Wednesday, October 02, 2013

မြန်မာ့လေကြောင်း ဖနွမ်းပင်-ရန်ကုန် အကြိမ်ရေ တိုးမြှင့်ပြန်သန်းမည်

Wednesday, October 2, 2013
လေယာဉ်စီးခရီးသည်များများပြားလာနေသည့်အတွက် မြန်မာ့လေကြောင်းလိုင်းတစ်ခုဖြစ်သော MAI အနေဖြင့် ဖနွမ်းပင်နှင့် ရန်ကုန်အကြား ပြေး ဆွဲနေသည့် အကြိမ်ရေအား ယခုလတွင် တိုးမြှင့်သွားမည်ဟု MAI ၏ တရားဝင် သတင်းဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။ ထို့အတူ ဖနွမ်းပင်နိုင်ငံတကာ လေဆိပ်ရှိ MAI ရုံးခန်းမှ အလုပ်သမားတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
ယခုအခါတွင် MAI အနေဖြင့် ရန်ကုန်-ဖနွမ်းပင် ခရီးစဉ်အား တစ်ပတ်နှစ်ကြိမ် ပြေးဆွဲလျက်ရှိသည်။
“အောက်တိုဘာလထဲမှာ တစ်ပတ်ကို သုံးကြိမ်အထိ တိုးမြှင့်ပျံသန်းသွားမှာပါ” ဟု MAI ၏ လေဆိပ်ရုံးခန်း မန်နေဂျာနိုင်သိဂီ င်္က ပြောကြားလိုက်သည်။
မြန်မာ့လေကြောင်းလိုင်း MAI အနေဖြင့် ယခုနှစ် အောက်တာဘိုလာ ၂၇ ရက်မှ လာမည့်နှစ် မတ်လ ၂၉ ရက်အထိ အပတ်စဉ် တနလာင်္နေ့၊ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ပုံမှန်ပြန်သန်းသွားမည်ဖြစ်သည်။ လောလောဆယ်တွင် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင်သာ ပြန်သန်းလျက်ရှိသည်။

“ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံအကြား ပြေးဆွဲတဲ့လေကြောင်း အကြိမ်အရေအတွက် ပိုများလာတယ်ဆိုတာနှစ်နိုင်ငံစလုံးရဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေအတွက် အရမ်းကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်”ဟု ကမ္ဘာဒီးယားခရီးသွား အကျိုးဆောင်များအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Ang Kim က ပြောကြားလိုက်သည်။
ထို့အပြင် ၎င်းက “ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ဟာ ယဉ်ကျေးမှုတွေမှာလည်း တူညီတာတွေရှိပါတယ်။ ပြီးတော့မြန်မာနိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းက ခရီးသွားတွေအတွက် ဘုရားဖူးသွားရောက်မှု အပြုဆုံးနေရာလည်းဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာရှိသည့် နိုင်ငံခြားသားခရီးသွားများနှင့် ပြည်ပတွင်လာရောက်အခြေချ နေထိုင်သူများမှာ လည်း လေးကြောင်းခရီးစဉ် အကြိမ်ရေတိုးမြှင့်ပြန်သန်းခြင်းမှ အကျိုးအမြတ်ရနိုင် သည်”ဟုလည်း Eang က ဆိုသည်။
MAI ၏ မြန်မာ-ဖနွမ်းပင်လေကြောင်း ခရီးစဉ်များအား လိုက်ပါစီးနင်းသူ နည်းပါးသည့်အတွက် သုံးလကြာ ရပ်နားခဲ့ ရပြီး ဒီဇင်ဘာလတွင် ပြန်လည်စတင်ခဲ့သည်။
နှစ်နိုင်ငံအကြား ခရီးသွားလာခြင်းများမှာ နည်းပါးနေသေးသည်။ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ အတွင်းသို့ လာရောက်သည့် နိုင်ငံတကာ ခရီးသွားများတွင် မြန်မာနိုင်ငံသားများမှာ ၀ ဒသမ ၁ ရာခိုင်နှုန်း သာရှိသည်။ သို့သော် ၂၀၁၁ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် မြန်မာနိုင်ငံ သား ၄၇၄၄ ဦးနှင့် နှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ်ကိန်းဂဏန်းသည် ၁၃ ရာခိုင်နှုန်း တိုးမြှင့်လာခြင်းဖြစ်သည်။
ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အမည်မဖော်လိုသည့် သံရုံးဝန်ထမ်းတစ်ဦးက ပြီးခဲ့သည့် သုံးနှစ်အတွင်း ခရီးသွားများနှင့် စီးပွားရေးသမားများ၏ ဗီဇာလျှောက်ထားမှုများ မြင့်တက်လာ သည်ဟု ပြောကြား လိုက်သည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List