Friday, October 04, 2013

ဒေသခံပြည်သူများနှင့် သဘောတူညီမှု ရရှိခဲ့သည့် သီလ၀ါ အထူးစီးပွားရေးဇုန်

Friday, October 4, 2013
သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းပြုလုပ်ရာမှာ ဒေသခံပြည်သူများနဲ့ သဘောတူညီမှုရရှိ ခဲ့ပြီ ဖြစ်တယ် လို့ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ သီလ၀ါ အထူး စီးပွားရေး ဇုန်ဆွေးနွေးပွဲမှ သိရပါ တယ်။ သဘောတူညီမှုရရှိခဲ့တာဟာဆိုရင် သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့်ဧရိယာဖြစ်တဲ့ ဟက်တာ ၃၉၆ မှာရှိတဲ့ ဒေသခံ ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ပြောင်းရွှေ့ နေထိုင်ရမယ့် နေရာ မှာ ပေနှစ်ထောင်ကျော် ကွန်ကရစ် လမ်းခင်း ပေးမှာဖြစ်ပြီး အိမ်ဆောက်လုပ် ပေးမယ့် မြေကွက် အကျယ် ကို ပေ ၂၀/ ၄၀ မှ ၂၅ ပေ/ပေ ၅၀ အထိ ပြောင်းလဲ သတ်မှတ်ပေး လိုက်တာ ဖြစ်ပါတယ်။
 Photo: ဒေသခံပြည်သူများနှင့် သဘောတူညီမှု ရရှိခဲ့သည့် သီလ၀ါ အထူးစီးပွားရေးဇုန်
Friday, October 4, 2013

သီလ၀ါ အထူး စီးပွားရေးဇုန် စီမံကိန်း ပြုလုပ်ရာမှာ ဒေသခံ ပြည်သူများနဲ့  သဘော တူညီမှုရရှိ ခဲ့ပြီ ဖြစ်တယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပ
ပြုလုပ်ခဲ့တဲ့ သီလ၀ါ အထူး စီးပွားရေး ဇုန်ဆွေးနွေးပွဲမှ သိရပါတယ်။ သဘော တူညီမှုရရှိခဲ့တာ ဟာဆိုရင် သီလ၀ါ အထူး စီးပွားရေးဇုန် စီမံကိန်း ပထမ အဆင့် ဧရိယာ ဖြစ်တဲ့ ဟက်တာ ၃၉၆ မှာရှိတဲ့ ဒေသခံ ပြည်သူတွေ ရဲ့ တောင်းဆိုချက်အရ ပြောင်းရွှေ့ နေထိုင်ရမယ့် နေရာမှာ ပေနှစ်ထောင်ကျော် ကွန်ကရစ် လမ်းခင်း ပေးမှာဖြစ်ပြီး အိမ်ဆောက်လုပ် ပေးမယ့် မြေကွက် အကျယ်ကို ပေ ၂၀/ ၄၀ မှ ၂၅ ပေ/ပေ ၅၀ အထိ ပြောင်းလဲ သတ်မှတ်ပေး လိုက်တာ ဖြစ်ပါတယ်။
 
သီးနှံစိုက်တဲ့ တောင်သူတွေ အတွက် ယခင်က သီးနှံဆုံးရှုံးမှု တန်ဖိုး ၅ နှစ်စာပေးဖို့ သတ်မှတ်ထား ပေမယ့် လက်ရှိမှာ ၆ နှစ်အထိ တိုးပေး လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုံသေပိုင် ပစ္စည်းများဖြစ်တဲ့ အိမ်နဲ့အခြား အဆောက်အဦးများဖြစ်တဲ့ ကျွဲတဲ၊ နွားတဲများ၊ ရွှေ့ပြောင်းနိုင်တဲ့ လယ်ယာသုံး ယာဉ်၊ အသက် ၆၁ နှစ်အထက် သက်ကြီးရွယ်အိုများ၊ နာတာရှည် မကျန်းမာသူများ၊ အမျိုးသမီး အိမ်ထောင် ဦးစီးများ၊ အိမ်ပြောင်းရွှေ့ စရိတ်တို့ကို အိမ်ထောင်စုများရဲ့ လူမှုစီးပွားရေး အတွက် သတ်မှတ်ပြီး လျော်ကြေး ပေးအပ်သွားမှာ ဖြစ်ပါတယ်။
 
