Sunday, September 29, 2013
တရုတ်နိုင်ငံသည် ရှန်ဟိုင်းမြို့ စီးပွားရေးအချက်အချက်အချာနေရာတွင်
လွတ်လပ်စွာကုန်သွယ်ခွင့်ရှိသည့် ၂၉ စတုရန်းကီလိုမီတာ( ၁၁ စတုရန်းမိုင်)
ကျယ်ဝန်းသည့် ဇုန်တစ်ခုကို တနင်္ဂနွေနေ့တွင် ဖွင့်လှစ်လိုက်ပြီ
ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာ ရှင်ဟွာတွင် ဖော်ပြပါရှိသည်။ ၎င်းဇုန်တွင် တရုတ်ငွေကြေး ယွမ်ငွေကို လွတ်လပ်စွာ လဲလှယ်နိုင်ခွင့်ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အစိုးရအဖွဲ့ သောကြာနေ့က ထုတ်ပြန်သည့်
ထုတ်ပြန်ချက် တစ်ခုတွင်ပါရှိပြီး ၎င်းဇုန်အတွင်းတွင် ဈေးကွက်အလိုက်
အတိုးနှုန်းထားများကိုလည်း စမ်းသပ်လုပ်ဆောင်မည်ဖြစ်ရာ တရုတ်နိုင်ငံ၏
စီးပွားရေးအတွက် အကြီးစား ပြောင်းလဲမှုအဖြစ် ကျွမ်းကျင်သူများကမြင်ကြကြောင်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတင်းကျပ်ထားသည်ကိုလည်း ဇုန်အတွင်းတွင်လျှော့ပေါ့ထားမည်ဖြစ်ပြီး ဘဏ္ဍာရေးနှင့် သင်္ဘောနှင့်ကုန်ပို့ဆောင်မှုများမှစ၍ ယဉ်ကျေးမှုဝန်ဆောင်မှုများထိပါဝင်သည့် ဝန်ဆောင်မှုကဏ္ဍ ၁၈ ခုကိုလည်း ထိန်းချုပ်မှုဖြေလျှော့ပေးမည်ဖြစ်သည်။ ဇုန်ဖွင့်လှစ်မှုမတိုင်မီ လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီများ၏ ရှယ်ယာဈေးများ တက်လာခဲ့ပြီး အိမ်ဈေး၊
မြေဈေးတို့ တက်လာကြောင်း ဆင်ဟွာတွင် ပါရှိသည်။ ယင်းဇုန်ကို တရုတ်ဝန်ကြီးချုပ် လီကီးကိုင်က တွန်းအားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ နောက်ပိုင်း နိုင်ငံတစ်ဝှမ်းတွင်လုပ်ဆောင်မည့် ပုံစံတစ်ခုဖြစ်
လိမ့်မည်ဟု မျှော်လင့်နေကြောင်း ကျွမ်းကျင်သူများနှင့် အစိုးရအရာရှိများကပြောကြားသည်။
Ref:AFP
The Myanma Age
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
7 months ago
No comments:
Post a Comment