Sunday, September 29, 2013
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊
ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့
ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့
တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ
သွားရောက်အဖမ်းခံတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့
သိရပါတယ်။ ရွာသားတွေတင်မကဘဲ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့
ရဲတပ်ဖွဲဝင်တွေကိုပါ စစ်ဆေးပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့
တရားလိုလုပ်မယ့် နေပြည်တော် ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်းက
ရဲအုပ်စိန်သောင်းက အခုလိုပြောပါတယ်။
“အခုရဲနဲ့ဖြစ်တယ်၊
ရဲတွေအိမ်ပေါ်တက်တယ်၊ ညအချိန်မတော်မှာလာတယ်၊ အဲအတိုင်းပဲ ဟုတ်ပြီ
ရဲကိုလည်းစစ်မယ်၊ အဲဒီစစ်တဲ့ဟာအားလုံးက ဥပဒေဝန်ထမ်းဆီရောက်သွားမယ်၊ ဒါတွေဟာ
အကုန်လုံးသိမယ်၊ ရဲအပြစ်ရှိမယ်၊ ရွာသားအပြစ်ရှိမယ်၊ ဘက်လိုက်လို့မရဘူး”
ဝဲကြီးရွာက ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာပါဝင်ခဲ့တဲ့
ဝဲကြီးရွာသား ကိုဇော်လတ်က ရွာသားတွေဖက်ကလည်း ပြန်လည်တရားစွဲသွားမယ်လို့ ပြောပါတယ်။
"ကျနော်အပါအဝင် လူ ၁ဝ ဦးက နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး
အမှုကိုပြန်ဖွင့်သွားမယ်၊ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီးတော့
စွပ်စွဲထားတာရှိပါတယ်၊ အပြစ်ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာကတော့
ကျနော်တို့ဘက်က အပြစ်ကျူးလွန်ရင် ကျနော်တို့ဘက်က ရဲရဲခံသွားမှာပါ၊
သက်ဆိုင်ရာဘက်ကပဲဖြစ်ဖြစ် ကျေးရွာထဲက လှုံ့ဆော်ပြီးလုပ်တဲ့လူပဲဖြစ်ဖြစ်
သူတို့ဘက်က အပြစ်ကျူးလွန်ရင်လည်း တရားဥပဒေကို ကျောသားရင်သားမခွဲခြားပဲ
လုပ်ဆောင်ပေးပါလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်"
အစိုးရ
သတင်းစာတိုက်တွေနဲ့ ပုံနှိပ်တိုက်တွေ ဆောက်လုပ်ဖို့အတွက် နေပြည်တော်
ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာနားက လယ်ယာမြေဧက ၅ဝဝကျော်ကို ပြီးခဲ့တဲ့
၂ဝဝ၈၊ ၂ဝဝ၉ ခုနှစ်လောက်က ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီလယ်ယာမြေတွေပေါ်မှာ စိုက်ထားတဲ့ ယူကလစ်ပင်တွေကို ဝင်ရောက်ခုတ်ခဲ့တဲ့
ဝဲကြီးရွာသား ၆ ယောက်ကို ဇေယျာသီရိမြို့နယ် ရဲစခန်းက အမှုဖွင့်ထားခဲ့ပြီး
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က ဝဲကြီးရွာမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စဉ်
ပဋိပက္ခဖြစ်ခဲ့တာပါ။
ကိုဇော်လတ်နဲ့ ရွာသား ၁ဝ ယောက်ဟာ စက်တင်ဘာလ ၁၉
ရက်နေ့ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီးကတည်းက တိမ်းရှောင်နေခဲ့ပြီး ဒီနေ့
ကျည်တောင်ကန်ရဲစခန်းမှာ အဖမ်းခံခဲ့တာပါ။
RFA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment