Monday, September 30, 2013
ဂျပန် နိုင်ငံလုပ် အဲကွန်း RBE ရထားတွဲ ဆိုင်းဖြင့် မြို့ပတ်ရထား အောက် တိုဘာ ၅ရက် သို့မဟုတ် ၆ရက် တွင် စတင်ကာ ငွေကျပ်၄၀၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေးက ''ဒီ RBE ရထားတွဲတွေနဲ့ မြို့တစ်ပတ် ကို ဒီဇယ်ရ၅ဂါလန်ကုန်ပြီး မြို့တစ်ပတ်ရထားတစ်ခေါက်ပြေးရင်ကို ကျပ်တစ်သိန်း ရှုံးပါတယ်။ ဒီအတွက် ကာမိအောင် စီးနင်းခ ကျပ် ၄၀၀ ယူတာပါ''ဟု စက်တင်ဘာ ၂၉ ရက်ရန်ကုန်ဘူ တာကြီး စခန်းသာ ဧည့်ဂေဟာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးက ဆက်လက်ပြီး အဆိုပါ RBE ရထားတွဲဆိုင်းဖြင့် ရန်ကုန်-ကျိုက်ထိုခရီးစဉ် ပြေးဆွဲရာတွင် ကျပ် ၃၅၀၀ ကျသင့် ပြီး ယင်းခရီးစဉ်၏သုံးပုံတစ်ပုံခန့်ရှိသော ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတွင် ငွေကျပ် ၄၀၀ သာကောက်ခံထားကြောင်း၊ ရထားတွင်ပါဝင်သောဝန်ဆောင်မှုအားလုံးကိုစီးနင်းသူများအတွက် အပြည့်အ ဝ ပေးထားကြောင်း ပြောသည်။
အဆိုပါအဲကွန်းရထားတွဲဆိုင်းကိုတွဲငါးတွဲဖြင့်ပြေးဆွဲမည်ဖြစ်ပြီး
ရှေ့နောက်ရထားစက် ခေါင်းပါဝင်ကြောင်း၊ ထိုင်ခုံအရေအတွက် ၃၃၂ခုံနှင့်
တွဲတစ်တွဲလျှင်အဲကွန်းလေးလုံးပါဝင်ကြောင်း၊ အဆင့်မြင့်
သန့်စင်ခန်းများ ကို အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။ဂျပန် နိုင်ငံလုပ် အဲကွန်း RBE ရထားတွဲ ဆိုင်းဖြင့် မြို့ပတ်ရထား အောက် တိုဘာ ၅ရက် သို့မဟုတ် ၆ရက် တွင် စတင်ကာ ငွေကျပ်၄၀၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေးက ''ဒီ RBE ရထားတွဲတွေနဲ့ မြို့တစ်ပတ် ကို ဒီဇယ်ရ၅ဂါလန်ကုန်ပြီး မြို့တစ်ပတ်ရထားတစ်ခေါက်ပြေးရင်ကို ကျပ်တစ်သိန်း ရှုံးပါတယ်။ ဒီအတွက် ကာမိအောင် စီးနင်းခ ကျပ် ၄၀၀ ယူတာပါ''ဟု စက်တင်ဘာ ၂၉ ရက်ရန်ကုန်ဘူ တာကြီး စခန်းသာ ဧည့်ဂေဟာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးက ဆက်လက်ပြီး အဆိုပါ RBE ရထားတွဲဆိုင်းဖြင့် ရန်ကုန်-ကျိုက်ထိုခရီးစဉ် ပြေးဆွဲရာတွင် ကျပ် ၃၅၀၀ ကျသင့် ပြီး ယင်းခရီးစဉ်၏သုံးပုံတစ်ပုံခန့်ရှိသော ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတွင် ငွေကျပ် ၄၀၀ သာကောက်ခံထားကြောင်း၊ ရထားတွင်ပါဝင်သောဝန်ဆောင်မှုအားလုံးကိုစီးနင်းသူများအတွက် အပြည့်အ ဝ ပေးထားကြောင်း ပြောသည်။
ပြေးဆွဲမည့်ခရီးစဉ်များမှာ နံနက် ၆နာရီတွင် အင်းစိန်ဘူတာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန် ဘူတာကြီးသို့ နံနက် ရ နာရီ ၁၅မိနစ်တွင် ရောက်ရှိကာ ရန်ကုန်ဘူတာကြီးမှ နေ့စဉ်ခေါက် ရေ ရှစ်ခေါက် မြို့ပတ်ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။
လမ်းခရီးတွင် ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သမိုင်း၊ အင်းစိန်၊ ဒညင်းကုန်း၊ မင်္ဂလာဒုံ၊ ပုရွက် ဆိတ်ကုန်း၊ တံတားလေး၊ ကံဘဲ့၊ မလွှကုန်း၊ ပုဇွန်တောင်၊ ရန်ကုန်ဘူတာကြီး စသည့်ဘူတာ ၁၃ခုဖြင့် မြို့ပတ်သွားမည်ဖြစ်ပြီး အချိန်တစ်နာရီ ၁၅မိနစ်သာ ကြာမြင့်သည့်အတွက် ပုံမှန်ရထားများထက် မိနစ်၃ဝ အချိန် ကုန်သက်သာကြောင်း၊ မည်သည့်ဘူတာမဆိုစီးနင်းပါက ကလေး လူကြီးအပါအဝင် ငွေကျပ်၄၀၀ ကျသင့်မည်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည်များအတွက် ကန်ဒေါ်လာ နှစ်ဒေါ်လာကျသင့်မည်ဖြစ် ကြောင်း သိရသည်။
မြန်မာ့မီးရထား တိုင်းအ မှတ်(၇)မှ လက်ထောက်အထွေ ထွေမန်နေဂျာ ဦးကျော်ကျော်
မျိုးက''အဲကွန်းပါ RBE ရထား တွဲတွေနဲ့ မြို့ပတ်လမ်းမှာ ပြေး မယ်ဆိုရင်
ရထားငါးတွဲဆိုင်း တစ် ဆိုင်းဖြစ်မှာပါ။ လူဦးရေ ၃၀၀ ကျော်လောက် စီးနင်းနိုင်မယ်၊။ လက်ရှိကတစ်နေ့ကို ရထားတွဲ ဆိုင်း၂၁ ဆိုင်းနဲ့ ခေါက်ရေ ၂၀၀
လောက် ပြေးဆွဲနေတော့ ၂၂ ဆိုင်းနဲ့ ခေါက်ရေက၂၀၈ခေါက် ဖြစ်လာမယ်''ဟုပြောသည်။
မြို့ပတ်ရထားစီးနင်းသူ ဦးဇော်နီဝင်းက ''လူတိုင်းမြို့ပတ်ရထားကိုစီးဖို့ဆိုရင် မြို့နယ်တိုင်းမှာ ဘူတာစဉ် ရှိပြီးတော့ မြို့နယ်ဘတ်စ်ကားဂိတ်တွေနဲ့ ချိတ်ဆက် ပေးဖို့လိုတယ်။ ဒီလို အချိန်မှန်မှန် ပြေးဆွဲပြီး အလွယ် တကူစီး နင်းနိုင်တဲ့ နေရာရှိမယ်ဆိုရင် ပြည်သူတွေ စီးလာကြလိမ့်မယ်''ဟု ပြောသည်။
Yangon Media Group

No comments:
Post a Comment