ပရက်စ်တန်မှာ ကစားနေတယ်။ ကျွန်တော် ဒီအတွက် အရမ်း အားပေးမိပါတယ်။ အာဆင်နယ်မှာဆိုရင် သိပ်ကို ကောင်းမွန်တဲ့ အမျိုးသမီးအသင်း ရှိနေသလို အဲဗာတန် အမျိုးသမီး အသင်းကလည်း ဘောလုံးကစားတာ အပျံစားပါပဲ"ဟုလည်း ပြောကြားခဲ့သည်။

Guardian သတင်းစာက ယူနိုက်တက်တွင် အမျိုးသမီးအသင်း ဖွဲ့စည်းရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ကလပ်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက "ဒီလိုကိစ္စဆိုတာ အချိန်နဲ့အမျှ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ကလပ်အသင်း အနေနဲ့ လိုအပ်ရင် ပြန်ပြီး သုံးသပ်လေ့လာမှုတွေ လုပ်ဆောင်တာမျိုး ရှိမှာပါ။ အမှန်တကယ် သုံးသပ်မှုတွေ ပြည့်ပြည့်ဝဝ ရှိခဲ့ပြီ ဆိုရင်တော့ အသင်းက လိုအပ်တဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်ပါလိမ့်မယ်"ဟု ဖြေဆိုသွားသည်။

Planet Myanmar Network

အင်္ဂလန်ချန်ပီယံ အသင်းအနေဖြင့် (၂၀၀၅)ခုနှစ်ကတည်းက အမျိုးသမီးအသင်းကိုဖျက်သိမ်းထားပြီး ဖြစ် သည်။ သို့သော်လည်း ယခုရာသီအသင်းကို စတင်တာဝန်ယူသည့် မိုယက်စ်၏သမီးတစ်ဦးက အမျိုးသ မီးဘောလုံးသမားများဖြစ်နေခြင်းနှင့်အတူယူနိုက်တက်ကအမျိုးသမီးအသင်းကိုတစ်ကျော့ပြန်တည်ထောင်ပေး ရန် စဉ်းစားနေခြင်းဟု ဆိုသည်။ အင်္ဂလန် ဘောလုံးလောက၏ ဟဲဗီးဝိတ် အသင်းများဖြစ်သည့် မန်ချက် စတာစီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့တွင် အမျိုးသမီး အသင်းများ ရှိသလို မိုယက်စ်ကိုင်တွယ်ခဲ့သည့် အသင်းဟောင်း အဲဗာတန်ကလည်း အလားတူ ဖွဲ့စည်းပေးထားသည်။
ယူနိုက်တက်သည် ယခင်ကအမျိုးသမီးအသင်းကို ဖွဲ့စည်းဖူးသော်လည်း (၂၀၀၅)ခုနှစ်တွင် အသင်းတာဝန် ရှိသူများက ယင်းကုန်ကျစရိတ်ကိုအသင်း၏ လူငယ်ပျိုးထောင်မှု ကဏ္ဍတွင် အဓိက အသုံးပြုရန် ဆုံးဖြတ်ကာ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ယူနိုက်တက်သည် မိန်းကလေးများအတွက် ဘောလုံးနည်းစနစ် သင်ကြားပို့ချပေးသော်လည်း အသက်(၁၈)နှစ်ထိသာ လက်ခံပေးထားသည်။ မိုယက်စ်၏ (၁၉)နှစ်အရွယ် သမီးဖြစ်သူ လော်ရန်မိုယက်စ်သည် လတ်တလောတွင် ပရက်စ်တန် နော့သ်အန်း အမျိုးသမီး အသင်းအ တွက် ကစားပေးလျှက် ရှိသည်။
မိုယက်စ်သည် မေလက ကင်းဘရစ်ဂ်ျ ယူနီယံသို့ သွားရောက် လည်ပတ်စဉ်က အမျိုးသမီး အသင်းများကို အားပေးကူညီသင့်ကြောင်း အလေးအနက် ပြောဆိုဖူးသည်။ ၎င်းက "အမျိုးသမီး ဘောလုံးပွဲတွေဟာ အချိန်နဲ့အမျှ ပိုအဆင့်မြင့်လာ၊ ပိုအားကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကျွန်တော့်သမီးဟာ ပရက်စ်တန်မှာ ကစားနေတယ်။ ကျွန်တော် ဒီအတွက် အရမ်း အားပေး မိပါတယ်။ အာဆင်နယ်မှာဆိုရင် သိပ်ကို ကောင်းမွန်တဲ့ အမျိုးသမီးအသင်း ရှိနေသလို အဲဗာတန် အမျိုးသမီး အသင်းကလည်း ဘောလုံးကစားတာ အပျံစားပါပဲ"ဟုလည်း ပြောကြားခဲ့သည်။
Guardian သတင်းစာက ယူနိုက်တက်တွင် အမျိုးသမီးအသင်း ဖွဲ့စည်းရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ကလပ်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက "ဒီလိုကိစ္စဆိုတာ အချိန်နဲ့အမျှ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ကလပ်အသင်း အနေနဲ့ လိုအပ်ရင် ပြန်ပြီး သုံးသပ်လေ့လာမှုတွေ လုပ်ဆောင်တာမျိုး ရှိမှာပါ။ အမှန်တကယ် သုံးသပ်မှုတွေ ပြည့်ပြည့်ဝဝ ရှိခဲ့ပြီ ဆိုရင်တော့ အသင်းက လိုအပ်တဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်ပါလိမ့်မယ်"ဟု ဖြေဆိုသွားသည်။
Planet Myanmar Network

No comments:

Post a Comment

My Blog List