Tuesday, October 01, 2013

တရုတ်အစိုးရက ဆိုလာကုမ္ပဏီများအား အခွန်လျှော့ငွေပြန်အမ်း

Tuesday, October 1, 2013
တရုတ်နိုင်ငံက ဆိုလာစွမ်းအင်ထုတ်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများအား စည်းကျပ်ခွန် လျှော့ငွေပေးအပ် ခဲ့ကြောင်း သိရ သည်။ ယင်းသည် လေထုညစ်ညမ်းမှုပမာဏ လျှော့ချရန်နှင့် လုပ်ငန်းနှင့်ပတ်သက်၍ ရုန်း ကန်နေရသောကုမ္ပဏီများကို ကျားကန် ပေးရန် ကြိုးပမ်းမှုလည်းဖြစ်သည်။
ဆိုလာစွမ်းအင်ထုတ်ကုန် ထုတ်လုပ်သည့်ကုမ္ပဏီများအနေ နှင့် ၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ရက်အထိ ပေါင်းထည့်ထား သော အခွန်စည်းကျပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၅ဝ ကို ပြန်အမ်းသွား မည်ဖြစ်ကြောင်း စင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ ဆို လာစွမ်းအင်ထုတ်ကုန် လုပ်ငန်းမှာဝယ်လိုအားနည်းမှုနှင့် ကုန်သွယ်ရေးအငြင်းပွားမှုများအပြင်လိုအပ်သည်ထက်ပို၍ ကုန်ပစ္စည်း များ ပိုလျှံထုတ်လုပ်မှုကြောင့် ကုမ္ပဏီများကို အကြီးအကျယ် ကြွေးတင်စေခဲ့ကြောင်း သိရသည်။ စင်ဟွာသတင်းအေဂျင်စီ၏ အဆိုအရတရုတ်နိုင်ငံ၏ ထိပ်တန်းဆိုလာပြားထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီ ၁ဝ ခု၏ ကြွေးမြီစုစုပေါင်းမှာ ယွမ်ဘီလီယံ၁၀၀ ရှိသည်ဟု သိရသည်။ ယခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံ မှ ကမ္ဘာ့အကြီးမားဆုံး ဆိုလာပြား ထုတ်လုပ်သည့်ကုမ္ပဏီ Suntech Power ကုမ္ပဏီသည် ကြွေးမြီ ဆပ်ရန် ပျက်ကွက်နေကြောင်း သိရသည်။
အစိုးရ၏ ကူညီထောက်ပံ့မှုကို ရရှိနေသော်လည်း တရုတ်နိုင်ငံ၏ ဆိုလာပြားထုတ်လုပ်သည့်ကုမ္ပဏီများမှာ ဆိုးရွားသောအခြေအနေနှင့်ရင်ဆိုင်နေရဆဲရှိသည်ဟုဆိုသည်။ဆိုလာပြားဈေးကွက်တွင်တရုတ်ကုမ္ပဏီတို့၏ အဓိကအခန်းကဏ္ဍမှထိုးဖောက်ဝင်ရောက်လာမှုနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ ကုမ္ပဏီများကဝေဖန်ပြစ်တင်လျက်ရှိသကဲ့သို့တရုတ်ကုမ္ပဏီတို့ကတရုတ်အစိုးရ၏ ငွေကြေးထောက်ပံ့ မှု အကူအညီဖြင့် သင့်တင့်သောဈေးနှုန်းထက်ပိုမိုလျှော့ချ၍ ရောင်းချနေသည်ဟုလည်း စွပ်စွဲမှုများရှိနေ ခဲ့သည်။ တရုတ်နိုင်ငံ ကမူ စွပ်စွဲမှုများကို ငြင်းဆန်ခဲ့ ကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment

My Blog List