Sunday, September 29, 2013
ရန်ကုန်-နေပြည်တော်-မန္တလေးတို့တွင် ဆီးဂိမ်းပြိုင်ပွဲအတွက် ဟိုတယ်အလုံးပေါင်း ၈၆ လုံးမှ အခန်းပေါင်း ၇၀၀၀ ကျော် ထားရှိမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ကြိုတင်ပြင်ဆင်ထားရှိသော အခန်းပေါင်း ၇၀၀၀ ကျော်တွင်
ဆီးဂိမ်းပြိုင်ပွဲဝင်မည့် နိုင်ငံများမှ လာရောက်မည့် VIP၊ ဒိုင်များနှင့်
အားကစား အဖွဲ့ဝင်များ အတွက်ဖြစ်ကြောင်း၊ ယင်းအပြင် လာရောက်ကြည့်ရှုမည့်
နိုင်ငံခြားသားများ အတွက်ပါ အရန်ဟိုတယ်များ ထည့်သွင်းပြင်ဆင်ထားကြောင်း
သိရသည်။"အခုနောက်ဆုံး အခြေအနေမှာတော့ နေပြည်တော်၊ ရန်ကုန်ကို အဓိကထားပြီးတော့ အခန်းတွေကို ကြိုတင်ပြင်ဆင်ထားတယ်။
မန္တလေးမှာတော့ သိပ်ပြီးတော့ အခက်အခဲ မတွေ့ကြုံနိုင်ဘူး။
ငွေဆောင်မှာဆိုလည်း ရွက်လှေအားကစား တစ်ခုပဲ ရှိတာဆိုတော့ ဟိုတယ်အတွက်
သိပ်ပြီးတော့ အခက်အခဲ မရှိပါဘူး" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကောင်းထွဋ်က ပြောကြားသည်။
ဆီးဂိမ်းပြိုင်ပွဲ ဟိုတယ်အခန်းရေ အဓိက အခက်အခဲ ကြုံတွေ့နိုင်သော
နေပြည်တော်တွင် ဟိုတယ် ၅၃ လုံးနှင့် အခန်းအရေအတွက် ၂၁၁၆ ခန်း
ရှိမည်ဖြစ်ပြီး အရန်အခန်းမှာ ၂၀၂၉ ခန်းပါ ထားရှိသွားမည်ဖြစ်ကြောင်း၊
ရန်ကုန်တွင် Sedona, Trader ဟိုတယ်များ အပါအ၀င် ဟိုတယ်အလုံးပေါင်း ၃၃
လုံးရှိ အရန်အခန်းများ အပါအ၀င် ၁၀၂၆ ခန်း ထားရှိမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတွင်မူ နိုင်ငံတစ်နိုင်ငံ ချင်းစီအလိုက် ဟိုတယ်လုံးချင်းအလိုက်
စီစဉ်ထားပြီး အရန်အခန်းအဖြစ် ၂၅၀ ကျော် ရှိမည်ဖြစ်ကြောင်း ဟိုတယ်နှင့်
ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ယင်းအပြင်
ဆီးဂိမ်းပြိုင်ပွဲအတွင်း နိုင်ငံခြားသားများတည်မည့် ဟိုတယ်များကို
အဆင့်မြှင့်တင်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ
ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ မြန်မာနိုင်ငံရှိ ဟိုတယ်အများစု၏
အခန်းခ မြင့်တက်နေမှုကို ဆီးဂိမ်းကာလအတွင်း လျှော့ချမှုများ ပြုလုပ်ရန်
ထုတ်ပြန်ထားပြီး နိုင်ငံခြားသား ခရီးသွား ဧည့်သည်တစ်ဦးလျှင် တစ်နေ့အခန်းခ
ဒေါ်လာ ၅၀ နှုန်းသာ ကောက်ခံရန် အသိပေးထားသည်။
eleven media group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment