Monday, September 30, 2013

အခွန်ရှောင်တိမ်းခဲ့သည်ဟု စွပ်စွဲမှုဖြင့် တရားစွဲဆိုခံနေရသည့် မက်ဆီအား အပြစ်မရှိကြောင်း တရားရုံးမှဆုံးဖြတ်ချက်ချ

Monday, September 30, 2013
အခွန်ရှောင်တိမ်းခဲ့သည်ဟုစွပ်စွဲခံရပြီးတရားရင်ဆိုင်နေရသော ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီနှင့် ၎င်း၏ ဖခင်ဖြစ်သူတို့အား ပြီးခဲ့သည့် သောကြာနေ့က တရားရုံးတွင် ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ချက်ချမှတ်လိုက်သည်ဟု မက်ဆီ၏ ရှေ့နေဖြစ်သူက အတည်ပြုေ ပာကြားခဲ့သည်။အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ သုံးနှစ်တာကလ တွင် ရရှိသော ၀င်ငွေများမှ စပိန်နိုင်ငံတွင် ထမ်းဆောင်ရမည့် အခွန်များအား ရှောင်တိမ်းခဲ့ပြီး ၎င်းအနေဖြင့် အခွန်ရှောင်တိမ်းငွေမှာ ယူရိုလေးသန်းကျော်အထိရှိနေကြောင်း စပိန်နိုင်ငံမှ အမှုလိုက်အရာရှိတစ်ဦးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ မက်ဆီ၏အမှုကို စတင်ခဲ့သည့် အမှုလိုက်အရာရှိက မက်ဆီအနေဖြင့် ပြည်ပနိုင်ငံများတွင် ပုံရိပ်အသုံးပြု ရာမှ ရရှိခဲ့သောဝင်ငွေများအား စပိန်နိုင်ငံ၏ အခွန်ဆိုင်ရာ ဥပဒေများကို လိုက်နာခြင်းမရှိ ဘဲ ရှောင်လွှဲနေ ခဲ့သည်ဟု တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ တရားစွဲဆိုမှုမှာ ပြီးခဲ့သည့် ဇွန်လကတည်းက စတင် ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက ၎င်းတို့အနေဖြင့် အပြစ်ရှိသည့် တစ်စုံတစ်ရာမှ ပြုလုပ်ထားခြင်း မရှိကြောင်း မက်ဆီက ငြင်းဆိုထားခဲ့သည်။
ထို့ကြောင့် မက်ဆီနှင့် ဖခင်ဖြစ်သူတို့အား ကက်တလန်တရားရုံးမှ ပြီးခဲ့သည့်သောကြာနေ့က ခေါ်ယူခဲ့ပြီး လိုအပ်သည်များကို စုံစမ်းစစ်ဆေးခဲ့သည်။ သို့သော် စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးချိန်တွင် မက်ဆီတို့တွင် မည်သည့်အပြစ်မှမရှိကြောင်းနှင့်စွပ်စွဲတရားစွဲဆိုမှုများမှာမှန်ကန်မှုမရှိကြောင်း၎င်းတို့၏ ကိုယ်စားလှယ်ရှေ့ နေဖြစ်သူ ခရစ္စတိုဘယ်လ်မာတဲလ်က ပြောဆိုခဲ့သည်။
“ငွေရေးကြေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ အမှုသည်တွေမှာ ဘာပြစ်မှုမှမရှိဘူးဆိုတာ ကျွန်တော်အတည်ပြုပြောဆိုနိုင်ပါတယ်။ မက်ဆီ မိသားစုရဲ့ ညွှန်ကြားမှုအရ သူတို့မှာ ဘာအပြစ်မှ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောဆိုနိုင်ပါပြီ။ ကျွန်တော့်ရဲ့အမှုသည်တွေမှာ အခွန်ရှောင်တိမ်းမှုနဲ့ ပတ်သက်လို့ ဘာပြစ်မှုမှမရှိဘူးဆိုတာ ခိုင်ခိုင်မာမာသက် သေပြနိုင်ခဲ့ပါတယ်”ဟု မာတဲလ်က ပြောကြား ခဲ့သည်။ တစ်ဆက်တည်းမှာပင် မက်ဆီသည် ပြီးခဲ့သည့် ဘာစီလိုနာအသင်းက အယ်လ်မာရီးယား အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာ အသင်း သမိုင်းတစ်လျှောက် လာလီဂါသွင်းဂိုးအများဆုံးကစားသမားအဖြစ် ၂၂၃ ဂိုးဖြင့် မှတ်တမ်းသစ်ရေး ထိုးနိုင်ခဲ့သည်။ ထို့အပြင် ၎င်းသည် လာလီဂါသမိုင်းတွင်လည်း ဂိုးသွင်းအများဆုံးကစားသမားများထဲတွင် အဆင့် ငါးနေရာသို့ ရောက်ရှိလာပြီး သွင်းဂိုးအများဆုံးဖြစ်သည့် ဘီလ်ဘာအို ကစားသမားဟောင်း တယ်လ်မိုဇာရာ၏ သွင်းဂိုး ၂၅၁ ဂိုးကို လိုက်မီရန် သွင်းဂိုး ၂၈ ဂိုးသာ လိုအပ်တော့ကြောင်းသိရသည်။ မက်ဆီသည် အဝေးကွင်းတွင် သွင်းယူနိုင်ခဲ့သောဂိုးမှာလည်း သွင်းဂိုး ၁၀၀ အထိပြည့် မြောက်ခဲ့ပြီဖြစ်ပြီး အဝေးကွင်း သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေသည့် တိုက်စစ်မှူးဟောင်း ဟူဂိုဆန်းချက်ဇ်၏ သွင်းဂိုး ၉၉ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List