ဒီလို ညှိနှိုင်းမှုတွေကို ဒေသခံ ပြည်သူ ၉၄ ရာခိုင်နှုန်းရဲ့ သဘောတူညီမှု အရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသခံ ပြည်သူတွေ ကို ရွှေ့ပြောင်းပေးရာမှာ ပထမအဆင့် အနေနဲ့ ကွန်ကရစ်လမ်း အရင်ဖောက်လုပ် ပေးမှာဖြစ်ပြီး ဒုတိယအဆင့် အနေနဲ့ အိမ်မြေကွက် ဖော်မှုများကို ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။
 
အိမ်ဆောက်ပေးရာမှာ အိမ်တစ်လုံးကို ၁၂ ပေ၊ ၁၆ ပေ ဆောက် လုပ် ပေးမှာဖြစ်ပြီး ကိုယ်တိုင် တည်ဆောက်ချင်သူ တွေအနေနဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဆောက်လုပ် ပေးတဲ့ အိမ်ထက် သတ်မှတ်ချက် အဆင့်မနိမ့်မှသာ ဆောက်လုပ်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ လကုန်မှာ အိမ်ထောင်စုများ ပြန်လည် နေရာ ချထား ပေးမယ့် နေရာများကို စတင် ရွှေ့ပြောင်းဖို့ အမြန်ဆုံး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
သီးနှံစိုက်တဲ့ တောင်သူတွေ အတွက် ယခင်က သီးနှံဆုံးရှုံးမှု တန်ဖိုး ၅ နှစ်စာပေးဖို့ သတ်မှတ်ထား ပေမယ့် လက်ရှိမှာ ၆ နှစ်အထိ တိုးပေး လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုံသေပိုင်ပစ္စည်းများဖြစ်တဲ့ အိမ်နဲ့ အခြား အဆောက်အဦးများဖြစ်တဲ့ ကျွဲတဲ၊ နွားတဲများ၊ ရွှေ့ပြောင်းနိုင်တဲ့ လယ်ယာသုံး ယာဉ်၊ အသက် ၆၁ နှစ်အထက် သက်ကြီးရွယ်အိုများ၊ နာတာရှည် မကျန်းမာသူများ၊ အမျိုးသမီးအိမ်ထောင်ဦးစီးများ၊ အိမ်ပြောင်းရွှေ့စရိတ်တို့ကို အိမ်ထောင်စုများရဲ့ လူမှုစီးပွားရေးအတွက် သတ်မှတ်ပြီး လျော်ကြေး ပေးအပ် သွားမှာ ဖြစ်ပါတယ်။ ဒီလိုညျိနှိုင်းမှုတွေကို ဒေသခံ ပြည်သူ ၉၄ ရာခိုင်နှုန်းရဲ့ သဘောတူညီမှု အရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသခံ ပြည်သူတွေ ကို ရွှေ့ပြောင်းပေးရာမှာ ပထမအဆင့် အနေနဲ့ ကွန်ကရစ်လမ်းအရင်ဖောက်လုပ် ပေးမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ အိမ်မြေကွက် ဖော်မှု များကို ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။
အိမ်ဆောက်ပေးရာမှာ အိမ်တစ်လုံးကို ၁၂ ပေ၊ ၁၆ ပေ ဆောက်လုပ်ပေးမှာဖြစ်ပြီး ကိုယ်တိုင် တည်ဆောက်ချင်သူတွေအနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဆောက်လုပ်ပေးတဲ့ အိမ်ထက် သတ်မှတ်ချက် အဆင့်မနိမ့်မှသာ ဆောက်လုပ်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ လကုန်မှာ အိမ်ထောင်စုများ ပြန်လည် နေရာ ချထား ပေးမယ့် နေရာများကို စတင် ရွှေ့ပြောင်းဖို့အမြန်ဆုံး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4

No comments:

Post a Comment

My Blog List