Tuesday, February 04, 2020

အရှုံးပေါ်နေတဲ့(YUPT)ကုမ္မဏီအစုရှယ်ယာတွေ ပြန်ထုတ်ပေးဖို့တောင်းဆို၊ နစ်နာမှုအတွက် တာဝန်ရှိသူ‌‌ ‌ တွေကို တရားစွဲမယ်

Image may contain: 3 peopleImage may contain: one or more people and crowd
အရှုံးပေါ်နေတဲ့ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်တဲ့ (YUPT)ကုမ္မဏီလီမိတက်မှ အစုရှယ်ယာရှင်တွေ က၎င်းတို့ရဲ့ရှယ်ယာတွေကို ပြန်ထုတ်ပေးဖို့တောင်းဆိုနေပြီး နစ်နာမှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲမယ်လို့လည်း ပြောဆိုနေပါတယ်။

"ကျွန်‌ တော်တို့က မူလရှယ်ယာ ရှင်တွေပါ ၊ ဒီ(YUPT)ကုမဏီ ကိုတည်ထောင်တဲ့ သူက ကျွန်တော်တို့ စီကိုလာပြီး (၃၅)ဘီလီယံ အပေါင်း (၄)ဘီလီယံ လာပြီးရင်းနှီး မြုပ်နှံတယ် ၊ အဲ့ဒါ အစိုးရကို ကျွန်တော်တိုက သွားဝင်တာ မဟုတ်ပါဘူး ၊ သူတို့က ကျွန်တော်တို့ထဲကို ဘီလီယံ နဲ့ချီပြီး အရင်းအနှီး လာထည့်တာပါ ၊ အခုရှုံးနေပါပြီ ဒါဟာ လုပ်ငန်စဥ် အရ အရှုံး မဟုတ်ပါဘူး ၊ စီမံခန့်ခွဲ မှုလွဲ နေလို့ ဖြစ်တာပါ ၊ အစိုးရ အဖွဲ့ ကိုလည်း တင်ပြပြီးပါပြီ ၊ ကျွန်တော်တို့ အများပိုင်ရဲ့ငွေကြေး ၊ နိုင်ငံပိုင်ရဲ့ ငွေကြေးတွေကို စီမံခန့်ခွဲ တဲ့ နေရာမှာ မူဝါဒနဲ့အညီ ခန့်ခွဲ ရမှာဖြစ်ပါတယ် ၊ အခုဆိုရင် ကျွန်တော်တို့ ရှယ်ယာရှင် တွေက သူတို့ကို မယုံတော့ပါဘူး ၊ ယုံကြည်ချက် လည်း မရှိတော့ပါဘူး အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ရှယ်ယာ တွေကိုပြန်ထုတ်ပေးပါ လို့ ဒီနေရာကနေ တောင်းဆိုပါတယ် ''လို့(YUPT)ရဲ့အစု ရှယ်ယာရှင်တစ်ဦး ဖြစ်သူ ဦးထွန်းထွန်းဦးက ပြောပါတယ်။

ရန်ကုန်မြို့အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနဲ့ သက်ဆိုင်တဲ့ (YUPT)ကုမ္မဏီ လီမိတက်မှ ရှယ်ယာရှင်‌တွေအနေနဲ့ ဖေဖော်ဝါရီ လ ၄ ရက်က ရန်ကုန်မြို့၊ အိုလံပစ်တာဝါ ၊(myanmar press freedom center) မှာ၄င်းတို့ရဲ့နစ်နာမှုအတွက်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။
ဆက်လက်ပြီး အစုရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ဦးတင်ထွန်းက"ကျွန်တော်တို့က ယုံကြည်မှု့ မရှိတော့ပါဘူး ၊ သူတို့ပြောကြားထားတဲ့ ကိစ္စ တွေ ကိုလည်းယနေ့ အထိ လာရောက်ဖြေရှင်း ဆောင်ရွက်ခြင်း လည်း မရှိပါဘူး ၊ တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ ဒီလူကြီးတွေကို မီဒီယာကနေတစ်ဆင့်တောင်းဆိုပါတယ်။ ကျွန်တော်တို့ရှယ်ယာတွေပြန်ထုတ်ပေးပါ"လို့ ပြောပါတယ်။

လက်ရှိမှာ YUPTလုပ်ငန်းတစ်ခုလုံးရဲ့ပိုင်ဆိုင်မှုကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က (၈၆)ရာခိုင်နှုန်းရှယ်ယာထည့်ဝင်ပိုင်ဆိုင်ထားပြီး(၁၄)ရာခိုင်နှုန်းသာ ရှယ်ယာရှင်များရဲ့ထည့်ဝင်ငွေဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ နစ်နာမှုအတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုသွားမှာပါ"လို့ ရှယ်ယာရှင် ဦးထိန်ဝင်းကပြောပါတယ်။
အဲဒီရှယ်ယာ‌တွေကိုပြန်လည်ထုတ်မပေးရင် ဆန္ဒထုတ်ဖော်သွားမှာဖြစ်ပြီး သက်ဆိုင်ရာဌာနအဆင့်ဆင့်ကိုတိုင်ကြားသွားမယ်လို့ ရှယ်ယာရှင်များရဲ့ ပြောကြားချက်အရသိရပါတယ်။
တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ YRTA ကားအသစ် အစီး၅၀၀ အနက်မှ လက်ရှိမှာ အစီး၂၀၀နီးပါးပျက်စီးနေသောကြောင့် ရပ်နားထားရတယ်လို့ လည်း YUPT ကုမ္ပဏီရှယ်ယာရှင်များရဲ့ ပြောစကားများ အရ သိရပါတယ်။
ငှက်ခါး၊ ရွှေဇင်

No comments:

Post a Comment

My Blog List