Saturday, October 05, 2013

ဈေးနှုန်းသင့်တင့် အမြင့်ဖုန်း Samsung Galaxy Ace 3

Saturday, October 5, 2013
၂၀၁၃ ခုနှစ် ဇွန်လကတည်းက စတင်ရောင်းချခဲ့တဲ့ Samsung Galaxy Ace 3 က နိုင်ငံစုံ ချက်ချင်း မရောက်ပါဘူ။ မြန်မာပြည်ဈေးကွက်မှာတော့ ရှိနေလောက်ပါပြီ။ Sasmugn Galaxy Ace , Ace Plue, Ace 2 ပြီးတော့ နောက်ဆုံးထွက်ရှိလာတဲ့ dual core processor သုံး 2G smartphone ဖြစ်ပါတယ်။
Galaxy Ace 2 ထပ်တစ်ဆင့်မြင့်တဲ့ ဈေးနှုန်းသင့်တင့် အဆင့်မြင့် စမတ်ဖုန်း ကြိုက်သူ များအတွက် ရွေးချယ်စရာ Galaxy စီးရီးတစ်လုံး ဖြစ်ပါတယ်။ ၄ လက်မ အရွယ် မျက်နှာပြင် 800x480 resolutoin အရည်အသွေး ရှိပြီး Processor က Dual-Core ဖြစ်ပါတယ်။ RAM က 1 GB ပါ။ OS အနေနဲ့ Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Samsung ရဲ့  Official Feature အတော်များများ ပါဝင်ပါတယ်။ ဥပမာ Smart stay, S Translator, S Travel, S Voice တို့လို Feature များပါဝင်လာမှု ဖြစ် ပါတယ်။ Internal storage က 8GB ရှိပြီး 5GB အသုံးပြုနိုင်ပါတယ်။ ကဒ် ဆိုက်ချင်သူများအတွက် 64 GB အထိexpend လုပ်ခွင့် ပေးထား ပါတယ်။ 

Photo: ဈေးနှုန်းသင့်တင့် အမြင့်ဖုန်း Samsung Galaxy Ace 3 

နောက်ကင်မရာ 5 Megapixel နဲ့ ရှေ့ ကင်မရာ VGA (0.3 MP) ပါရှိ ပါတယ်။ နိုင်ငံတကာမှာ ပေါက်ဈေး အမေရိကန်ဒေါ်လာ ၂၄၀ ဝန်းကျင် ရှိပြီး မြန်မာပြည်က Samsung Official Showroom တွေမှာလည်း သွားရောက် စုံစမ်း နိုင်ပါတယ်။ 
.
Ref: pocketlint
Aung Kham (TSJ Team)

.Ref: pocketlint
Aung Kham (TSJ Team)

No comments:

Post a Comment

My Blog List