Friday, October 04, 2013

ကွမ်းသီးများတွင် ကန့်အသုံးပြုခြင်းကြောင့် ကင်ဆာဖြစ်နိုင်

Friday, October 4, 2013
ကွမ်းသီးများကို အဖန်ဓာတ်နှင့် အခါးဓာတ်များ လျော့နည်းစေရန် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ကန့်များဖြင့် စိမ်ခြင်း၊ ပေါင်းခြင်းများပြုလုပ်သောကြောင့်ကင်ဆာရောဂါ ဖြစ်နိုင်ကြောင်း အောက်တိုဘာ ၁ ရက်တွင် မြန် မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထိုကဲ့သို့ ကွမ်းသီးများအား ကန့်ဖြင့် စိမ်ခြင်း၊ ပေါင်းခြင်းများ ပြုလုပ်၍ ရေပြန်ဆေးခြင်း၊ ရေနွေးဖြင့် ဆေးခြင်း များပြုလုပ်သော်လည်းဓာတ်ကြွင်းကျန်များကြောင့်ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါများ ဖြစ်စေနိုင်ကြောင်း၊ ကွမ်းသီးများကို ကန့်ဖြင့်စိမ်ရုံသာမက မှိုမတက်စေရန် မှိုသတ်ဆေးများ အသုံးပြုခြင်းများ တွေ့ရှိ ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
Photo: ကွမ်းသီးများတွင် ကန့်အသုံးပြုခြင်းကြောင့် ကင်ဆာဖြစ်နိုင်
Friday, October 4, 2013

ကွမ်းသီးများကို အဖန်ဓာတ်နှင့် အခါးဓာတ်များ လျော့နည်းစေရန် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ကန့်များဖြင့် စိမ်ခြင်း၊ ပေါင်းခြင်းများ ပြုလုပ်သောကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ကြောင်း အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထိုကဲ့သို့ ကွမ်းသီးများအား ကန့်ဖြင့် စိမ်ခြင်း၊ ပေါင်းခြင်းများ ပြုလုပ်၍ ရေပြန်ဆေးခြင်း၊ ရေနွေးဖြင့် ဆေးခြင်းများ ပြုလုပ်သော်လည်း ဓာတ်ကြွင်းကျန်များကြောင့် ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါများ ဖြစ်စေနိုင်ကြောင်း၊ ကွမ်းသီးများကို ကန့်ဖြင့်စိမ်ရုံသာမက မှိုမတက်စေရန် မှိုသတ်ဆေးများ အသုံးပြုခြင်းများ တွေ့ရှိ ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကွမ်းသီးကို ကန့်စိမ်ရုံတင် မဟုတ်ဘဲ မှိုမတက်အောင် မှိုသတ်ဆေးတွေနဲ့လည်း စိမ်တယ်။ ကွမ်းသီးများ ကိုပါမက ကွမ်းရွက်တွေကိုလည်း ပိုးသတ်ဆေးတွေ နဲ့ ဖြန်းတယ်၊ ဆေးဖျန်းပြီး နှစ်ရက်လောက်နဲ့ ဈေးကွက်ထဲကို ပို့တယ်။… နောက် ကွမ်းစားဆေးတွေကလည်း တရားဝင်သွင်းတာ မဟုတ်ဘူး။ အဲ့ဒါတွေကို ကြာကြာစားရင် ကင်ဆာဖြစ်စေနိုင်တယ်”ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကွမ်းစားမှု အများဆုံးဖြစ်ပြီး အိနိ္ဒယနိုင်ငံသည် ဒုတိယ အများဆုံး ဖြစ်သည်။ မြန်မာနိုင်ငံ၌ လူဦးရေသန်း ၃၀ ကျော်သည် ကွမ်းစား သူများဖြစ်ပြီး အဖြစ်များသော ရောဂါသည် ခံတွင်းကင်ဆာ ဖြစ်သည်။

