Saturday, October 05, 2013

အောင်မင်္ဂလာ ဝင်းအတွင်း ယာဉ်လိုင်းထက်ဆိုင်ခန်းများ ပိုများနေ၍ နေရာသစ်ထပ်ပြောင်းရွှေ့ခံရမည်ကို စိုးရိမ်နေ

Saturday, October 5, 2013
အောင်မင်္ဂလာအဝေးပြေးကား ဝင်းအတွင်း ကားလိုင်းခန်းထက် တခြားသောဆိုင်ခန်းအရေအ တွက်မှာ သုံးဆခန့်များနေခြင်း ကြောင့် နေရာထပ်မံပြောင်းရွှေ့ ခြင်းခံရမည်ကို အဝေးပြေးလုပ် ငန်းရှင် များက စိုးရိမ်မှုများ ရှိနေ ကြောင်း သိရသည်။ အဝေးပြေးကားဝင်းအတွင်း ဆိုင်ခန်းပေါင်း ၈ဝဝကျော်ရှိနေ သော်လည်း ကားလိုင်းခန်းအနေ ဖြင့် ၂၄ဝကျော်ရှိနေပြီး တခြား လုပ်ငန်းများလုပ် ကိုင်နေသော ဆိုင်ခန်းအရေအတွက်မှာ ၆၀၂ ခန်း အထိရှိနေခြင်းကြောင့် အ ဝေးပြေးဝင်းများ ကျဉ်းမြောင်းလာ သည်ဟုဆိုကာ မြေနေရာပိုမို ကျယ်ဝန်းသည့် နေရာအသစ်တစ် ခုသို့ ထပ်မံပြောင်းရွှေ့မှုနှင့် ကြုံ တွေ့မည်ကို လုပ်ငန်းရှင်များက စိုး ရိမ်နေသည်ဟု နန်းထိုက်စံအဝေး ပြေး ကား လုပ်ငန်း ရှင် ဦးစိုးသိန်းက ပြောသည်။

နန်းထိုက်စံအဝေးပြေးကား လုပ်ငန်းရှင်ဦးစိုးသိန်းက ''ပထမ ကားဝင်းနှစ် ခုတုန်းကလဲ ဒီလိုပဲ နေရာပိုလိုအပ်တယ်ဆိုပြီး ကြည့် မြင်တိုင်၊ စော် ဘွားကြီးကုန်းကား ဝင်းကနေ အခု အောင်မင်္ဂလာ ဖြစ်လာတာ။ အဲဒီနေရာတွေမှာ လဲ ဒီလိုပဲ ကားလုပ်ငန်း လုပ်တဲ့လုပ် ငန်းတွေတိုးတာထက် စားသောက် ဆိုင်တွေ၊ စတိုးဆိုင်တွေ၊ ထမင်း ဆိုင်တွေတိုးလာတာကနေ စတာ ပဲ။ အခုလဲ အောင်မင်္ဂလာမှာ ကား လိုင်းဆိုင်ခန်းနဲ့ အပြင်လုပ်ငန်းဆိုင် ခန်းနဲ့ကြည့်ရင် တအားကွာ လာတယ်။ အဲဒီ အတွက် ကျွန် တော်တို့လုပ်ငန်း ရှင်တွေ ဒီနေရာ ကနေ ထပ်ပြောင်းရမှာစိုးရိမ်တယ်။ ရှေ့ မှာ နှစ်ကြိမ်ဖြစ်ပြီး သွားပြီ''ဟု ဆိုသည်။
လက်ရှိ အချိန် တွင် ဆိုင်ခန်း ၈ဝဝကျော်ရှိနေသည့်အပြင် ထပ် တိုးဆိုင်ခန်းများဖွင့်လှစ်ရန်ရှိနေ ပြီး အဝင်အထွက်လမ်း ၂ဝအား ထပ်တိုးချဲ့ခြင်း၊ အမှိုက်ကန်နေရာ အားကားဝင်းအသစ်ချဲ့ထုတ်ခြင်း များရှိနေကြောင်း အောင်မင်္ဂလာ အဝေး ပြေးစည်ပင် ဌာနမှ သိရသည်။ အောင်မင်္ဂလာအဝေးပြေး စည်ပင်ရုံးခန်းအား ဆက်သွယ် မေးမြန်းရာတွင် ဖြေကြားမည့် သူကွင်းဆင်းနေခြင်းကြောင့် ဖြေ ဆိုပေးနိုင်မည့်သူမရှိကြောင်း၊ တာဝန်ရှိသူ၏လက်ကိုင်ဖုန်းပေး ရန်အဆင်မပြေ သေး ဟု ပြန် လည် ပြောဆိုသည်။
တိုးပွားလာသောလူဦးရေ နှင့် ကုန်စည်စီးဆင်းမှုများ၊ ဆိုင် ခန်းချဲ့ထွင်ခြင်းကြောင့် အောင် မင်္ဂလာအဝေးပြေးနှင့် ဘုရင့်နောင် ပွဲရုံနှင့် ကားပစ္စည်းဝင်းများရှိ ကားဝင်းများကျဉ်းမြောင်းမှုများ ကြောင့် ယာဉ်ကွင်းအသစ်တိုးချဲ့ ခြင်းများအဝင် အထွက် လမ်း များ အားချဲ့ထွင်ခြင်းများအား အလျင် အမြန်လုပ်ဆောင်နေရကြောင်း နီးစပ်ရာအသင်းအဖွဲ့များထံမှ သိရသည်။ အောင်မင်္ဂလာကားဝင်း အတွင်း ဌာနဆိုင်ရာအဆောက် အအုံနှင့် ကားဂိတ်ဆိုင်ခန်း ပေါင်း ၈၇၄ခု အထိ ရှိနေ ကာ နေ့စဉ် ဝင် ထွက်နေ သည့်ကားအစီးရေအား ဖြင့် ၉၅ဝဝနီးပါးရှိနေသည်။ နေ့ စဉ်ပြေးဆွဲနေသည့်ကားအရေအ တွက်မှာ အစီး၃ရဝရှိနေကာ ခရီး သည်ပေါင်း ၁၃၈၀၂ဦးအထိသွား လာနေသည်ဟု ကားဝင်းကွပ်ကဲ မှု ရုံးခန်းမှ သိရ သည်။ ဘုရင့်နောင် ပွဲရုံနှင့် ကား ပစ္စည်းဝင်းအတွင်းသို့ နေ့စဉ်ဝင် ထွက်နေသောကားအရေအတွက် မှာ နှစ်ထောင်ကျော်အထိရှိနေ ပြီး ကုန်ကားကြီးများမှာ ၅ဝဝဝန်း ကျင်အထိရှိနေကာ ကားကြီးစီးရေ ၃ဝဝကိုသာ နေရာပေး နိုင်ကြောင်း ဘုရင့်နောင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအသင်းမှ သိရသည်။
နိုင်နိုင်ဇော်
The Yangon Times

No comments:

Post a Comment

My Blog List