Friday, October 04, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလလယ်၌ ရှမ်းတိုင်းရင်းသားစာရင်း ကောက်ယူမည်

Friday, October 4, 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှမ်းလူဦးရေစာရင်း ကောက်ယူမှုကို အောက်တိုဘာလလယ်ပိုင်းမှ စတင်ေ ကာက်ယူသွားမည် ဖြစ်သည်ဟု ရှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီမှ သိရသည်။
“အခုက ကျွန်တော်တို့ နှိုးဆော်ထားတာပဲရှိသေးတယ်၊ ကလေးတွေကို Training ပေးနေတာပဲရှိသေးတယ်၊ ဒီလလယ်လောက်မှပဲ လုပ်ငန်းတွေ စနိုင်မယ်” ဟု ရှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီဥက္ကဌ ဦးစိုင်းကျောက်တစ်က ပြောသည်။ အဆိုပါကော်မတီအနေဖြင့် ရှမ်းလူဦးရေစာရင်းကို ကောက်ယူ ရခြင်းမှာ ၂၀၁၄ ခုနှစ်၌နိုင်ငံတော်မှ ကောက်ခံမည့် သန်းခေါင်စာရင်းကို အထောက်အကူပြုနိုင်ရန် အတွက် ကောက်ယူထားခြင်းဖြစ်သည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁)၊ ပုဒ်မ(၁၅)၌လည်း လျော်ကန်သင့်မြတ်သော် လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက်သက်ဆိုင်ရာတိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဥပဒေပြုရေးတွင်ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များပါဝင်ခွင့်ရှိသည်ဟုပါရှိသည့်အတွက် ရှမ်း လူမျိုးများ အနေဖြင့် အခွင့်အရေးတစ်ရပ်ရရှိနိုင်ကြောင်း ဦးစိုင်းကျောက်တစ်က ဆိုသည်။ “တကယ်လို့ ဒီရန်ကုန်တိုင်းဒေသကြီးက လူဦးရေက ၀ ဒသမ ၀၁ ရာနှုန်း (ခြောက်သောင်း) ၊တကယ်လို့ သန်းခြောက်ဆယ်မှာ လူဦးရေ ခြောက်သောင်းလောက်ရှိတယ်ဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါးလည်း ရနိုင်တဲ့ အနေအထားလည်းရှိတာပေါ့နော် အဲ့ဒါတွေလည်း တကယ်လို့ ပြည့်မှီတယ်ဆိုရင်တော့ ရှမ်းလူမျိုးအတွက် အခွင့်အရေးတစ်ခုရှိတာပေါ့နော်” ဟု ၄င်းက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှမ်းလူဦးရေနှစ်သောင်း နှစ်ထောင်ကျော်သာ ရှိခဲ့ကြောင်း၊ယခုအချိန် တွင် တစ်သိန်းခွဲခန့်ရှိနေပြီဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။
“ရှမ်းလူမျိုးကတော့ တစ်သိန်းခွဲလောက်တော့ ရှိမယ်ဗျ၊ ဒါကတော့ ကောက်ပြီးမှပဲသိမယ်ဗျ။ ဘယ်အချက်ကို ကြည့်ပြီး ပြောသလဲဆိုတော့ တိုက်ကြီးက ရှမ်းရွာတွေ၊ တွံတေးက ရှမ်းရွာတွေ၊ နောက် ဒီမှာရှမ်းဘုန်းကြီးေ ကျာင်းတွေကို အခြေခံပြီးတော့ ကျွန်တော်တို့ ခန့်မှန်းကြည့်တာပါ။” ဟု ဦးစိုင်းကျောက်တစ်က ပြောသည်။
ထိုကဲ့သို့ ရှမ်းလူဦးရေစာရင်းကောက်ခံလျှင်မူ ရှမ်းဗမာတစ်ဦးဖြစ်သည့် လူငယ်တစ်ဦးက ဗမာဟုသာ နာမည်စာရင်းပေး မိမည်ဖြစ်သည်ဟု ၄င်းအမြင်ကို ယခုကဲ့သို့ဆိုသည်။
“ကျွန်တော်ကတော့ ရှမ်းတစ်ဝက်၊ ဗမာတစ်ဝက်ဆိုပေမယ့် နိုင်ငံရေးအခြေအနေကပြောလို့ရတာ မဟုတ်ေ တာ့ ဗမာလို့ပဲ စာရင်းပေးမိမှာပါ။”ဟု ကမာရွတ်မြို့နယ်တွင်းနေထိုင်သည့် လူငယ်တစ်ဦးကပြောသည်။
အဆိုပါရှမ်းလူဦးရေစာရင်းအမှန်ကောက်ယူမှုကော်မတီကို သြဂုတ်၁၇ရက်တွင် ရန်ကုန်မြို့ ကိုးမိုင်ရှမ်းေ ကျာင်း၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်သည့် ရှမ်းလူမျိုးများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အလားတူရှမ်းပြည်နယ်(မြောက်ပိုင်း)၌ လူဦးရေစာရင်းကောက်ယူနိုင်ရေး ပြီးခဲ့သည့် စက်တင်ဘာလကုန် ပိုင်းက လားရှိုးမြို့၌ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သေးသည်။
ရှမ်းလူမျိုးများနည်းတူ မွန်တိုင်းရင်းသားများအနေဖြင့်လည်း မွန်တိုင်းရင်းသားလူဦးရေစာရင်းကောက်ယူရန် စက်တင်ဘာလ အတွင်းက ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
Myit Ma Kha Media Group

No comments:

Post a Comment

My Blog List