Wednesday, October 02, 2013

နိုင်ရူဘီကုန်တိုက် တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သူဟု သံသယရှိခြင်းခံရသည့် ကမ္ဘာကအလိုအရှိဆုံး အကြမ်းဖက်အမျိုးသမီး လွတ်မြောက်နေဆဲ

Wednesday, October 2, 2013
ကင်ညာနိုင်ငံ၊ နိုင်ရူဘီကုန်တိုက် တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည်ဟုသံသယရှိခြင်းခံရသည့် အကြမ်းဖက်အမျိုးသမီးတစ်ဦးဖြစ်သူ Samantha Lewth waite သည် လွတ်မြောက်နေဆဲဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်က စီအန်အန်သတင်းဌာနမှ ဖော်ပြထားသည်။
ကင်ညာနိုင်ငံ ကုန်တိုက်ကြီးတစ်ခုတွင် အကြမ်းဖက်မှု မဖြစ်ပွားသေးမီကတည်းက၊ ကမ္ဘာက အလိုအရှိဆုံးအမျိုးသမီးတစ်ဦးဖြစ်သည့် Samantha Lewth waite အားအကြီးအကျယ်ရှာဖွေနေခဲ့ခြင်းဖြစ်သော်လည်း၊ သူမသည်လွန်ခဲ့သောသုံးပတ်ခန့်အထိ တောင်အာဖရိကသို့ သွားလိုက်လာလိုက်လုပ်နေခဲ့သည်။အသက် ၂၉ နှစ်အရွယ် Samantha Lewth waite သည်သူမနှင့် သူမ၏ ကလေးများအနက်မှ နှစ်ဦး အတွက်လိုအပ်သော စာရွက်စာတမ်းအတုများ ရရှိရေးအတွက် တောင်အာဖရိကနိုင်ငံသား Al-Shabaab ကို အခကြေးငွေပေးခဲ့သည်။
Chisty သည် နိုင်ငံကူးလက်မှတ် အတုများ ပြုလုပ်ပေးခဲ့သည့်အမှုဖြင့် ယခုအခါ ထောင်ဒဏ် ၃၇ နှစ်ကို ကျခံနေရပြီဖြစ်သည်။ သူသည် နိုင်ငံကူးလက်မှတ်အတုများနှင့် အထောက်အထား ကတ်ပြားအတုများ စုစုပေါင်း ၃,၀၀၀ ကျော်ခန့် ပြုလုပ်ပေးခဲ့ပြီး၊ အတုပြုလုပ်ခိုင်းသူ အများစုမှာ အယ်လ်ကိုင်းဒါနှင့် ဆက်နွယ်နေသော ကွန်ရက်များဖြစ်ကြသည့် Al-Shabaab နှင့် အစ္စလာမ်စစ်သားများအဖွဲ့တို့ကဲ့သို့သော အဖွဲ့အစည်းများမှ ဖြစ်ကြသည်။
အသက် ၆၀ အရွယ် Chisty က Samantha Lewthwaite သည် စာရွက်စာတမ်းအတု လုပ်ခိုင်းသူများထဲမှ တစ်ဦးဖြစ်ကြောင်း ၀န်ခံခဲ့သည် ။နိုင်ရူဘီမြို့ရှိ ကုန်တိုက်ကြီးတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် သူမသည် အဓိကအခန်းကဏ္ဍမှ ပါ ၀င်ကောင်း ပါဝင်ခဲ့နိုင်သည်ဟု တချို့က ယုံကြည်ထားကြသည်။ စက်တင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ထိုအကြမ်းဖက်မှုတွင် အကြမ်းဖက်အုပ်စု al-Shabaab က လူ ၆၇ ဦးအား သတ်ဖြတ်ခဲ့သည်။ ယခင်အပတ်က စာရင်းအရ ပျောက်ဆုံးသူအရေအတွက်မှာ ၆၂ ဦးအထိရှိခဲ့သော်လည်း ယမန်နေ့က ပြန် လည်ပြင် ဆင် ပြုစုထားသည့် စာရင်းအရ ပျောက်ဆုံးသူ ၃၉ ဦးသာရှိတော့ကြောင်းသိရသည်။ သူမကို ခြေရာခံဖမ်းဆီးနိုင်ရေးအတွက် ဗြိတိန်ထောက် လှမ်းရေး အေဂျင်စီ MI6၊ အမေရိကန် CIA နှင့် ကင်ညာအမျိုးသား ထောက်လှမ်းရေး အဖွဲ့အပါအ၀င် ထောက်လှမ်းရေး အဖွဲ့အစည်းများ အနေဖြင့် အချိန်ပြည့် အလုပ်လုပ်လျက်ရှိကြောင်းသိရသည်။
၂၀၁၁ ခုနှစ်တွင် အနောက်နိုင်ငံသားများ သွားရောက်လေ့ရှိသည့် အရှေ့ကင်ညာ ကမ်းခြေအပန်းဖြေစခန်းအား ဖောက်ခွဲတိုက်ခိုက်ရန် ကြံစည်မှု တွင်လည်း Lewth- waite ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း သတိ ပေးချက်တစ်ခုက ဆိုထားသည်။
လျှို့ဝှက်ကြံစည်ရာတွင် သူမနှင့်ကြံရာပါဖြစ်သည်ဟု စွပ်စွဲထားခြင်းခံရသည့် အသက် ၃၀ အရွယ် Brit Jermaine Grant မှာမူ ယခုအခါ အမှု စစ်ဆေးစီရင်ခြင်း ကိုခံယူရန် Mombasa တွင် စောင့်ဆိုင်းနေလျက် ရှိသည်။ Lewthwaite မှာမူ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သော်လည်း သူမအပေါ် စွဲချက်များတင် ထားပြီးဖြစ်သည်။ Lewthwaite သည် ၂၀၁၀ ခုနှစ်တွင် Virgin Atlantic လေကြောင်းလိုင်းဖြင့် တောင်အာဖရိ ကနိုင်ငံသို့ ရောက်ရှိလာခဲ့စဉ်က Natalie Webb ဟူသည့် နာမည်အတုကိုအသုံးပြုခဲ့သဖြင့် စောင့်ကြည့်ရမည့်သူစာရင်းထဲတွင်ထည့်သွင်းခြင်း ခံခဲ့ရသည်။ လွန်ခဲ့သည့် လ ၂၀ အတွင်းတွင် ထွက်ပြေးလွတ်မြောက်နေသည့် Lewthwaite သည် ယခုနှစ်အတွင်းတွင် နိုင်ငံခြားသံရုံးများကို မည်ကဲ့သို့လေ့လာနေခဲ့သည်။ ကလေးလေးယောက်မိခင်သည် Pretoria မြို့ရှိ Arcadia ဒေသ၌ ဗြိတိန်သံရုံးအပါအ၀င်သံရုံးများ ကို စောင့်ကြည့်လေ့လာနေကြောင်း ပုံရိပ်များကို CCTV လုံခြုံရေးကင်မရာများက ဖမ်းယူနိုင်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List