Friday, October 04, 2013

၇၇ စီးသာထုတ်လုပ်ထားတဲ့ Aston Martin One-77

Friday, October 4, 2013
2008 Paris Motor Show မှာ Concept အဖြစ်မိတ်ဆက်ပြသခဲ့ပြီး နောက်တစ်ကြိမ်ကျင်းပတဲ့ 2009 Geneva Motor Show မှာတရားဝင် ထွက်ရှိဖို့မိတ်ဆက်ပြသခဲ့တဲ့ ဒီကားဟာ ၂၀၁၁ ခုနှစ်မှာတော့ အစီးရေ ၇၇ စီးနဲ့ထွက်ရှိလို့လာခဲ့ပါတယ်။
Concept အဆင့်နဲ့ပြသခဲ့တဲ့ဒီကားဟာ၊ ထွက်ရှိအပြီးမှာ လည်းနိုင်ငံတကာ ကချီးမြှင့်ခဲ့တဲ့ဆုတွေများစွာ ရရှိခဲ့သလို နိုင်ငံတကာကပေးအပ်တဲ့ Concorso d’Eleganza Design Award နှင့် Concept Cars and Prototypes, Chicago Athenauem ကချီးမြှင့်တဲ့ GOOD DESIGN award တို့အပြင် UK motoring magazine Auto Express ကချီးမြှင့်တဲ့ "Best Design" award စတဲ့ဆုတွေအသီးသီးနဲ့ မျက်နှာပန်းလှခဲ့တဲ့ကားပါ။ ၇.၃ လီတာ(၇၃၁၂ စီစီ)၊ဆလင်ဒါ ၁၂ လုံး၊ V အင်ဂျင်နဲ့ထွက်ရှိထားတဲ့ ဒီကား ဟာ ထုတ်လုပ်ပေးနိုင်တဲ့ မြင်းကောင်ရေကတော့ ၇၅၀ ရှိပါတယ်။ ဂီယာ ခြောက်ချက် Auto, Munual နှစ်မျိုးအသုံးပြုလို့ရတဲ့ ဒီကားဟာ ၃.၅ စက္ကန့် အတွင်းကို မိုင် ၆၀ နှုန်းအထိအရှိန်မြှင့်တင်နိုင်ပြီး တစ်နာရီ မိုင် ၂၂၀.၀၀၇ မိုင်နှုန်းအထိ အမြန်ဆုံးမောင်းနှင်နိုင်ပါတယ်။
ကားရဲ့ အရှိန်နဲ့ ပြေးနှုန်းကိုမထိခိုက်စေဖို့အတွက် ကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာ၊အလူမီနီယံတွေနဲ့ တည်ဆောက်မွန်းမံထားပါသေးတယ်။Sport Type ဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ တံခါးနှစ်ပေါက် coupé ပုံစံ တည်ဆောက်ထားတဲ့ဒီကားဟာ ဈေးနှုန်းကလည်း အခြားဈေးကြီးပြိုင်ကားတွေထက်မနိမ့်တာတော့သေချာ ပါတယ်။ ဗြိတိန်ပေါင် ၁.၁၅ သန်းကျသင့်မယ့်ဈေးကြီးပြိုင်ကားအမျိုးအစားပါ။ ရထားတဲ့ဆုနဲ့ ကုန်ကျ တဲ့ ဈေးကိုက်ညီမူရှိမရှိ ဆိုတာကတော့ Aston Martin One-77 ရဲ့ ဒီဇိုင်းက အပြစ်ပြောစရာမရှိအောင် ယခုလို မြင်တွေ့ရ မှာပါ။

Photo: ၇၇ စီးသာထုတ်လုပ်ထားတဲ့ Aston Martin One-77
Friday, October 4, 2013

ခွန်နေ(AMMG)

2008 Paris Motor Show မှာ Concept အဖြစ်မိတ်ဆက်ပြသခဲ့ပြီး နောက်
တစ်ကြိမ်ကျင်းပတဲ့ 2009 Geneva Motor Show မှာတရားဝင် ထွက်ရှိဖို့
မိတ်ဆက်ပြသခဲ့တဲ့ ဒီကားဟာ ၂၀၁၁ ခုနှစ်မှာတော့ အစီးရေ ၇၇ စီးနဲ့ထွက်
ရှိလို့လာခဲ့ပါတယ်။

Concept အဆင့်နဲ့ပြသခဲ့တဲ့ဒီကားဟာ၊ ထွက်ရှိအပြီးမှာ လည်းနိုင်ငံတကာ ကချီးမြှင့်ခဲ့တဲ့ဆုတွေများစွာ ရရှိခဲ့သလို နိုင်ငံတကာကပေးအပ်တဲ့ Concorso d’Eleganza Design Award နှင့် Concept Cars and Prototypes, Chicago Athenauem ကချီးမြှင့်တဲ့ GOOD DESIGN award တို့အပြင် UK motoring magazine Auto Express ကချီးမြှင့်တဲ့ "Best Design" award စတဲ့ဆုတွေအသီးသီးနဲ့ မျက်နှာပန်းလှခဲ့တဲ့ကားပါ။

၇.၃ လီတာ(၇၃၁၂ စီစီ)၊ဆလင်ဒါ ၁၂ လုံး၊ V အင်ဂျင်နဲ့ထွက်ရှိထားတဲ့ ဒီကားဟာ ထုတ်လုပ်ပေးနိုင်တဲ့ မြင်းကောင်ရေကတော့ ၇၅၀ ရှိပါတယ်။
ဂီယာ ခြောက်ချက် Auto,Munual နှစ်မျိုးအသုံးပြုလို့ရတဲ့ ဒီကားဟာ ၃.၅ စက္ကန့် အတွင်းကို မိုင် ၆၀ နှုန်းအထိအရှိန်မြှင့်တင်နိုင်ပြီး တစ်နာရီ မိုင် ၂၂၀.၀၀၇ မိုင်နှုန်းအထိ အမြန်ဆုံးမောင်းနှင်နိုင်ပါတယ်။

ကားရဲ့ အရှိန်နဲ့ ပြေးနှုန်းကိုမထိခိုက်စေဖို့အတွက် ကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာ၊အလူမီနီယံတွေနဲ့ တည်ဆောက်မွန်းမံထားပါသေးတယ်။
Sport Type ဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ တံခါးနှစ်ပေါက် coupé ပုံစံတည်ဆောက်
ထားတဲ့ဒီကားဟာ ဈေးနှုန်းကလည်း အခြားဈေးကြီးပြိုင်ကားတွေထက်
မနိမ့်တာတော့သေချာပါတယ်။ ဗြိတိန်ပေါင် ၁.၁၅ သန်းကျသင့်မယ့်
ဈေးကြီးပြိုင်ကားအမျိုးအစားပါ။

ရထားတဲ့ ဆုနဲ့ ကုန်ကျတဲ့ ဈေး ကိုက်ညီမူရှိမရှိ ဆိုတာကတော့ Aston Martin One-77 ရဲ့ ဒီဇိုင်းက အပြစ်ပြောစရာမရှိအောင် ယခုလို မြင်တွေ့ရ မှာပါ။

Ref:wiki

TechSpace Journal

http://www.myanmaronlinenews.net/2013/10/aston-martin-one-77.html 

Ref:wiki
TechSpace Journal

No comments:

Post a Comment

My Blog List