Wednesday, October 02, 2013

၂၀၁၄ တွင် ရေကြောင်းအာမခံလုပ်ငန်းကို ဦးစွာခွင့်ပြုမည်

Wednesday, October 2, 2013
ပုဂ္ဂလိက အာမခံကုမ္ပဏီများကို လာမည့် ၂၀၁၄ ခုနှစ်တွင် ရေကြောင်းအာမခံလုပ်ငန်းအား အရင်ဆုံး လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။ “အခုလောလောဆယ် ခြောက်မျိုးတောင် မနိုင်သေးတဲ့အတွက် ဒီနှစ်ကပေးဖို့ မရှိဘူး။နောင်နှစ် ပုဂ္ဂလိက အာမခံတွေ အရှိန်ရလာပြီဆိုရင် အာမခံလုပ်ငန်းအသစ်တွေ ချချ ပေးသွားမယ်။ ချပေးရင်လည်းရေကြောင်းအာမခံကိုအရင်ဆုံးချပေးသွားမယ်”ဟုဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားခဲ့သည်။ လက်ရှိတွင် ပုဂ္ဂလိက အာမခံကုမ္ပဏီများကို အာမခံလုပ်ငန်း ခြောက်မျိုးအထိသာ လုပ်ကိုင်ခွင့် ပေးထားသည်။ ထိုလုပ်ငန်းများမှာ အသက်အာမခံ၊ မီးအာမခံ၊ မော်တော်ယာဉ်အလုံးစုံအာမ ခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသား လုံခြုံမှုအာမခံနှင့် သမာဓိအာမခံလုပ်ငန်းတို့ကို လုပ်ကိုင်လျှက်ရှိ သည်။ ရေကြောင်းအာမခံလုပ်ငန်းအပြင် ကျန်းမာရေးအာမခံလုပ်ငန်းကိုလည်း ၂၀၁၄ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။
“အာမခံလုပ်ငန်းကလူတွေရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာအားလုံးကို အကာအကွယ်ပေး တယ်။ မြန်မာ့ အာမခံလုပ်ငန်းကခွင့်ပြုမယ့်လုပ်ငန်းတွေရှိပါတယ်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့အ တူနိုင်ငံတကာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်”ဟု IBZ မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးညိုမြင့်က ပြောသည်။လက်ရှိလုပ်ကိုင်နေသော အာမခံလုပ်ငန်းခြောက်ခုတွင် မီးအာမခံနှင့် မော်တော် ယာဉ်အလုံးစုံအာမခံကိုအများဆုံးအာမခံထားရှိကြပြီးအသက်အာမခံထားရန်အတွက်မူ ဆက်လက်ကြိုးစား ရမည်ဟု ဆိုသည်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် အသက်အာမခံထားသည့် လူဦးရေမှာ နှစ်သိန်းဝန်းကျင်သာ ရှိသေးသည်။ ထို့အပြင် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် အားကစားသမားများ အနေဖြင့် အသက်အာမခံ အခမဲ့ထားနိုင်မည်ဟု ဒု-၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက စက်တင်ဘာ လ ၃၀ ရက် က ပြောခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းလုပ်ကိုင်သည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၂ခု ခွင့်ပြုထားပြီး ကိုးခုကိုသာ လုပ် ကိုင်ခွင့်ပြုသေးသည်။ကျန်သုံးခုကိုမူယခုနှစ်အတွင်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်းဒု-၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။ အစိုးရ၏ မြန်မာ့အာမခံလုပ်ငန်းလည်း လည်ပတ်လျက် ရှိသည်။

နန်းမြင့်
Mizzima - News in Burmese

No comments:

Post a Comment

My Blog List