၂၈-၉-၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၊ ပြည်တွင်း ထွက်ခွာဆောင်တွင် ရန်ကုန်မူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ ၀င်များ တာဝန်ထမ်းဆောင်နေစဉ် X- Ray စက်တွင် ဖြတ်သန်းခဲ့သော အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်နေ ကျော်စွာဝင်း(၂၄)နှစ်၏ တီဗွီဂိမ်းစက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်သွင်းလာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်သေများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ အ၀ါရောင်တိပ်ဖြင့်ပတ်လျက် စိတ်ကြွရူးသွပ် ဆေးပြား(၂၀၀)ပြားစီ ပါ(၃)ထုပ်နှင့် (၁၉၈)ပြားပါ(၁)ထုပ်၊ စုစုပေါင်းဆေးပြား(၇၉၈)ပြား၊ အလေးချိန် (၇၉.၈)ဂရမ်၊ တန်ဘိုးငွေကျပ်(၃၃၉၀၀၀၀ိ/-)အား တွေ့ ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရအဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား
မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်နေ
နောင်တို(၄၃)နှစ်ထံ သွားရောက်ပို့ဆောင်ပေးရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း
သိရှိရ၍ အမှတ်(၃၄) မူးယစ်တပ်ဖွဲ့စု(ကော့သောင်း)နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ
၁၃၅၀ အချိန်တွင် နောင်တိုအား ဖမ်းဆီးရမိခဲ့ပြီး
ကျော်စွာဝင်းနှင့်နောင်တိုတို့ ၂ ဦးအား မင်္ဂလာဒုံမြို့မရဲစခန်း
မယ(ပ)၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။ရဲဇာနည်
No comments:
Post a Comment