Monday, September 30, 2013

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရှုံးခဲ့သည့် ငွေစက္ကူများ ဗိုလ်ချုပ် ပုံဖြင့် ပြန်ထုတ်ရန် အဆို ပြည်သူ့လွှတ်တော်သို့ တင်မည်

Monday, September 30, 2013
ငွေစက္ကူများတွင်ဗိုလ်ချုပ်ပုံပြန်လည်ရိုက်နှိပ်ထုတ်ဝေရန်အဆိုရှုံးနိမ့်ခဲ့သည့်အတွက်ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်၏အဆိုအား ပြည်သူ့လွှတ်တော်သို့ ဆက်လက်တင် သွင်းသွားမည်ဟု သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်ကပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ''မင်္ဂလာတောင် ညွန့်မြို့နယ်က ကိုယ်စားလှယ် ဒေါက်တာစောလှထွန်း ရဲ့ ပြော ကြားချက်အရ ဒီအဆိုက ပြည်ထောင်စုမှာ တင်သင့်တဲ့ အဆို ဖြစ်လို့တင်မှာပါ။ နိုင်ငံတကာမှာဆိုရင် ခေါင်းဆောင်ပုံတွေကိုပဲ ငွေစက္ကူတွေမှာသုံးတယ်။ ဒါဟာ သမိုင်းအစဉ်အလာကိုလဲလေးစားရာကျပါတယ်။ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတိုင်းမှာလဲ ဒီအတိုင်းပဲကျင့်သုံး ပါတယ်။ ဒါကြောင့် ဒီအဆိုက တိုင်းပြည်အတွက် အရေးကြီးတဲ့ အဆိုတစ်ခုဖြစ်ပါ တယ်''ဟု ရန်ကုန်တိုင်းမ် သတင်း စာသို့ ပြောသည်။ ယင်းအဆိုအား မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စား လှယ် ဒေါက် တာစောလှထွန်းက ကန့်ကွက်ခဲ့ ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ''ပွင့်ပွင့်လင်းလင်း ပြော ရရင် ခြသေ့င်္တံဆိပ် ဆိုတာပြည် ခိုင်ဖြိုးပါတီရဲ့ အမှတ်တံဆိပ်ဖြစ် တယ်။ နိုင်ငံတော် နဲ့ဆိုင်တဲ့တံဆိပ်က ပါတီတစ်ခုရဲ့အရိပ်နဲ့ငြိ စွန်းလို့ မသင့်တော်ပါဘူး။ ကျွန် တော့်အဆို ရှုံးခဲ့ပေမယ့် ပြည်သူ ရဲ့ တောင်းဆိုသံတွေဝေဖန်သံတွေ ကြားနေရတယ် ဆိုတော့ ဒီမိုကရေစီ တည်ဆောက်ရင် ငါ ထည့်ချင်တဲ့ပုံ ထည့်မယ်လို့လုပ်လို့မရတော့ပါဘူး။ ပြည်သူ့ဆန္ဒကိုထည့်တွက်ရမယ်။ ပြည်သူကတစိုက်မတ်မတ် တောင်းဆို ရင်တော့ မလွဲမသွေ လုပ်ပေးရမှာပဲ'' ဟု ပြောသည်။
လက်ရှိအသုံးပြုနေသောခြင်္သေ့ရုပ်နေရာတွင်ဗိုလ်ချုပ်ပုံထည့်သွင်းသည့်အဆိုနှင့်ပတ်သက်၍ ပြည်သူတစ်ဦး က''နိုင်ငံတကာကပိုက်ဆံတွေ ကိုကြည့်ရင် သူတို့နိုင်ငံရဲ့ လေးစားရ တဲ့ခေါင်း ဆောင်ပုံတွေကို ထည့်ထား တယ်။ ဒီနိုင်ငံတစ်ခုတည်း တိရစ္ဆာန်ပုံ ဖြစ်နေတာ။ ဒါကြောင့် ဗိုလ်ချုပ် ပုံထည့်မယ်ဆိုတာက ကန့်ကွက် စရာကိုမလိုပါဘူး''ဟု ပြောသည်။
စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အ စည်းအဝေး ပထမနေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်အမှတ် (၁)မှတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ်တတ် ရပ်ဆန္ဒပြုနည်းဖြင့် ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List