Thursday, October 03, 2013

ဇနီးမောင်နှံနှစ်ဦး မီးမွှေးစဉ် ဓာတ်ဆီဘူးမီးလောင်ရာမှ မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီးသေဆုံး

Thursday, October 3, 2013
တရုတ်နိုင်ငံ၊ ရွှေလီမြို့ ၌ အလုပ်သွားလုပ်သော ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး မီးမွှေးစဉ် ဓာတ်ဆီဘူး မီးလောင်ရာမှ ကိုယ်ခန္ဓာအနှံ့ လောင်ကျွမ်းခဲ့ပြီး အမျိုးသမီးသေဆုံးသွားကြောင်း မူဆယ်မြို့နယ်ဆေးရုံကြီးမှ သတင်းရရှိသည်။““နှစ်ယောက်စလုံး မီးလောင်ဒဏ်ရာတွေ နဲ့ ဆေးရုံမှာလာတက်ခဲ့ပြီး အမျိုးသမီး က အောက်တို ဘာ ၁ ရက် ညက သေဆုံးသွားပါတယ်။ အမျိုးသားရဲ့ ဒဏ်ရာအခြေအနေကတော့ သက် သာနေပါပြီ””ဟု မူဆယ်မြို့နယ်ဆေးရုံကြီးမှ တာဝန်ကျဆရာမတစ်ဦးကပြောသည်။ မီးလောင်ဒဏ်ရာ ရရှိခဲ့သူ နှစ်ဦးမှာ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ နယ်၊ လွယ်လမ်ရွာနေ ဦးမိုင်းလုမ် အောင် ကျိုးနှင့် ဒေါ်ယေကမ် ဆိုသူတို့ဖြစ်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နေ့စားဖြင့် ခြံရှင်းအလုပ် လုပ်ကိုင်နေခြင်းဖြစ်သည်။စက်တင်ဘာ ၃၀ရက်က ရွှေလီမြို့ရှိ ၎င်းတို့နေထိုင်ရာ အလုပ်သမားတန်းလျားတွင် ထမင်းအိုးတည်ရန် ဓာတ်ဆီဘူးဖြင့်မီးမွှေးရာမှဓာတ်ဆီဘူးမှောက်ကာခန္ဓာကိုယ်အနှံ့မီးစွဲလောင်ခဲ့ခြင်းဖြစ်ကြောင်းလွယ်လမ်ရွာ မှ ၎င်းတို့၏ မိသားစုဝင်တစ်ဦးကပြောသည်။
““ဆေးကုစရာ ပိုက်ဆံမရှိတဲ့အတွက် ရွှေလီကဆေးရုံတွေက လက်မခံလို့ ဒီဘက်ကိုပြန်လာတင်ရတော့ လမ်းမှာတင် ဒဏ်ရာအခြေအနေက ဆိုးသွားတာပါ။ မူဆယ်ဆေးရုံမှာ သေဆုံးသွားတဲ့ အမျိုးသမီးမှာ ကလေး လေးယောက်ကျန်ခဲ့ပြီး နာရေးကိစ္စကို ရပ်ကွက်ကပဲ လုပ်ပေးနေပါတယ်””ဟု ၎င်းကပြောသည်။ရွှေ လီမြို့မှ တရုတ်လူမျိုးလုပ်ငန်းရှင်က မြန်မာကျပ်ငွေတစ်သိန်းခွဲနှင့်ညီမျှသောယွမ်ငွေတစ်ထောင်သာ ပေးအပ် ခဲ့ပြီးလျော်ကြေးအနေဖြင့်ပေးအပ်ခင်းမရှိကြောင်းသိရသည်။ ယင်းဖြစ်စဉ်မှာ တရုတ်နိုင်ငံ ရွှေလီမြို့၌ဖြစ်ပွား ခဲ့ခြင်းကြောင့် မူဆယ်နှင့် နမ့်ခမ်းမြို့နယ်ရဲစခန်းများတွင်အမှုလက်ခံစစ်ဆေးထားခြင်းမရှိကြောင်း သက်ဆိုင် ရာမြို့နယ်ရဲစခန်းများမှ သတင်းရရှိသည်။
7day daily

No comments:

Post a Comment

My Blog List