Tuesday, February 04, 2020

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါသက်သာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၃၂ ဦးရှိလာ

Image may contain: one or more people and people standingImage may contain: 1 person, standing
တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံး ဆင်းခွင့်ရရှိခဲ့သည့် လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းအထိ စုစုပေါင်း ၆၃၂ ဦးရှိသွားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်တွင် ဆေးရုံးအသီးသီးမှ ဆင်းခွင့်ရသော လူနာပေါင်း ၁၅၇ ဦးရှိပြီး ယင်းတို့အနက် ၁၀၁ ဦးမှာ ဟူဖေပြည်နယ်အတွင်းမှ ဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသား ကျန်းမာရေးကော်မရှင်က(NHC) ၏ နေ့စဉ်အစီရင်ခံစာ အရသိရသည်။
ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းအထိ ရရှိသော စာရင်းဇယားများအရ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၂၅ ဦး နှင့် ရောဂါပိုးကူးစက်ခံရသူ ၂၀,၄၃၈ ဦး ရှိကြောင်း NHC က သတင်းထုတ်ပြန်ခဲ့ပြီး ကူးစက်ရောဂါအများဆုံးဖြစ်ပွားနေသော ပြည်နယ်များတွင် ရောဂါကာကွယ်ရေး နှင့် ကုသရေးကို အရှိန်အဟုန်မြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(Xinhua)
(Zawgyi Version)

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါသက်သာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၃၂ ဦးရှိလာ
ပေကျင်း ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံး ဆင်းခွင့်ရရှိခဲ့သည့် လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းအထိ စုစုပေါင်း ၆၃၂ ဦးရှိသွားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက်တွင် ဆေးရုံးအသီးသီးမှ ဆင်းခွင့်ရသော လူနာပေါင်း ၁၅၇ ဦးရှိပြီး ယင်းတို့အနက် ၁၀၁ ဦးမှာ ဟူဖေပြည်နယ်အတွင်းမှ ဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသား ကျန်းမာရေးကော်မရှင်က(NHC) ၏ နေ့စဉ်အစီရင်ခံစာ အရသိရသည်။
ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းအထိ ရရှိသော စာရင်းဇယားများအရ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၂၅ ဦး နှင့် ရောဂါပိုးကူးစက်ခံရသူ ၂၀,၄၃၈ ဦး ရှိကြောင်း NHC က သတင်းထုတ်ပြန်ခဲ့ပြီး ကူးစက်ရောဂါအများဆုံးဖြစ်ပွားနေသော ပြည်နယ်များတွင် ရောဂါကာကွယ်ရေး နှင့် ကုသရေးကို အရှိန်အဟုန်မြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

No comments:

Post a Comment

My Blog List