ဂေါ်ဖီထုပ်တွင် ပင်လုံးပျံ့ ပိုးသတ်ဆေး၊ ငရုတ်သီးတွင် ဆိုးဆေး၊ မှိုသတ်ဆေး၊ မျှစ်တွင် ဆိုးဆေး၊ အရောင်ချွတ်ဆေးနှင့် အချိုမှုန့်နှင့် ကြက်သားမှုန့်များတွင် ဆိုဒီယမ်ကလိုရိုက် ပါဝင်ကြောင်းကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သြဂုတ် ၂၈ ရက်တွင် ရေချိုငါးပိများ စစ်ဆေးရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) သို့ ပေးပို့ထားပြီး စက်တင်ဘာ ၂၆ ရက်တွင် ရလဒ်အဖြေများ ပြန်လည်ပေးပို့ခဲ့ရာ ငါးပိတွင် ယူရီးယားဓာတ် ပါဝင်သော်လည်း  နို့တိုက်သတ္တ၀ါများ၏ အညစ်အကြေးတွင် ပါဝင်သည့် သဘာဝ ယူရီးယားဓာတ်နှင့် ယူရီးယား ဓာတ်မြေသြဇာတို့တွင် မည်သည့် ယူရီးယားဓာတ် ပါဝင်ကြောင်းကို တိကျစွာ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ချမ်းမြေ့ခိုင်

မြန်မာသံတော်ဆင့်
“ကွမ်းသီးကို ကန့်စိမ်ရုံတင် မဟုတ်ဘဲ မှိုမတက်အောင် မှိုသတ်ဆေးတွေနဲ့လည်း စိမ်တယ်။ ကွမ်းသီးများ ကိုပါမက ကွမ်းရွက်တွေကိုလည်း ပိုးသတ်ဆေးတွေ နဲ့ ဖြန်းတယ်၊ ဆေးဖျန်းပြီး နှစ်ရက်လောက်နဲ့ ဈေးကွက် ထဲကို ပို့တယ်။… နောက် ကွမ်းစားဆေးတွေကလည်း တရားဝင်သွင်းတာ မဟုတ်ဘူး။ အဲ့ဒါတွေကို ကြာကြာ စားရင် ကင်ဆာဖြစ်စေနိုင်တယ်”ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကွမ်းစားမှု အများဆုံးဖြစ်ပြီး အိနိ္ဒယနိုင်ငံသည် ဒုတိယအများဆုံး ဖြစ်သည်။ မြန်မာနိုင်ငံ၌ လူဦးရေသန်း ၃၀ ကျော်သည် ကွမ်းစား သူများဖြစ်ပြီး အဖြစ်များသော ရောဂါသည် ခံတွင်း ကင်ဆာ ဖြစ်သည်။ ဂေါ်ဖီထုပ် တွင် ပင်လုံးပျံ့ပိုးသတ်ဆေး၊ ငရုတ်သီးတွင်ဆိုးဆေး၊ မှိုသတ်ဆေး၊ မျှစ်တွင်ဆိုးဆေး၊ အရောင်ချွတ်ဆေးနှင့် အချိုမှုန့်နှင့် ကြက်သားမှုန့်များတွင် ဆိုဒီယမ်ကလိုရိုက်ပါဝင်ကြောင်းကို မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်း စစ်တမ်းများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သြဂုတ် ၂၈ ရက်တွင် ရေချိုငါးပိများ စစ်ဆေးရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) သို့ ပေးပို့ထားပြီး စက်တင်ဘာ ၂၆ ရက်တွင် ရလဒ်အဖြေများ ပြန်လည်ပေးပို့ခဲ့ရာ ငါးပိတွင် ယူရီးယားဓာတ် ပါဝင်သော်လည်း နို့တိုက်သတ္တ၀ါများ၏ အညစ်အကြေးတွင် ပါဝင်သည့် သဘာဝ ယူရီးယားဓာတ်နှင့် ယူရီးယား ဓာတ်မြေသြဇာတို့တွင် မည်သည့် ယူရီးယားဓာတ် ပါဝင်ကြောင်းကို တိကျစွာ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
 
ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်

No comments:

Post a Comment

My Blog List