Friday, October 04, 2013

GMG ကုမ္ပဏီတွင် နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ စစ်ဆေး တွေ့ရှိခဲ့မှုကို အစီရင်ခံရာတွင် အထောက်အထား အပြည့်အစုံ လိုအပ်နေသည်ဟု ပြန်လည်ညွှန်ကြား

Friday, October 4, 2013
ဒေါပုံမြို့နယ်ရှိ GMG ကုမ္ပဏီတွင် နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ စစ်ဆေး တွေ့ရှိခဲ့မှုကို အစီရင်ခံရာတွင် နေပြည်တော် ရုံးချုပ်မှ အထောက်အထား အပြည့်အစုံ လိုအပ်နေသည်ဟု ပြန်လည် ညွှန်ကြားထားကြောင်း Mobile Team ရန်ကုန်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''အခု နေပြည်တော်ရုံးချုပ်က ဘာကို ပြန်ညွှန်ကြားသလဲ ဆိုတော့ အခုတွေ့ရှိတဲ့ အရက်ပုလင်း ၉၀၀၀၀ ကျော်ကို ဘယ်အချိန် ဘယ်ကာလ ကတည်းက ၀င်လာတာလဲ။ အကြောင်းအမျိုးမျိုးပေါ့။ အဲဒါကိုလည်း GMG ကုမ္ပဏီကို တောင်းခံထားပါတယ်'' ဟု Mobile Team ရန်ကုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ယင်းသို့ ရှာဖွေစစ်ဆေး ခဲ့ရခြင်းမှာ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်းနှင့် ပိုက်များအား အဓိကထား တင်သွင်း ဖြန့်ဖြူးနေသည်ဟု ဆိုထားသော GMG ကုမ္ပဏီမှာ အရက်နှင့်ဘီယာများ တင်သွင်းဖြန့်ဖြူး နေသည်ဟု စက်တင်ဘာ ၁၇ ရက်က သတင်းပေးပို့မှု တစ်ခုရရှိပြီးနောက်တွင် Mobile Team အဖွဲ့မှ စက်တင်ဘာ ၁၈ ရက်က သွားရောက် စစ်ဆေးခဲ့ကြောင်း Mobile Team အဖွဲ့မှ သိရသည်။

GMG ကုမ္ပဏီကို စက်တင်ဘာ ၁၈ ရက်မှစ၍ ၂၁ ရက်အထိ လေးရက်ကြာ ရှာဖွေစစ်ဆေးခဲ့စဉ် ဒုတိယရက်တွင် စစ်ဆေးခဲ့သော ဂိုဒေါင်များ၏ ခြောက်လုံးမြောက်တွင် Tiger တံဆပ်ပါ ပုလင်းအလုံး ၆၀၊ ပုလင်းပြားမှာ ၃၈၂၉၆ ပြားနှင့် Bonus weseky အမည်ဖြင့် ပုလင်း ၂၀ ကျော်ခန့် စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ တတိယရက်တွင်လည်း ကားပစ္စည်း ထားရှိသော ဂိုဒေါင်၌ Tiger တံဆိပ်ပါ ပုလင်းအလုံး ၅၁၀၀၀ နီးပါး ထပ်တွေ့ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List